ငှားရမ်းခများ တင်းကျပ်ကောက်ခံတော့မည့် ကြော်ငြာဘုတ်လုပ်ငန်း

javascript

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ စည်ပင်သာယာပိုင် ၄၅ ပေ ၊ ၁၅ ပေ ကြော်ငြာဆိုင်းဘုတ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ပြန်လည်ငှားရမ်းရာတွင် ငွေချက်ချင်းပေးချေသည့်စနစ်ဖြင့် ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီထံမှ သိရသည်။  

ယခင်က မဲနှိုက်စနစ်ဖြင့် မိမိရရှိသည့် တိုင်များ၏ တစ်နှစ်စာကြော်ငြာခများကို တစ်လအတွင်း အပြီးပေးချေရမည်ဟု သတ်မှတ်ထားသော်လည်း ၂၀၁၇“၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့်ပတ်သက်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ၏လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံ စာပါ အကြံပြုချက်အရ တစ်ပတ်အတွင်းသို့ ပြောင်းလဲခဲ့ပြီး နောက်ဆုံးအစီရင်ခံစာအရ ချက်ချင်းပေးသွင်းရန် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးကြပ်ဆောင်ရွက်နေသော ကြော်ငြာဆိုင်းဘုတ်များ ဌာနခွင့်ပြုချက်မရှိဘဲ စည်းကမ်းမဲ့တပ်ဆင်ခြင်း၊ ဒီဇိုင်းပြောင်းလဲခြင်းများကို အရေးယူဆောင်ရွက်မှုများ တိကျစွာဆောင်ရွက်ရန်၊ တာဝန်ရှိသူများအနေဖြင့် အချိန် နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ရန်နှင့် ြွေကးကျန်များ ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၂၀၁၇“၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာတွင် ဖော်ပြထားသည်။


ယင်းအပြင် လုပ်ငန်းရှင်များနှင့် စာချုပ်ချုပ်ဆိုရာတွင် ဥပဒေအရ ခိုင်မာသော ချုပ်ကိုင်မှုနှင့် အရေးယူဆောင်ရွက်နိုင်မှုတို့ကို ဥပဒေပညာရှင်များအကူအညီဖြင့် ထည့် သွင်းသင့်ကြောင်း၊ မြေခွန်မပြေကျန်ငွေအဖြစ် ဆောင်ရွက် ရခြင်းမှာ လုပ်ထုံးလုပ်နည်း ရှည်လျားရှုပ်ထွေးပြီး ြွေကးကျန် ရရှိရေး ဆောင်ရွက်ရန် ခက်ခဲသည့်အတွက် ကြော်ငြာဘုတ် များ ငှားရမ်းသည့်အခါ ငှားရမ်းခရယူပြီးမှသာ ကြော်ငြာခွင့်ပြုခြင်းကို ဆောင်ရွက်သင့်ကြောင်း ပြည်သူ့ငွေစာရင်း ကော်မတီက အကြံပြုတင်ပြခဲ့သည်။

ကြော်ငြာဘုတ်များ ငှားရမ်းခွင့် လျှောက်လွှာခေါ်ယူရာတွင် ပွဲစားများလျှောက်ထားခြင်းကို ကာကွယ်ရန် လျှောက် လွှာတစ်စောင်လျှင် စပေါ် ကျပ်သိန်း ၂၀ ပေးသွင်းစေခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ခွင့်ပြုချက်ရရှိပြီးသည့် အမည်နှင့် ဒီဇိုင်းကို ခွင့်ပြုချက်မဲ့ ပြောင်းလဲခြင်းများ အတွက် ကျပ်တစ်သိန်းတိတိ ထပ်မံကောက်ခံမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံဌာန လက်ထောက်ဌာနမ·း (ဒုတိယညွှန်ကြားရေးမှူး) ဦးစစ်မင်းဟန်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း Billboard  စိုက်ထူထားသော ဇုန်နေရာကို ငါးခုသတ်မှတ်ထားပြီး ဇုန်အလိုက် ငှားရမ်းခ ဈေးနှုန်းများမှာလည်း ကွာခြားမှုရှိသည်။ လူကြိုက်များသော နေရာများဖြစ်သည့် လူစည်ကားရာ လမ်းမကြီးများနှင့် အဝိုင်းများကို ဇုန် A အဖြစ်သတ်မှတ်ပြီး ကျန်ရှိသည့်နေရာများထဲမှ လူကြိုက်အနည်းအများအလိုက် ဇုန်B  ဇုန် C စသဖြင့် အဆင့်ဆင့်ခွဲခြားသတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

ဇုန်အလိုက် တစ်နှစ်စာငှားရမ်းခများမှာ ဇုန် A အတွက် ကျပ် သိန်း ၂၅၀၊ ဇုန်B  အတွက် ကျပ် သိန်း ၁၈၀၊ ဇုန်  C အတွက် ကျပ် ၁၃၅ သိန်း၊ ဇုန်D အတွက် ကျပ်သိန်း ၁၀ဝ နှင့် ဇုန် E အတွက် ကျပ် သိန်း ၅၀ တို့ဖြစ်သည်။

ယခင်က ဆိုင်းဘုတ်အားလုံးကို ဈေးတူငှားရမ်းခဲ့ရာ ဌာနဝင်ငွေပိုမိုရရှိစေရေးနှင့် ကြော်ငြာရှင်များ အဆင်ပြေ စေရေးတို့အတွက် စိုက်ထူရာနေရာနှင့် ပေါ်လွင်မြင်သာမှုအပေါ်မူတည်၍ အုပ်စုငါးစုခွဲကာ အငှားချထားခဲ့ရာ ဈေးတူငှားရမ်းစဉ်က ကျပ် ၁၃၅ သိန်းဖြစ်သော်လည်း ယခုစနစ်အရ အများဆုံး ကျပ်သိန်း ၂၅၀ အထိရရှိကြောင်း ပြည်သူ့ငွေစာရင်းကော်မတီ၏ သဘောထားမှတ်ချက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ 

စည်ပင်သာယာနယ်နိမိတ်အတွင်းBillboard  ပေါင်း ၅၀ဝ ကျော်ရှိသည့်အနက် ၂၀၁၅“၁၆ ဘဏ္ဍာနှစ်တွင် Billboard ပေါင်း ၃၅၀ ခန့်၊ ၂၀၁၆“၁၇ ဘဏ္ဍာနှစ်တွင် ၂၈၀ ခန့်၊ ၂၀၁၇“၁၈ ဘဏ္ဍာနှစ်တွင် ၁၈၀ ခန့် ငှားရမ်းခဲ့ရပြီး mini budget  အတွင်းတွင် ၁၄၀ ခန့်သာ ငှားရမ်းခဲ့ရကြောင်း ဦးစစ်မင်းဟန်က ပြောသည်။ ယင်းအပြင် ၂၀၁၈“၁၉ ဘဏ္ဍာနှစ်တွင် ကြော်ငြာဘုတ်ပေါင်း ၉၀ ခန့်သာ ငှားရမ်းခဲ့ရကြောင်း  ၎င်းကဆိုသည်။

ငှားရမ်းသူမရှိဘဲ ကျန်ရှိနေသည့် ကြော်ငြာဘုတ်များ ကို ကာလတို၊ ကာလရှည် ငှားရမ်းလိုသူများက စည်ပင် သာယာရေးကော်မတီသို့ လာရောက်လျှောက်ထားပါက ဦးရာလူစနစ်ဖြင့် ငှားရမ်းပေးနေသည်။ စည်ပင်သာယာရေးကော်မတီက ငှားရမ်းပေးသော ကြော်ငြာဘုတ်များမှာ ရိုးရိုး ဗီနိုင်းကပ်ကြော်ငြာဘုတ်များဖြစ်ပြီးLED ကြော်ငြာဘုတ်များမှာ ပုဂ္ဂလိကပိုင် မြေနေရာ (သို့မဟုတ်) အဆောက်အအုံများတွင်သာ ကြော်ငြာခွင့်ရှိမည်ဖြစ်သည်။ ပုဂ္ဂလိကပိုင် မြေနေရာများတွင် ကြော်ငြာသည့်LED ကြော်ငြာဘုတ်များအတွက် တစ်စတုရန်းပေလျှင် ကျပ် ၂၅ဝ၀ဝ (တစ်နှစ်စာ) အခွန်ပေးဆောင်ရမည် ဖြစ်သည်။

"ဘုတ်တွေမှာ ကြော်ငြာတာက တစ်လမှာ ၁၀ ရက်လောက် ထူးဆန်းတဲ့ကြော်ငြာကို ကြော်ငြာလိုက်ရင် လူတွေကြည့်ကောင်းကြည့်ကြပေမဲ့ အမြဲတမ်းဆိုရင်တော့ ရိုးသွားတယ်။ ဒါကြောင့် အမြဲတမ်း ကြော်ငြာထည့်မယ့်သူ မရှိတော့တာ။ အန်းဒရွိုက်ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို အသုံးများလာကြတော့ ဒီဘက်ကို အသုံး ချပြီး ကြော်ငြာကြတာ များလာတယ်"ဟု 2.0 Co.Ltd က Operation Head ဦးအောင်မြင့်က ဆိုသည်။

Billboard  နှင့် ကြော်ငြာခြင်းသည် နည်းလမ်းဟောင်းတစ်ခုဖြစ်သော်လည်း လူသိမများသေးသော အမှတ်တံဆိပ် များနှင့် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည့် နိုင်ငံခြားကုန်ပစ္စည်းများ ကြော်ငြာခြင်းအတွက် မဖြစ်မနေထည့်သွင်းစဉ်းစားနေရဆဲ ဖြစ်ကြောင်း Myanmar Outdoor-indoor Advertising ကုမ္ပဏီ၏ ဒါရိုက်တာ ဦးပြည့်ဖြိုးသိန်းက ဆိုသည်။

"Billboard ကြော်ငြာလုပ်ငန်းက ရာနှုန်းပြည့် အလုပ် မဖြစ်ပေမဲ့ အခုအချိန်ထိတော့ ၅၀ ရာခိုင်နှုန်းလောက် အလုပ်ဖြစ်နေပါတယ်။ ထုတ်ကုန်သစ်တွေအတွက် Billboard နဲ့ ကြော်ငြာတာက အလုပ်အဖြစ်ဆုံးလို့ ပြောရမယ်"ဟု ၎င်းက ပြောသည်။

သို့သော် မြန်မာနိုင်ငံတွင် လူသိပြီးသား ထုတ်ကုန် ပစ္စည်းများကို ကြော်ငြာသည့်အခါတွင် လုပ်ငန်းရှင်များ က Billboard ကြော်ငြာများကို လျှော့ချကာ လူများများ ပိုမြင်နိုင်ပြီး ကုန်ကျစရိတ်သက်သာသည့် ဆိုရှယ်မီဒီယာ များတွင် ကြော်ငြာမှု ပိုမိုများပြားလာကြောင်း ၎င်းက ဆိုသည်။

ကြော်ငြာဘုတ်ကြီးများအပြင် စည်ပင်သာယာနယ် နိမိတ်အတွင်း နေရာအတော်များများတွင် တွေ့မြင်နေရသည့် လမ်းညွှန်ဆိုင်းဘုတ်များကို အခွန်အခများ အလေးထား ကောက်ခံရန်နှင့် ကွင်းဆင်းစစ်ဆေးတွေ့ရှိ ပါက လုပ်ငန်းရှင်များထံ ဆိုင်းဘုတ်ခပေးသွင်းစေရေး လုပ်ငန်းရှင်များကို အသိပေးဆောင်ရွက်လျက်ရှိကြောင်း လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ထံမှ သိရသည်။

အဆိုပါ လမ်းညွှန်ဆိုင်းဘုတ်တပ်ဆင်သူများမှာ  အများဆုံး ၁၅ ခုအထိတပ်ဆင်လေ့ရှိပြီး  ထိုသို့တပ်ဆင်ခြင်းသည် မြို့တော်အတွင်း အမြင်ရှုပ်ထွေးမှုကို ဖြစ်စေသဖြင့်  မဖြစ်မနေဆိုပါက လိုအပ်သလောက်သာ တပ်ဆင်စေရန် ညှိနှိုင်းဆောင်ရွက်သင့်ကြေလည်း ပြည်သူ့ ငွေစာရင်း ကော်မတီက အကြံပြုတင်ပြထားသည်

Facebook comments