နေပြည်တော်၊
ပျဉ်းမနားပတ်ဝန်းကျင် အိမ်ခြံမြေဈေးကွက် ကောင်းမွန်နေ
ရန်ကုန်တိုင်းမြို့နယ်များအတွင်း အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်အခြေအနေ
များတွင် အငှားဈေးကွက် ပိုမိုဖြစ်ထွန်းကောင်းမွန်၍ မြေကွက်နှင့် လုံးချင်း၊ တိုက်ခန်း
အရောင်းအ၀ယ်များ ဈေးကွက်အေးနေသေးသည့် အနေအထားရှိသော်လည်း
နယ်ဈေးကွက်ဖြစ်ထွန်းမှုများအနေဖြင့် နေပြည်တော်၊ ပျဉ်းမနားပတ်ဝန်းကျင် အိမ်ခြံမြေ
ဈေးကွက် အရောင်းအ၀ယ်အခြေအနေများ ကောင်းမွန်နေကြောင်း သိရသောကြောင့်
လတ်တလောဈေးကွက် ဖြစ်ထွန်းမှုအခြေအနေများနှင့် ပတ်သက်၍ Property.com.mm
သတင်းမီဒီယာမှ ဆက်သွယ်မေးမြန်းချက်များအား ဖော်ပြလိုက်ပါသည်။
"လက်ရှိ
ပျဉ်းမနားဘက် အိမ်ခြံမြေဈေးကွက်ကတော့ ရောင်းချင်သူတွေလည်း
များတယ် ၀ယ်ချင်တဲ့သူတွေလည်း
သူ့ဟာနဲ့သူ စုံစမ်းမေးမြန်း အရောင်းအ၀ယ်
ဖြစ်တာတွေ
ရှိပါတယ် သိပ်ပြီး ဟော့နေတာမျိုးတော့ မဟုတ်ပါဘူး ပျဉ်းမနားမြို့
ထဲဆိုရင်လည်း
တချို့က အိမ်နေရာအကွက်အကွင်းလေးကောင်းတော့ ဈေးကောင်း
ရရင် ရောင်းပြီး
သင့်တော်တဲ့ တစ်နေရာ ပြန်ဝယ်ကြတာမျိုးပေါ့ လုံးချင်းအရောင်း
လေးတွေ ပိုတွေ့ရတယ်
ဈေးကတော့ ရန်ကုန်ကလို ဘယ်နေရာဆို ဘယ်ဈေးပေါက်
တယ်ဆိုတာမျိုး
အကြမ်းဖျင်း သတ်မှတ်ချက်မရှိပါဘူး ရောင်းတဲ့သူကတော့ ကြိုက်
ဈေးခေါ်မှာပေါ့
အလျော့အတင်း ညှိုနှိုင်းပြီး အရောင်းအ၀ယ်ဖြစ်တတ်ပါတယ် ပုဗ္ဗာ
သီရိမြို့နယ်၊
ဇမ္ဗူသီရိမြို့နယ်ဘက်တွေ အရောင်းဝယ်ဖြစ်တာတွေရှိတယ် ပေ ၆၀x၈၀
ဂရန်မြေကွက်
သီးသန့်လောက်ဆို သိန်း ၁၅၀ အထက် နေရာကောင်းရင်တော့
သိန်း ၂၀၀
ပတ်ဝန်းကျင်ဈေးခေါ်တယ် နေပြည်တော်ဘူတာဘက် စွယ်တော်လမ်းမ
ပေါ်တွေမှာလည်း
အရောင်းခေါ်တာတွေရှိတယ် ပျဉ်းမနားမြို့ဘက်ဆို ပေါင်းလောင်း
ရပ်ကွက် ဂန္ဓမာလမ်းပတ်ဝန်းကျင်မှာလည်း
သိန်း ၂၀၀ ကနေ၃၀၀ ၀န်းကျင် လုံးချင်း
အရောင်းတွေ
မင်္ဂလာရပ်ကွက်ဘက်မှာလည်း လုံးချင်းအရောင်းတွေ ရှိတယ် ပြီးတော့
ဥယျာဉ်စုဘက်မှာလည်း
စိုက်ပျိုးရေးခြံတစ်ချို့ အရောင်းတွေရှိပါတယ် သိန်း ၂၀၀/
၂၅၀/၃၀၀ စသဖြင့်အကျယ်အ၀န်းပေါ်မှာမူတည်ပါတယ်
အငှားကတော့ ပျဉ်းမနား
ဘက်က ဈေးသင့်တင့်ပါတယ်
နေရာအပေါ်မူတည်ပြီး ဈေးဖြစ်တာပါပဲ စားသောက်
ဆိုင်တွေဖွင့်ဖို့
အငှားတချို့ပဲရှိတယ် နေပြည်တော်ဘက်နေထိုင်ဖို့အနေနဲ့ ငှားတာမျိုး
ကတော့ ရန်ကုန်လို
ဈေးကွက်သိပ်မရှိပါဘူး နည်းပါတယ် လုံးချင်းအငှားဆိုရင် တစ်ချို့
တစ်လ ၁ သိန်းခွဲ
၂ သိန်းလောက်နဲ့ ငှားကြတာတွေ ရှိပါတယ်" ဟု ပျဉ်းမနားမြို့ခံ
အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ
ကိုဟန်ဝင်းက Property.com.mm သို့ ပြောကြားသည်။
နေပြည်တော်
သပြေကုန်းရှိ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခု အား Property.com.mm
သတင်းမီဒီယာအဖွဲ့
မှ ဆက်သွယ်မေးမြန်းရာတွင်
"နေုပြည်တော်ဘက်
အိမ်ခြံမြေဈေးကွက်အခြေအနေက မိုးတွင်းကာလနောက်ပိုင်း
အရောင်းအ၀ယ်
ပိုသွက်တာတွေ့ရပါတယ် လုံးချင်းရော မြေကွက်တွေရောပေါ့ ဈေးကတော့
သိန်း ၂၀၀/၃၀၀
ဝန်းကျင်နဲ့ သိန်း ၁၀၀၀ အောက်ပေါ့ ဒီဘက်မှာက မြို့သစ်၊ မြို့ဟောင်း၊
လယ်ဝေး ဆိုပြီးအဓိက
အပိုင်းသုံးခု ရှိတယ်ပေါ့ မြို့သစ်ဘက်တွေက အရောင်းအ၀ယ် ပိုသွက်
တဲ့ အခြေအနေရှိပါတယ်
ကျွန်တော်တို့ အကျိုးဆောင်လုပ်ငန်းအနေနဲ့လည်း ခုနောက်ပိုင်း
အရောင်းအ၀ယ်
အငှားအရမ်းလေးတွေ အလုပ်ပိုဖြစ်ပါတယ်" ဟု နေပြည်တော် ဇမ္ဗူသီရိ
မြို့နယ်
သပြေကုန်းဈေးလမ်းရှိ "နန်းရွှေပြည်" အိမ်ခြံမြေနှင့်ဝန်ဆောင်မှုလုပ်ငန်း"
မှ
ဦးထွန်းထွန်းက ပြောကြားသည်။
Property Media Team
www.property.com.mm
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments