အထပ်မြင့်များ စိစစ်နေ၍ ကွန်ဒိုအရောင်းသာမက အငှားပါ အေး
အထပ်မြင့်အဆောက် အအုံများ စည်းကမ်းချက်နှင့်မညီ ခြင်းကြောင့် တိုင်းဒေသကြီး အစိုး ရက စိစစ်မှု ပြုလုပ်နေချိန်တွင် ရန်ကုန် အိမ်ခြံမြေဈေးကွက်၌ တိုက်ခန်း၊ ကွန်ဒိုများ အရောင်းအ ဝယ်ရပ်လုနီးပါး ဖြစ်နေသည်ဟု အိမ်ခြံမြေဈေးကွက်မှ သတင်းရရှိသည်။ရန်ကုန်အိမ်ခြံမြေဈေးကွက် တွင် တိုက်ခန်းနှင့် ကွန်ဒိုအရောင်း အဝယ်သည် ကြိုပွိုင့်စနစ် ဈေး ကွက်မရှိခြင်းကြောင့် ၂၀၁၅ နှစ် လယ်ပိုင်းမှစ၍ အရောင်းအဝယ် အေးခဲ့သည်။လက်ရှိ အစိုးရသည် မေလ ၂၀ ရက်မှစ၍ ၁၃ ထပ်နှင့် အထက် အဆောက်အအုံများကို စည်းကမ်းချက်နှင့် မကိုက်ညီသဖြင့် တည်ဆောက်မှုများရပ်နား ပြီး ပြန်လည်စိစစ်ချိန်တွင် တိုက်ခန်းနှင့် ကွန်ဒိုအရောင်းအဝယ်မှာ ရပ်တန့်လုနီးပါး ဖြစ်လာကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။‘‘ဒီတစ်ခါ တိုက်ခန်း၊ ကွန်ဒို ဈေးကွက်က အရောင်းအဝယ် သာမဟုတ်ဘူး။ အငှားဈေးကွက် လည်း အတော်အေးသွားတယ်’’ ဟု ဦးသန်းဦးက ပြောကြားသည်။ကွန်ဒိုဥပဒေ အတည်ပြုပြီး နောက် ရန်ကုန်မြို့၏ တိုက်ခန်း၊ ကွန်ဒိုဈေးကွက် ကောင်းလာမည် ဟု မျှော်လင့်ထားသော်လည်း လက်ရှိတွင် အထပ်မြင့်များကို ပြန်လည်စိစစ်စစ်ဆေးမှုများကြောင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေကြကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှ ပိုင်ရှင်ဦးစိုင်းခွန်နောင် က ပြောသည်။တိုက်ခန်း၊ ကွန်ဒိုများ အ ရောင်းအဝယ် အေးသကဲ့သို့ ဈေး နှုန်းများလည်း ကျဆင်းလာကြောင်း အကျိုးဆောင်များထံမှ သိရသည်။တိုက်ခန်း၊ ကွန်ဒိုများကို မူလဈေးထက် ပျမ်းမျှ ၂၀ ရာခိုင်နှုန်းလျှော့ပြီး ရောင်းချသော်လည်း ဝယ်ယူသူမရှိသဖြင့် ရောင်းချသူများ အခက်အခဲဖြစ်နေကြောင်း Three Friend ဆောက်လုပ်ရေးမှ ဒါရိုက်တာ ဦးကိုကိုလေးက ပြောကြားသည်။တိုက်ခန်း၊ ကွန်ဒိုများ အ ရောင်းအဝယ်ရပ်တန့်လုဖြစ်နေ သကဲ့သို့ ရန်ကုန် အိမ်ခြံမြေဈေး ကွက်သည်လည်း ယခုနှစ်ဆန်းပိုင်းမှစ၍ အရောင်းအဝယ် အေးပြီး ခြံ၊ မြေ လက်ကိုင်မထားနိုင်သူများက ဈေးချရောင်းချမှုများရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။Source: 7Daydaily
Facebook comments