အငှားခေါ်ဆိုမှု
ပိုမိုအတွေ့ရများသော လှိုင်သာယာစက်မှုဇုန်ဈေးကွက်
စက်မှုဇုန်များအတွင်း
လတ်တလော အိမ်ခြံမြေဈေးကွက်များအနေဖြင့်
အငှားရှာဖွေသူများ၊
အငှားချလိုသူများနှင့် အရောင်းခေါ်ဆိုမှုများ ပိုမိုတွေ့
ရကာ
အိမ်ခြံမြေဈေးကွက် အနေအားဖြင့် စက်ရုံ၊ အလုပ်ရုံနှင့်မြေနေရာ
ရှာဖွေနေကြသည့်
နိုင်ငံခြားသားများအနေဖြင့်လည်း လေ့လာစုံစမ်း
ရှာဖွေမှုများလည်း
ယခုနစ်အတွင်း ပိုမိုတွေ့လာရကြောင်း၊ ရှိလာကြောင်း
ယခု
သြဂုတ်လ ပထမပတ်အတွင်း လေ့လာစုံစမ်းမှုများအရ သိရသည်။
လှိုင်သာယာစက်မှုဇုန်အတွင်း
ရန်ကုန် - ပုသိမ်လမ်းပေါ်ရှိ အိမ်ခြံမြေ
အကျိုးဆောင်
ကုမ္ပဏီတစ်ခုအား တွေ့ဆုံမေးမြန်းရာတွင်
"ဇုန်ထဲက
ဈေးကွက်အခြေအနေက အရောင်းရော အငှားပါ အပ်နှံမှု
တွေ
ရှိပါတယ် အရောင်းအ၀ယ်ဖြစ်မှုအားဖြင့်ကတော့ ပါးနေပါသေး
တယ်
ဇုန်အကွက်တွေကအငှားတွေလောက်ပဲပိုဖြစ်နေသေးတာ
တွေ့တယ်
ဂိုထောင်၊ မြေကွက် ငှားချင်ကြတဲ့သူတွေနဲ့ အငှားရှာတဲ့
သူတွေအတွက်
အခြေအနေကောင်း တစ်ခုပေါ့ နိုင်ငံခြားသားတွေက
စက်ရုံဆောက်ချင်လို့
ရှာဖွေမေးမြန်းမှုတွေလည်း ဒီနှစ်ထဲများလာတာ
တွေ့ရပါတယ်"
ဟု ကိုးကန့်ဟွာကွေ့ အိမ်ခြံမြေ၀န်ဆောင်မှု လုပ်ငန်းမှ
တာဝန်ခံမန်နေဂျာတစ်ဦးဖြစ်သူ
မဟေမာန်ဦးက Property.com.mm
သတင်းမီဒီယာအဖွဲ့သို့
ပြောကြားသည်။
ဘုရင့်နောင်တံတားအဆင်းကနေ
ခုနေရာပတ်ဝန်းကျင်က စက်မှုဇုန်တွေ
ချည်းပါပဲ
ဈေးနှုန်းအကြမ်းဖျင်းအားဖြင့် လှိုင်သာယာဇုန်ထဲမှာဆိုရင်တော့
မြေ
ပေ ၁၀၀ ပတ်လည်လောက်မှာ ဂိုထောင် ပေ ၅၀x၉၀ နဲ့ ၆၀x၉၀
အကွက်တွေဆိုရင်
လမ်းအနေအထားပေါ်မူတည်ပြီး သိန်း ၂၀ ကနေ
၃၀
ကြား၊ မြေ ပေ ၁၀၀ ပတ်လည် ဂိုထောင်လောက်ဆို ၃၅ သိန်း အငှား၊
မြေ
ပေ ၁၂၀x၂၀၀ ဂိုထောင် ပေ ၁၀၀ ပတ်လည်ဆို သိန်း ၅၀ ၀န်းကျင်
ခန့်ဖြင့်
အငှားခေါ်ဆိုမှုများ ရှိကြောင်း သိရသည်။
လုပ်ငန်းမလုပ်ဆောင်သည့်
မြေကွက်များ၊ ပစ္စည်းသိုလှောင်သိမ်းဆည်း
မှု၊
အလုပ်လုပ်မှုမရှိသည့် ဂိုထောင်လွတ်များနှင့် ပတ်သက်၍ အရေးယူ
ကိုင်တွယ်သွားရန်
စီမံချက်များ ထွက်ပေါ်လာပြီးနောက်ပိုင်း စက်မှုဇုန်
အသီးသီးတွင်
မြေကွက်ပိုင်ဆိုင်ထားပြီး လုပ်ငန်းမပြနိုင်သော ပိုင်ရှင်
များအနေဖြင့်
အငှားချထားလိုမှုများ များပြားလာခြင်းများကြောင့်လည်း
ဈေးချ
အငှားခေါ်ဆိုခြင်းများလည်း ရှိလာကြောင်း ဒေသခံ အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးမှ
ပြောကြားချက်အရ သိရသည်။
Property
Media Team
www.property.com.mm
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments