ပဲခူးတိုင်းဒေသကြီးတွင် မလေးရှား နိုင်ငံ အခြေစိုက်ပရိဘောဂကုမ္ပဏီတစ်ခုမှ မန်ဂျန် ရှားပရိဘောဂစက်ရုံတည်ဆောက်ကာ တစ်နှစ် လျှင် မန်ဂျန်ရှားသစ်တန်ချိန် ၃၀ဝ၀ ခန့် ဝယ်ယူ ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မန်ဂျန်ရှား စိုက်ပျိုးထုတ်လုပ်သူများအသင်း (ယာယီ)မှ သိရသည်။
စစ်တမ်းကောက်
ယင်းစက်ရုံအတွက် လိုအပ်သော မန်ဂျန် ရှားသစ် ကုန်ကြမ်းရရှိရန် မြန်မာနိုင်ငံ မန်ဂျန် ရှားစိုက်ပျိုးထုတ်လုပ်သူများအသင်း (ယာယီ)မှ တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ရာ မြန်မာတစ်နိုင်ငံလုံးရှိ မန်ဂျန်ရှားသစ်ကို ဝယ် ယူရန်အတွက် ဆာဗေးကောက်ယူလျက်ရှိသည်။
"ပဲခူးတိုင်းဒေသကြီးမှာ ပရိဘောဂ စက်ရုံ အသေးလေးတစ်ခု တည်ဆောက်မယ်ပေါ့၊ အဲဒါကို ကျွန်တော်တို့က လိုအပ်တဲ့ ကုန် ကြမ်းရရှိဖို့ကို တာဝန်ယူသွင်းပေးရမယ်။ အခု ကျွန်တော်တို့ ဆာဗေးကောက်နေတယ်။ တစ် နှစ်ကို တန်ချိန် ၃၀ဝ၀ လောက် လိုချင်တဲ့အတွက် သူတို့လိုချင်တဲ့ ကုန်ကြမ်းမရမှာစိုး တယ်။ ဈေးနှုန်းကတော့ ကာလပေါက်ဈေး အတိုင်းပဲ အရောင်းအဝယ်ပြုလုပ်ဖို့အတွက် ဆွေးနွေးထားတယ်" ဟု မြန်မာနိုင်ငံ မန်ဂျန် ရှားစိုက်ပျိုးထုတ်လုပ်သူများအသင်း (ယာယီ)ဥက္ကဋ္ဌ ဦးမျိုးကိုကိုသိန်းက ပြောဆိုသည်။
ထုတ်ယူသုံးစွဲနိုင်
ဗီယက်နမ်နိုင်ငံတွင် မန်ဂျန်ရှားသစ်စိုက် ပျိုးထုတ်လုပ်မှုသည် သစ်တောစိုက်ပျိုးထုတ် လုပ်မှု၏ ရာခိုင်နှုန်း ၅၀ ရှိသည်။ တစ်ကမ္ဘာလုံးသို့ နှစ်စဉ်မန်ဂျန်ရှားသစ်တင်ပို့မှုပမာဏမှာ တန် ချိန် ရှစ်မီလီယံရှိပြီး မန်ဂျန်ရှားသစ် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၁၁၀ဝ ဝန်းကျင် ဈေးနှုန်းဖြင့် တင်ပို့နေရကြောင်း သိရသည်။
မန်ဂျန်ရှားသစ်သည် အရွယ်ရောက်လာ ပါက ထိန်းသိမ်းပြုပြင်ပေးစရာမလိုဘဲ စိုက် ပျိုးနိုင်သော သစ်အမျိုးအစားဖြစ်ပြီး စတင် စိုက်ပျိုးချိန်မှစ၍ ခြောက်နှစ်သက်တမ်းကြာ လျှင် ထုတ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။
အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် မန်ဂျန်ရှားသစ်ကုန်ကြမ်း လိုသလောက်ရရှိပါက ပဲခူးတိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသ ကြီးများတွင် စက်ရုံများတည်ဆောက်သွားရန် နေရာထပ်မံရွေးချယ်နေပြီး မန်ဂျန်ရှားသစ်မှ တစ်ဆင့် ကုန်ချောထုတ်လုပ်သော စက်ရုံအသေး အတွက် တစ်နှစ်လျှင် မန်ဂျန်ရှားစိုက်ဧက ၁၅၀ဝ၀ ရှိရမည်ဖြစ်သည်။
နေရာထပ်မံရွေး
မန်ဂျန်ရှားသစ်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့ သော ၁၀ နှစ်ဝန်းကျင်ကပင် အိန္ဒိယနိုင်ငံမှ မျိုးတင်သွင်းစိုက်ပျိုးခြင်းဖြစ်သော်လည်း လက် ရှိတွင် ပြည်သူလူထု အသိပညာနည်းပါးခြင်း ကြောင့် မန်ဂျန်ရှားစိုက်ပျိုးထုတ်လုပ်မှု နည်းပါး နေသေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မန်ဂျန်ရှားသစ် စိုက်ဧက ၃၀ဝ၀ဝ ကျော်သာရှိပြီး မန်ဂျန်ရှားသစ်ကို ပါကေး၊ စက္ကူပျော့ဖတ်၊ A4 စာရွက်နှင့် လူသုံး ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ကြောင်း သိရသည်။
Source: The Myanmar Times
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
Facebook comments