လမ်းဖောက်လုပ်ခြင်းကြောင့် ဆုံးရှုံးခဲ့သည့် လယ်ယာမြေများအတွက် တောင်သူများအား လျော်ကြေးပေး

javascript
နေပြည်တော်-တောင် ညို-မြို့သစ်-ကန်ပြား (မကွေး) လမ်းမကြီး ဖောက်လုပ်ခဲ့ခြင်း ကြောင့် လယ်ယာမြေများ ဆုံးရှုံး နစ်နာခဲ့ရသည့်မကွေးမြို့နယ်အတွင်း ကျေးရွာအုပ်စုလေးစုမှ တောင်သူများအား ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မကွေးခရိုင် လမ်းဦး စီးဌာနက လယ်ယာမြေလျော် ကြေးများ ပေးအပ်ခဲ့သည်။

လျော်ကြေး ပေးအပ်ပွဲကို မကွေးမြို့ ကုန်သည်ကြီးများအ သင်းခန်းမ၌ ဇွန်လ ၂၁ ရက်တွင် ပြုလုပ်ခဲ့ပြီး မကွေးမြို့နယ် အ တွင်း ဖိုလေးလုံးကျေးရွာအုပ်စု၊ ကျစ်စုံပွေးကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာ အုပ်စုနှင့် ကန်ပြား ကျေးရွာအုပ်စုမှ တောင်သူ ၂၁၄ဦးတို့အား ပေးလျော်ခဲ့ခြင်းဖြစ် သည်။

‘‘တောင်သူအားလုံးကို သေ ချာအသိပေးထားပါတယ်။ အား လုံးလည်း လာကြမှာပါ။ မကျေ နပ်တာ၊ ကန့်ကွက်တာမျိုးတွေ မရှိပါဘူး။ တစ်ဧကကို ရှစ်သိန်း နှုန်းနဲ့ လျော်ပါတယ်’’ဟု မကွေး ခရိုင်လမ်းဦးစီးဌာန တာဝန်ရှိသူ က ပြောသည်။

လယ်ယာမြေလျော်ကြေးနှင့်ပတ်သက်ပြီး တောင်သူအများ စုက ၎င်းတို့ လယ်ယာမြေများမှာ ဘိုးစဉ်ဘောင်ဆက်လုပ်ကိုင်စားသောက်လာသည့် စီးပွားရေးဖြစ်သလို သားစဉ်မြေး ဆက်အမွေယူ၍ လုပ်ကိုင်စားသောက်နိုင်သဖြင့် ယခု လျော်ကြေးငွေမှာ နည်းပါးကြောင်း၊ သို့သော် လုံးဝဆုံးရှုံးရလိုက်ရခြင်းနှင့် စာလျှင် လျော်ကြေးပေးသည်ကို ဝမ်းသာကြောင်း ပြောသည်။

‘‘၂၀၀၂ က သိမ်းခံခဲ့ရတာ ပါ။ စသိမ်းခံရခါစက တော်တော် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲလည်း ဖြစ် ဒေါသလည်းတော်တော် ထွက်ခဲ့ပါတယ်။ နောက်တော့လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းသွားတယ်လို့ပဲ တွေးခဲ့တယ်။ ကျွန်တော်တို့ယာတွေက နှစ်စဉ်ဝင်ငွေပေးနေတာဆိုတော့ အခုလျော်ကြေးက တန်တယ်လို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ လုံးလုံးဆုံးသွားတာနဲ့စာရင် ဒါက အမှိုက်ထဲက ရွှေဖြစ်တယ်လို့ ပြောရမှာပဲ’’ ဟု ဖိုလေးလုံးကျေးရွာအုပ်စုမှ တောင်သူ ကိုကျော်သူလှိုင်ကပြောကြားသည်။

လမ်းဦးစီးဌာနမှ ကျေးရွာအုပ်စု လေးရွာတွင် ဆုံးရှုံးခဲ့သည့် လယ်ယာမြေ ၁၉၅ ဒသမ ၂ ဧကအတွက် တစ်ဧကလျှင် ကျပ်ရှစ် သိန်းနှုန်းဖြင့် ကျပ်သိန်းထောင့်ငါး ရာကျော်ကို အပြီးပေးလျော်မည် ဖြစ်ကြောင်း သိရသည်။

Source: 7Day Daily

Facebook comments