တော်ဝင်ဆောက်လုပ်ရေး သိန်း ၅၀ အောက် တန်ဖိုးနည်း ဆောက်ဖို့ ရှိ

javascript
တော်ဝင်ဆောက်လုပ်ရေးကုမဏီကနေ ရောင်းချပေးမယ့် ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းတိုက်ခန်းတွေကို မိသားစုတစ်စုတစ်ခန်းနှုန်းနဲ့ လိုအပ်နေသူတွေ ဝယ်ယူနိုင်အောင် ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ကျပ်သိန်း ၅၀ အောက် တိုက်ခန်းတွေကို တည်ဆောက်နိုင်ဖို့က ဘဏ်ချေးငွေနဲ့ မြေနေရာကို အစိုးရအကူအညီရဖို့လည်းလိုအပ်ပါတယ်။ ရည်ရွယ်ထားတာက လစဉ်ဝင်ငွေနည်းသူတွေ၊အခြေခံလူတန်းစားတွေကို အရစ်ကျစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်တယ်လို့တော်ဝင်ဆောက်လုပ်ရေး ကုမဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောပါတယ်။

အကောင်အထည်ဖော်ပြီးလို့ ရောင်း ချပေးတဲ့အခါမှာ ဝယ်ရောင်းသမားတွေ လက်ထဲမှာ အခန်းတွေကိုင်ထားလို့ မရအောင် မိသားစုတစ်စုကို တစ်ခန်းနှုန်းနဲ့ ရောင်းမှာဖြစ်တယ်လို့ သိရတယ်။ ဝယ်ယူတဲ့သူတွေကိုလည်း  လျှောက်လွှာတင်ပြီးမှဝယ်ယူလို့ ရတာမျိုးမဟုတ်ဘဲ အခုဝယ် အခု ရ ပုံစံနဲ့ ရောင်းချပေးမှာဖြစ်တယ်လို့ သိရတယ်။

Source: The Kumudra

Facebook comments