HAGL ရဲ့ The Lake Suites ကွန်ဒို နှစ်ရှည်အရစ်ကျနဲ့ ရောင်းချမည်

javascript

HAGL ကထပ်မံရောင်းချသွားမယ့် The Lake Suites ကွန်ဒို တိုက်ခန်းတွေကို အရင်ကထက်မတူညီ တဲ့ အထူးသက်သာခွင့်တွေ ၊နှစ်ရှည်အရစ်ကျ ပုံစံတွေနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုရောင်းချမယ့် Tower III ကိုသုံးနှစ်အရစ်ကျပုံစံ ပထမအရစ် ၂၀ရာခိုင်နှုန်းသွင်းပြီး လစဉ်နှစ်ရာခိုင်နှုန်းသွင်းပုံစံနဲ့ ရောင်းချသွားမယ်၊
လက်ရှိဝယ်ယူမယ့်သူ တွေအတွက် ထူးခြားချက်က Discount တွေကိုလဲ ၀ယ်ယူတဲ့ အရစ်ကျပုံစံနဲ့ ခံစားခွင့်တွေပေးမှာ ဖြစ်သလို ပထမအရစ် ၂၀ ရာခိုင်နှုန်းနဲ့ နှစ်ရာခိုင်နှုန်းကို ၂၄ လအရစ်ကျနဲ့ ၆၈ ရာခိုင်နှုန်းပေးပြီးရင် ရပ်ထားလို့ ရပြီး ကျန်တာကို အခန်းအပ်မှ ပေးလို့ရတဲ့ အစီအစဉ်တွေ ပါဝင်တယ်လို့ HAGL ရဲ့ အရောင်းမန်နေဂျာ Mrs.Angelar ကပြောပါတယ်။

လက်ရှိအခန်းရောင်းချပြီးစီးမှုတွေကတော့ Tower I မှာ ၁၀၀ ရာခိုင်နှုန်းရောင်းချပြီးစီးနေပြီး Tower II မှာတော့ ၅၀ ရာခိုင်နှုန်းရောင်းချပြီးစီးနေပြီးဖြစ်ပါတယ်။ယခု Tower II ကိုတော့ ဇွန်လ ၂၅ ရက်နေ့က စတင်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Tower III ရဲ့ အခန်းအပ်နှံမှုကိုလာမယ့် ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်မှာဖြစ်ပြီး The Lake Suites တာဝါသုံးခုမှာ အခန်းပေါင်း ၆၆၆ ခန်းပါဝင်ပါတယ်။အခန်းမြင်ကွင် (View) အနေနဲ့ အင်လျားနဲ့ ရွှေတိဂုံဘုရားကို မြင်နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းတွေကတော့ တစ်စတုရန်းပေကို ကျပ် ၂၃၀၀၀၀ ကနေ ၃၀၀၀၀၀ အထိ ဈေးနှုန်းသတ်မှတ်ထားပါတယ်။

အခန်းအမျိုးအစားတွေကတော့ အိပ်ခန်းတစ်ခန်းပါ တိုက်ခန်းကနေ အိပ်ခန်းသုံးခန်းပါ လူနေတိုက်ခန်းအထိရွေးချယ်စရာပုံစံ လေးမျိုးခွဲခြားထားပါတယ်။ဝန်ဆောင်မှုတွေကတော့ ရေကူးကန်၊တင်းနစ်ကွင်း၊အသင်းအဖွဲ့ရဲ့ ကလေးရေကူးကန်၊ကစားကွင်းနဲ့ နားနေဆောင် စတာတွေလည်းပါဝင်ပါတယ်။

ဒါ့အပြင် The Lake Suites မှာ ငလျင်လှုပ်မှုကို ကာကွယ်ပေးနိုင်တဲ့ စနစ်နဲ့ အပြည်ပြည်ဆိုင်ရာ အန္တရယ်ကင်းရှင်းစေတဲ့ သင်္ကေတစနစ်တွေဖြစ်တဲ့ NFPA,SSCP တွေပါဝင်သလို ၂၄ နာရီ လုံခြုံရေးစနစ်တွေလည်း ပါဝင်ပါတယ်။

ဝယ်ယူသူတွေ အကျိုးခံစားခွင့်ရမယ့် အထူးသက်သာခွင့်တွေကတော့ တစ်နှစ်အတွင်း ၉၀ ရာခိုင်နှုန်းပေးချေတဲ့ငှားရမ်းသူတွေကို ခြောက်ရာခိုင်နှုန်းဒစ်စကောင့်နဲ့ နှစ်လအတွင်း ၉၀ရာခိုင်နှုန်း ပေးချေတဲ့ ငှားရမ်းသူတွေကို ၁၂ ရာခိုင်နှုန်း ဒစ်စကောင့်ပေးမှာ ဖြစ်ပါတယ်။

Source: The Kumudra

Facebook comments