ရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီများ ယခုနှစ်ကုန်တွင် ငွေကြေးသက်သေခံ လုပ်ငန်းကြီးကြပ်ရေး ကော်မတီသို့ အရှုံး၊ အမြတ်စာရင်း တင်ပြရမည်
ရန်ကုန်စတော့အိတ် ချိန်းဝင်ကုမ္ပဏီများ ယခုဘဏ္ဍာ နှစ်အကုန်တွင် အရှုံးအမြတ်စာ ရင်းကို ငွေကြေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မတီထံသို့ တင်ပြရမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။စတော့အိတ်ချိန်းဝင် FMI၊ သီလ၀ါနှင့် မြန်မာနိုင်ငံသားများ ဘဏ်တို့က ဘဏ္ဍာနှစ်၏ ငွေသား စီးဆင်းမှု စာရင်းလက်ကျန်ရှင်း တမ်းနှင့် အရှုံးအမြတ်တို့ကို အစီ ရင်ခံစာတစ်စောင် ပြုလုပ်၍တင် ပြရမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်၌ ဖော်ပြပါရှိသည်။ယခုနှစ်ကုန်ပါက ရန်ကုန် စတော့အိတ်ချိန်းတွင် လက်ရှိ လည်ပတ်နေသော ကုမ္ပဏီသုံးခု အပြင် ထပ်မံရှယ်ယာရောင်းချ မည့် ကုမ္ပဏီသုံးခုထက်မနည်းဝင် ရောက်ရောင်းချနိုင်ရန် အဆင် သင့်ဖြစ်နေပြီဖြစ်ကြောင်း စတော့ အိတ်ချိန်းဈေးကွက်ကျွမ်းကျင်သူ များက ခန့်မှန်းသည်။လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် ပြီးခဲ့သည့်လက တတိယ မြောက်ကုမ္ပဏီအဖြစ် မြန်မာနိုင် ငံသားများဘဏ်ကုမ္ပဏီက စတင် ရောင်းချနေပြီး ရှယ်ယာဈေး အနည်းငယ်မြင့်တက်လျက်ရှိသည်။စတော့အိတ်ချိန်းဈေးကွက် တွင် ကုမ္ပဏီအရေအတွက်များ ပြားလာမှသာ အရောင်းအ၀ယ် အားကောင်းလာပြီးဈေးအတက် အကျသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခုနှုန်းထားများစွာကွာဟလာနိုင် သည်ဟု ရန်ကုန်စီးပွားရေးတက္က သိုလ်မှ အငြိမ်းစားပါမောက္ခဒေါ် ရီရီမြင့်ကဆိုသည်။လက်ရှိတွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းချရန်ကုမ္ပဏီ ခုနစ်ခုခွင့်ပြုချက်ရရှိထားပြီး ကုမ္ပဏီတစ်ခုချင်းစီကို လအလိုက် ရောင်းချခွင့်ပြုပေးနေသည်။စတော့အိတ်ချိန်းစာရင်းဝင် ရန် ပြည်တွင်းရှိ ထိပ်သီးကုမ္ပဏီ များကလည်း ကြိုးပမ်းနေသည်ဟု ဆိုသည်။ရန်ကုန် စတော့အိတ်ချိန်း တွင် ရှယ်ယာရောင်းချမည့်ကုမ္ပ ဏီများသည် အများပိုင်ကုမ္ပဏီ ဖြစ်ရန်လိုပြီး ၂နှစ်ဆက်တိုက်အ မြတ်ငွေ ရရှိရန်လိုအပ်ကြောင်း ယင်းကော်မရှင် စံနှုန်းသတ်မှတ်ချက်၌ ပါရှိသည်။လက်ရှိရန်ကုန်စတော့အိတ် ချိန်းတွင် အများပိုင်ကုမ္ပဏီသုံးခု စာရင်းဝင်ထားပြီး နောက်ထပ်ကုမ္ပဏီသုံးခုဝင်ရောက်ရန် ပြင်ဆင်နေသည်။ရှယ်ယာဈေးအတက်အကျ များသောကြောင့် ရှယ်ယာအ ရောင်းအ၀ယ်နှေးကွေးလျက်ရှိ သည်။ ရှယ်ယာအရောင်းအ၀ယ်များရန်နှင့် နိုင်ငံခြားငွေရရန်နိုင်ငံ ခြားသားများအားရှယ်ယာဝယ်ယူ ခွင့်ပြုသင့်ကြောင်း စီးပွားရေးပညာရှင်ဦးလှမောင်ကပြောကြား သည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် FMI၊ ပထမပုဂ္ဂလိကအများ ပိုင်ကုမ္ပဏီ၊ Great Horkhamအ များပိုင်ကုမ္ပဏီ၊ MAPCOအများ ပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများ ဘဏ်အများပိုင်ကုမ္ပဏီ၊ သီလ၀ါ အများပိုင်ကုမ္ပဏီတို့က ရှယ်ယာ များရောင်းချခွင့်ရရှိထားပြီး ကုမ္ပဏီတစ်ခုချင်းစီအား လအလိုက်ဆက်လက်ခွင့်ပြုမည်ဖြစ်သည်။Source: 7Daydaily
Facebook comments