ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ဧရိယာကို တိုးချဲ့သတ်မှတ်မည်ဖြစ်ပြီး ဗူးဘုရားဘေးရှိ ဧရာဝတီမြစ်ပါ ပုဂံရှေးဟောင်းဇုန်ဧရိယာအတွင်း ထည့်သွင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နှင့် နယ်မြေသတ်မှတ်ရန်နှင့် ယူ နက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရန် ဇူလိုင် ၂၆ မှ၂၉ ရက်အထိ မန္တလေးမြို့တွင် ပြုလုပ်မည့်ဆွေးနွေးပွဲ၌ အဖြေထွက်ပေါ်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဇုန်ကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ပုဂံကိုကမ္ဘာ့အမွေအနှစ်တင် သွင်းဖို့အတွက်ပါ ပါပါတယ်။ စီမံ ခန့်ခွဲမှုကိစ္စတွေလည်း ပါတယ်။ ပုဂံဇုန်တွေကို ဘယ်လိုလုပ်မလဲ ထပ်ချဲ့ဖို့လိုလား။ ဘယ်လိုလုပ် မလဲဆိုတာ အဖြေထွက်မှာပါ။ ဆွေးနွေးကြမယ်။ ပုဂံဇုန်နဲ့ပတ် သက်လို့ အဖြေထွက်ဖို့ များပါ တယ်။ ဧရာဝတီကိုလည်း ထည့် ဖို့လုပ်နေတယ်ထင်တယ်။ ဧရာဝ တီမြစ်ဆိုတာကလည်း ပုဂံရဲ့ အ၀န်းအ၀ိုင်းလေးထဲမှာပါပဲ။ ဗူးဘု ရားကနေ တန့်ကြည့်တောင်ကြား ပေါ့။ ပုဂံရဲ့တန်ဖိုးရှိတဲ့နေရာတွေ ကို ထပ်ထည့်ဖို့လိုမလား ဆွေးနွေး မှာပေါ့’’ ဟု ယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန ဒုညွှန်ကြား ရေးမှူးဦးသိန်းလွင်က ပြောသည်။
ထို့အပြင် ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်နယ်မြေ သတ်မှတ် မှုတွင် ဧရာဝတီမြစ်နှင့် ဗူးဘုရား အနောက်ဘက်ရှိ ယုန်လွှတ်ကျွန်း ကိုပါ ထည့်သွင်းသတ်မှတ် မည်ဖြစ်ကြောင်း လက်ရှိပုဂံရှေး ဟောင်းယဉ်ကျေးမှုဇုန်အား ရေး ဆွဲရာတွင်ပါဝင်သူ ယဉ်ကျေးမှုဦး စီးဌာန၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးဟောင်း ဦးအောင်ကြိုင်က ပြောသည်။
‘‘မန္တလေးဆွေးနွေးပွဲမှာ အ ဖြေထွက်မယ်။ အရင်က ဧရာဝတီ မြစ်အနောက်ဘက်က ယုန်လွတ် ကျွန်းဆိုတာ မပါဘူး။ အခုထည့် ကြမယ်။ မပါတာတွေထည့်မယ်။ ဧရာဝတီမြစ်ပါ ပုဂံရှေးဟောင်းဇုန် ထဲပါမယ်။ အခုသတ်မှတ်မယ့်ဇုန် က ကျယ်သွားမယ့်သဘောရှိ တယ်’’ဟု ဦးအောင်ကြိုင်က ပြော သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်ဧရိယာမှာ စတုရန်းဧက ၁၇,၉၇၀ ကျယ်ဝန်းသည်။ အဆို ပါ ဧရိယာနယ်နိမိတ်ကို အေဇက် (Archaeological Zone) ရှေး ဟောင်းသုတေသနဆိုင်ရာဇုန်၊ အမ်ဇက်( Monument Zone) အ ထိမ်းအမှတ်နယ်မြေဇုန်၊ ပီဇက် (Protected Zone) ကာကွယ်ရေး နယ်မြေဇုန်စသည့် ဇုန်သုံးဇုန်ဖြင့် ဖွဲ့စည်းထားကြောင်း အထက်ပါ ပုဂ္ဂိုလ်တို့က ပြောသည်။
ပုဂံရှေးဟောင်းနယ်တွင် သမိုင်းဝင်စေတီပုထိုးကြီးများရှိ သည့်နေရာကို အမ်ဇက်(MZ) ဇုန် အဖြစ် သတ်မှတ်ထားပြီး ရှေး ဟောင်းသုတေသနဆိုင်ရာ ပုဂံမြို့ နှင့် ညောင်ဦးမြို့တည်ရှိသော ဇုန် ကို အေဇက်(AZ) ဇုန်ဟုသတ် မှတ်ကာ အဆိုပါ ဇုန်နှစ်ခုကိုထိန်း သိမ်းရန်ကာကွယ်ထားသော ဇုန် ကို ပီဇက်(PZ) ဇုန်ဟု သတ်မှတ် ထားခြင်းဖြစ်သည်။
‘‘အေဇက်ဇုန်နဲ့ အမ်ဇက်ဇုန် ထဲမှာတော့ ဟိုတယ်တွေ ဆောက် လို့မရဘူး။ လူနေအိမ်တောင်မှ တင်ပြရမယ်။ အခုလက်ရှိဖြစ်နေ တာက ပီဇက်ဇုန်ထဲမှာ ဟိုတယ် တွေဆောက်နေတာ ပြဿနာ တက်နေတဲ့ဟာပဲ၊ ပီဇက်ဇုန်ထဲမှာ ဟိုတယ်တွေ ဆောက်ခွင့်ရ၊ မရ ဆိုတာတော့ လာမယ့်ဆွေးနွေးပွဲ က အဖြေထွက်မယ်ထင်တယ်။ ဒေသခံတွေကလည်း ကန့်ကွက်မှု တွေတော့ မရှိပါဘူး။ သူတို့အိမ် တွေမှာ တည်းခိုခန်းသဘောအ ဖြစ် ခွင့်ပြုပေးမယ်ဆိုရင် လက်ခံ ကြမှာပါ’’ဟု ဦးအောင်ကြိုင်က ပြောသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ် စာရင်းဝင်နိုင်ရန် ယင်းဒေသ၌ ခြောက်လအတွင်း အဆောက်အ အုံများ မတည်ဆောက်ရန်၊ တုရင် တောင်ဒေသကို ရှေးဟောင်းအ မွေအနှစ်ဇုန်အဖြစ် သတ်မှတ်ရန် နှင့် မြို့ကိုမြင်းခြံဘက်သို့ တိုးချဲ့ ရန် ယူနက်စကိုပညာရှင်များက အကြံပြုထားသည်ဟု ဆိုသည်။
Source : http://www.7daydaily.com/
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments