**စက်မှုဇုန်မြေနေရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် လိုအပ်တဲ့အချက် (၇)ချက် **

**စက်မှုဇုန်မြေနေရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် လိုအပ်တဲ့အချက် (၇)ချက် **

စက်မှုဇုန်မြေနေရာမှာ လုပ်ငန်းလိုင်စင်လျှောက်ထားမယ်ဆိုရင် လိုအပ်တဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။

အွန်လိုင်းက လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့နေရာမှာ လုပ်ငန်းရှင်ဘက်က အချက်အလက် ခုနှစ်ချက်ကို လိုက်နာရပါမယ်။ လုပ်ငန်းအမျိုးအစားတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ခွင့်ပြုမိန့် လိုအပ်ချက်တွေကို ဖော်ပြပြီးတင်ပြရပါမယ်။ စက်မှုဇုန်ကော်မတီရဲ့ ထောက်ခံချက်နဲ့ အနီးဆုံး ပတ်ဝန်းကျင် (၁၀) ဦးရဲ့ ထောက်ခံချက် လိုအပ်ပါတယ်။

(၁)လုပ်ကိုင်တဲ့ လုပ်ငန်း တည်နေရာနဲ့ အထောက်အထား (ဥပမာ။   ။အငှားစာချုပ်)

(၂)လုပ်ငန်းရှင်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြား

(၃)နိုင်ငံခြားသားဖြစ်ရင် ပတ်စ်ပို့မိတ္တူ

(၄)လိုင်စင်ဓါတ်ပုံ သုံးပုံ

(၅)လုပ်ငန်းတည်နေရာရဲ့ မျက်နှာစာ၊

(၆)အတွင်း ဓါတ်ပုံ သုံးပုံ

(၇)လုပ်ငန်း တည်နေရာပြမြေပုံ၊ တခြားအထောက်အထားပြစာရွက်တွေ လိုအပ်ရင် ထပ်မံတင်ပြရပါမယ်။

ကွင်းဆင်းစစ်ဆေးမယ့်ရက်ကို အကြောင်းကြားမှာ ဖြစ်ပြီး အချက်အလက်ပြည့်စုံရင်တော့ အဲသည့် ရက်မှစပြီး နှစ်ပတ်အတွင်း(ရုံးပိတ်ရက်မပါ) လိုင်စင်ခွင့်ပြုကြောင်း အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။
ခွင့်ပြုချက်ရပြီး မြို့နယ်စည်ပင်ရုံးတွေမှာ ငွေပေးသွင်းပြီး လိုင်စင်ကတ်ပြားထုတ်ပေးသွားပါမယ်။
 
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုချက်နဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကိုတော့ အဆင်သင့် ခွင့်ပြုချက်ရပြီးမှသာ လုပ်ငန်းလိုင်စင် ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

#credit to original writer

Facebook comments