ရန်ကုန်မြို့ပြင်ပမြို့နယ်များရှိ တန်ဖိုးသင့်မြေကွက်များ ဈေးကွက်ဖြစ်ထွန်းနေ

 

 

ရန်ကုန်မြို့ပြင်ပမြို့နယ်များရှိ တန်ဖိုးသင့်မြေကွက်များ ဈေးကွက်ဖြစ်ထွန်းနေ

 

ရန်ကုန်မြို့တွင်း အိမ်ခြံမြေတိုက်ခန်းအရောင်းအ၀ယ်ဈေးကွက်တွင် ရင်းနှီး

မြှုပ်နှံမှုအတွက်မဟုတ်သော အရောင်းအ၀ယ်အချို့ ဖြစ်လာသည့် အခြေ

အနေရှိကာ အရောင်းအ၀ယ်ဈေးကွက်အခြေအနေမှာ ၀ယ်ရောင်းရင်းနှီး

မြှုပ်နှံမှုဈေးကွက်အတွက်မဟုတ်ပဲ နေရာပတ်ဝန်းကျင်ကောင်း၍လည်းကောင်း၊

အမှန်တကယ်နေထိုင်လို၍လည်းကောင်း ကြိုက်ရောင်းကြိုက်ဝယ် ၀ယ်ယူမှု

အခြေအနေများ ဖြစ်ကြကြောင်းသိရသည်။ 

 

ဝယ်ရောင်းဈေးကွက်အတွက် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ရန်ကုန်မြို့ ပြင်ပ

မြို့နယ်များအနီး လမ်းပန်းဆက်သွယ်ရေးကောင်းသည့် အခြေအနေရှိကာ ထပ်မံ

ဖွံ့ဖြိုးလာနိုင်သော နေရာများအနီးရှိ တန်ဖိုးသင့် မြေကွက်များအား စိတ်ဝင်စားမှု

ပိုမိုရှိလာသည်ကို တွေ့ရကြောင်း အိမ်ခြံမြေအကျိုးဆောင်များမှ ပြောကြားသည်။

အရောင်းအ၀ယ်ဖြစ်မှုများအတွင်း ပုံစံ (၁၀၅) ကျပြီးသော ဈေးသင့် မြေကွက်များ

အား စိတ်ဝင်စားမှု ပိုမိုများပြားကာ ပုံစံ(၁၀၅ ဆိုသည်မှာ မြေစာရင်းဌာနမှ

ထုတ်ပေးသော ပုံစံတစ်ခုဖြစ်ပြီး လယ်ယာမြေ၊ ရွာမြေ၊ ဥယျာဉ်ခြံမြေ၊ ဂရန်မြေ

အမျိုးအစားများအား သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာန၏ နယ်နမိတ်အတွင်း

ရှိသည့် မြေအကျယ်အ၀န်းနှင့် အမျိုးအစားကို ဖော်ပြထားသည့် ပုံစံဖြစ်သည်။

 

အထူးသဖြင့် တိုက်ကြီးမြို့နယ်အတွင်း ဥယျာဉ်ခြံမြေများ အရောင်းအ၀ယ်ဖြစ်ကာ

ပုံစံ ( ၇ ) ထွက်ရှိပြီး တစ်ဧကလျှင် သိန်း ၃၀ နှင့်အထက် ပတ်ဝန်းကျင် ဈေးရှိကာ

ပုံစံ ( ၇ ) မထွက်ရှိသေးသော မြေ တစ်ဧကလျှင် ၁၅ သိန်းအောက် ၀န်းကျင်ဖြင့်

အရောင်းအ၀ယ်ရှိကြောင်း သိရသည်။ ထို့အပြင် ရန်ကုန် - ပုသိမ်လမ်းမကြီးအနီး

သဲဖြူကျေးရွာ ပတ်ဝန်းကျင်ရှိ မြေကွက်များလည်း အရောင်းအ၀ယ်ဖြစ်မှုများရှိကာ

ပေ ၂၀x၆၀ အကွက်များ နေရာအပေါ်မူတည်၍ ၁၅ သိန်းမှ သိန်း ၂၀ ကြား

ခေါ်ဆိုမှုများရှိနေပြီး အနောက်ပိုင်းတက္ကသိုလ်အနီး စည်ပင်သာကျေးရွာဘက်ရှိ

တိုးချဲ့မြေကွက်များကိုလည်း ၀ယ်ယူသူများပြားနေကာ ပုံစံ ( ၁၀၅ ) ကျပြီး

ပေ ၂၀x၆၀ တစ်ကွက်လျှင်သိန်း ၂၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း

Property.com.mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်း သိရှိရပါသည်။

 

Property Media Team

www.Property.com.mm

 

Facebook comments