မဏ္ဍပ်ဆောက်ရန် ခြံဝင်းငှားသည့် ပြည်လမ်းရှိ ခြံပိုင်ရှင်များအား အခွန်ကောက်မည်

javascript

 ပြည်လမ်းမတစ်လျှောက် သင်္ကြန်မဏ္ဍပ် တည်ဆောက်ရန် ခြံဝင်းများငှားရမ်းသည့် ခြံပိုင်ရှင် များထံမှ အခွန်ကောက်မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။


ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်တည်ဆောက်သူများက ခြံရှင်များနှင့် ညှိနှိုင်းငှားရမ်းပြီး ပြည်လမ်းမတစ်လျှောက် မဏ္ဍပ်များ တည်ဆောက်နေ၍ ခြံရှင်များအား အခွန်ကောက်ခံရန် ပြည်တွင်းအခွန်များဦးစီးဌာနက စီစဉ်နေခြင်းဖြစ်သည်။

‘‘ငှားရမ်းတာ ပေါ်ပေါက် တယ်ဆိုရင် ၀င်ငွေခွန်ကိုစည်းကြပ် မှာပါ။ သတင်းရတာနဲ့ မြို့နယ်ရုံး တွေက စစ်ဆေးမယ်။ ပြီးရင်ရုံးကို ခေါ်မယ်။ ထွက်ဆိုချက်တွေယူ မယ်။ ပြီးရင်ဝင်ငွေခွန် ကြေညာ လွှာကို အခွန်ဆောင်မယ့်သူကိုယ် တိုင်တင်သွင်းရမှာပါ’’ဟု ဦးကျော် စိုးလင်းက ပြောသည်။

အခွန်ကောက်ခံခြင်းကို မြို့ နယ်ရုံးများက သင်္ကြန်ကာလပြီးမှသာ စတင်ကွင်းဆင်းစစ်ဆေးမည် ဟု ဆိုသည်။

 ယခုနှစ်တွင် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့၌ တိုင်းအစိုးရက မဏ္ဍပ်ဆောက်ခွင့်မပြုသဖြင့် ပြည်လမ်းတစ်လျှောက်တွင် ခြံရှင်များနှင့်ညှိနှိုင်းပြီး မဏ္ဍပ်ကြီးများ တည်ဆောက်နေခြင်းဖြစ်သည်။

ပြည်လမ်းမတစ်လျှောက်ရှိ ခြံများသည် နေရာအကျယ်အ၀န်းပေါ်မူတည်၍ ကျပ်သိန်း ၁၅၀၀ မှ ၂၀၀၀ အထိပေးရပြီး ရက်ပိုင်းအ တွင်း ငှားရမ်းမှုမှာ ဆယ်ခြံခန့်ရှိ ကြောင်း မဏ္ဍပ်တည်ဆောက်သူ များက ခန့်မှန်းပြောကြားသည်။

မဏ္ဍပ်တည်ဆောက်သူ အ ချို့သည် ခြံပိုင်ရှင်များနှင့် ငွေပေး ငွေယူပြုလုပ်၍ စာချုပ်ချုပ်ဆိုမှု မရှိသော်လည်း အချို့ကမူ စာချုပ် စာတမ်းချုပ်ပြီး ငှားရမ်းသည့် မဏ္ဍပ်များလည်းရှိကြောင်း ပြည်လမ်းတွင် ကျပ်သိန်း ၁,၃၀၀ ပေး၍ မဏ္ဍပ်တည်ဆောက်ရန် စီစဉ်နေသူ ကန်ထရိုက် ကိုအောင်မြတ် လင်းကပြောသည်။

‘‘အခုခြံတွေ ငှားလို့မရတော့ ဘူး။ ကုန်သလောက်ရှိသွားပြီ။ ဆောက်ခွင့်မရတော့တဲ့ ကမ္ဘာ အေးဘုရားလမ်းနဲ့ ကန်ပတ်လမ်း မဏ္ဍပ်တွေ နေရာရွေ့လာတဲ့ သ ဘောပဲ’’ဟု ၎င်းကပြောသည်။

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ရန်ကုန်တိုင်းအစိုးရသစ်က စီးပွားရေးဆန်ဆန် မဏ္ဍပ်လက်မှတ် များရောင်းပြီး တည်ဆောက်သည့် မဏ္ဍပ်များကို ကန့်သတ်ခဲ့သဖြင့် နှစ်စဉ် မဏ္ဍပ်တည်ဆောက်နေသူ များက ပြင်းထန်စွာ ဝေဖန်ခဲ့ကြ သည်။

Source: 7daydaily

Facebook comments