ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပုသိမ်မြို့နယ် ကိုးဆူကျေးရွာအုပ်စု ရန်ကုန်-ပုသိမ်ကားလမ်းအနီးရှိ ကိုးဆူ ကျေးရွာနေ ပြည်သူများအား ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ မြေငှားဂရန်စာချုပ် ပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက်က ကိုးဆူကျေးရွာ ရတနာပုံ ဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပုသိမ်မြို့နယ် အုပ်ချုပ် ရေးမှူး ဦးဇော်မင်းထွန်းက အမှာစကား ပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက ကျေးရွာမြေငှားဂရန်စာချုပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ ကိုးဆူကျေးရွာ မြေဧက ၉ ဒသမ ၅ဝ ပေါ်ရှိ အိမ်ခြေ ၇၈ လုံးကို လယ်ယာဥယျာဉ်ခြံမြေ များနှင့် လမ်းမကြီးဥပဒေနှင့် ငြိစွန်းမှု ကင်းလွတ်ခြင်း၊ ကန့်ကွက်မှုမရှိ၊ စည်းမျဉ်း ဥပဒေနှင့်ညီညွတ်သောအိမ်ခြံမြေ ၂၇ လုံးအား အကြိမ်ကြိမ်စစ်ဆေးပြီးမှ တာဝန်ရှိသူတို့က ဆုံးဖြတ်ချက်အရ ယခုလို မြေငှားဂရန်စာချုပ် စာတမ်းများ ကို ကျေးရွာပြည်သူများ လက်ဝယ် အရောက် ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
Source: MOI Webportal Myanmar
Facebook comments