ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းတွင် ပုဂ္ဂလိကကုမ္ပဏီနှင့် ပူးပေါင်းမှု မူဝါဒအချို့ပြောင်းလဲမည်

javascript

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင့် ဧရာဝဏ်အိမ်ရာစီမံ ကိန်းကို ပုဂ္ဂလိကကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာ တွင် မူဝါဒအချို့ပြန်လည်ပြောင်း လဲမည်ဟု သတင်းရရှိသည်။

ယခင်အစိုးရလက်ထက်က ကုမ္ပဏီများနှင့် သဘောတူညီမှု အချို့ကို ပြန်လည်ပြင်ဆင်ပြီး အ စိုးရသစ်လက်ထက်တွင် အကျိုး တူလုပ်ဆောင်မည့်ကုမ္ပဏီအချို့ နှင့် ပြန်လည်ပြင်ဆင်မှုများပြုလုပ် မည်ဖြစ်သည်။

 အကောင်အထည်ဖော်ရန် ကျန်ရှိနေသေးသည့် မြေဧရိယာ များတွင်လည်း ပုဂ္ဂလိကကုမ္ပဏီ များကို အကျိုးတူပူးပေါင်းလုပ် ကိုင်နိုင်ရန် ဖိတ်ခေါ်မည်ဟု ရတ နာနှင့် ဧရာဝဏ်အိမ်ရာစီမံကိန်းမှ တာဝန်ခံအင်ဂျင်နီယာဦးကျော်ဇေယျက ပြောသည်။


‘‘ပုံစံတချို့တော့ အပြောင်း အလဲရှိသွားတယ်။ အထူးသဖြင့် တော့ မြေကြီးတူးတာ၊ ပိုင် ရိုက်တာ ကနေစပြီး ကုမ္ပဏီနဲ့တစ်ဆင့် ချင်းစီ စာချုပ်ချုပ်ဆိုတဲ့ စနစ်ကို သွားမယ်’’ဟု ဦးကျော်ဇေယျက ပြောကြားသည်။

အခန်းတစ်ခန်းလျှင် ကျပ်သိန်း ၆၀၀ မှ သိန်း ၁,၂၀၀ အထိဈေးနှုန်းသတ်မှတ်ထားသည့် အိမ်ရာစီမံကိန်းကို လာမည့်သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ရည်ရွယ်ထားသည်။

၂၀၁၃ တွင် စတင်တည် ဆောက်ခဲ့သည့် ရတနာနှင့် ဧရာ ၀ဏ်အိမ်ရာစီမံကိန်းကို အစိုးရ သစ်လက်ထက်၌ ပုဂ္ဂလိကကုမ္ပ ဏီအချို့နှင့် အကျိုးတူဆက်လက် ပူးပေါင်း တည်ဆောက်လျက်ရှိ သည်။

  ‘‘လူတချို့ကပြောတယ်။ နေရာကဝေးတယ်။ ဘာမှမရှိဘူး ခေါင်တယ်လို့ ပြောကြတယ်။ လာ ကြည့်လိုက်ပါ။ လာလေ့လာလိုက် ပါ။ ရန်ကုန်မြို့တွင်းကနေ ကားနဲ့ ခဏလေးလာလို့ရနိုင်တဲ့ နေရာမှာ တည်ဆောက်ထားတာပါ။ ရန် ကုန်မြို့တွင်းမှာ ဈေးကြီးပေးနေရ တဲ့ကွန်ဒိုတွေထက် သက်သာပြီး ၀ယ်လို့ရမယ့် အခန်းတွေပါ’’ဟု ဧရာဝဏ် အိမ်ရာစီမံကိန်းတွင် အစိုးရနှင့် အကျိုးတူပူးပေါင်းတည် ဆောက်နေသည့် ချမ်းသာရွှေမြေ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန် ရှိသူဒေါ်ဝင်းဝင်းလတ်က ပြော သည်။

 ရတနာနှင့် ဧရာဝဏ်အိမ်ရာ စီမံကိန်းတစ်ခုလုံးတွင် ၁၈ ထပ် အမြင့်ရှိ တိုက်အလုံးပေါင်း ၄၉ လုံးပါဝင်ပြီး အခန်းပေါင်း ၂၀,၀၀၀ ခန့်ကို လာမည့်သုံးနှစ်အတွင်း အပြီးသတ် တည်ဆောက်နိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

မူလစတင်တည်ဆောက်ရန် ရည်ရွယ်စဉ်က ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချမည်ဟုဆိုထား ပြီး နောက်ပိုင်းတွင် အချိန်ကြာ လာသည်နှင့်အမျှ ဆောက်လုပ် စရိတ်ကုန်ကျမှုများပြားလာ၍ တန်ဖိုးသင့်အိမ်ရာများအဖြစ် ပြောင်း လဲခဲ့ခြင်း ဖြစ်သည်။

Source:Myanmar Time

Facebook comments