09-261334475

ရတနာအောင်ကျေးရွာစီမံကိန်း ဖယ်ရှားခံဒေသခံများ မြေနေရာပြန်ရရန် KNU/KNLA (PC) ကူညီမည်ဟုဆို

လှည်းကူးမြို့နယ် ရ တနာအောင် ကျေးရွာစီမံကိန်းမှ အင်အားသုံးဖျက်သိမ်းခံခဲ့ရသော ဒေသခံများ ၎င်းတို့မြေနေရာ ပြန် လည်ရရှိရန် KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီက ပူးပေါင်း ကူညီကာ အစိုးရအား တိုက်တွန်း ပေးမည်ဟု ဆွေးနွေးခဲ့ကြောင်း မြေသိမ်းခံပြည်သူများက ပြောသည်။


ရတနာအောင်ကျေးရွာသစ် စီမံကိန်းမှ အင်အားသုံးဖယ်ရှားခံ ရသည့် ဒေသခံပြည်သူများနှင့် KNU/KNLA (PC) ငြိမ်းချမ်းရေး ကောင်စီတို့ ဇွန်လ ၁၉ ရက်က မရမ်းကုန်းမြို့နယ် ရွှေမင်္ဂလာ (၂)စားသောက်ဆိုင်တွင် ပထမအ ကြိမ်တွေ့ဆုံဆွေးနွေးကြပြီး အဆိုပါကောင်စီ ပြန်လည်နေရာချထားရေးတာဝန်ခံ ဗိုလ်မှူးစောအယ်မှူးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရတနာအောင်ကျေးရွာသစ် စီမံကိန်းသည် ၂၀၁၄ က KNU/ KNLA (PC) စစ်ထောက်ချုပ်မဲလှဒေသ မဲလှမြို့တော်တပ် ဖွဲ့ တာဝန်ခံဗိုလ်မှူးစောသာဂေး (စီးပွားစီမံ)က အကောင်အထည်ဖော် တည်ဆောက်မည့် ကျေးရွာသစ်ဆိုင်းဘုတ်နှင့်အတူ လမ်းများ၊ ဆေးခန်းနှင့် မူလတန်းကျောင်းများ ဆောက်လုပ်ကာ မြေကွက်များ စတင်ရောင်းချခဲ့သည်။

ဗိုလ်မှူးစောသာဂေး၏ လုပ် ရပ်ကြောင့် ၎င်းတို့ ကောင်စီ၏ ဂုဏ်သိက္ခာကျဆင်းခဲ့ခြင်းကို မြှင့် တင်ခြင်းနှင့်အတူ နစ်နာခဲ့သော ပြည်သူများ မြေနေရာပြန်လည်ရ ရှိရန် ကူညီဆောင်ရွက်ပေးမည် ဟု ဗိုလ်မှူးစောအယ်မှူးက ပြော ကြားခဲ့ကြောင်း မြေသိမ်းဆည်းခံရသူ ဦးရန်နိုင်စန်းကပြောသည်။

‘‘သူတို့ကတော့ ဒီမြေကွက် တွေ ပြန်လည်ရရှိဖို့အတွက် ဥပဒေဘောင်အတွင်းက တောင်းဆိုပေး မယ်လို့ ပြောတယ်။ အခု သူတို့ အဖွဲ့က အခုလောလောဆယ် တော့ မြေသိမ်းခံရသူတွေနဲ့ မြေ ၀ယ်စဉ်က သက်သေခံကတ်ပြား မရသူတွေရဲ့ စာရင်းတွေ လိုက် လံကောက်ယူနေပါတယ်’’ဟု ၎င်းက ပြောကြားသည်။

ယခင်က ရတနာအောင် ကျေးရွာသစ်စီမံကိန်းမှ မြေကွက် များရောင်းချရာတွင် မြေတစ် ကွက်လျှင် ကျပ် ၂၅ သိန်း၊ သိန်း ၃၀ ပေးဝယ်ခဲ့ရပြီး ၀ယ်ယူသူများအား ၎င်းတို့အဖွဲ့က ဆင်းရဲနွမ်းပါးမှုပပျောက်ရေး မြေနေရာ ပြန်လည်ချထားရေးကော်မတီဟုဆိုကာ ပိုင်ဆိုင်မှုစလစ်စာရွက်တစ်ရွက် ထုတ်ပေးကြောင်း ယင်းမြေကွက်ဝယ်ယူသူ ဦးမင်းလွင်က ပြောသည်။

‘‘အဲဒီအချိန်တုန်းက သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေ၊ အစိုးရအဖွဲ့အစည်းတွေက လာ ရောက်တားဆီးခြင်းလည်း မရှိခဲ့ ပါဘူး။ ဦးသိန်းစိန်အမည်တပ်ပြီး အဲဒီတုန်းက ရောင်းချခဲ့ကြတာပါ။ တချို့ဆို အိမ်ပွဲစားတွေကတစ် ဆင့် ၀ယ်ယူခဲ့ကြတယ်’’ဟု ဦးမင်း လွင်က ပြောသည်။

ရတနာအောင်ကျေးရွာသစ် စီမံကိန်း၌ အိမ်၊ ခြံ၊ မြေကွက်ဝယ် ယူနေထိုင်ခဲ့သော အိမ်ခြေ ၅,၀၀၀ ကျော်ကို ကျူးကျော်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၁၅ ဒီဇင်ဘာ ၁၇ ရက်၌ အင်အားသုံးဖယ်ရှားခဲ့ကြသည်။

‘‘ဗိုလ်မှူး စောအယ်မှူးက တော့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်၊ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တွေ့ ဆုံဆွေးနွေးခွင့်ရရင် ဒီသိမ်းဆည်း ထားတဲ့ မြေနေရာက ကွက်လပ် မြေဖြစ်နေရင် တရားဝင် တောင်း ဆိုပေးသွားမယ်လို့ ပြောပါတယ်။ မြေနေရာပြန်ရတာနဲ့ နစ်နာခဲ့တဲ့ သူတွေကို ပြန်ပေးမယ်လို့ ပြော တယ်’’ဟု မြေသိမ်းဆည်းခံပြည် သူအရေး လိုက်ပါဆောင်ရွက်ပေး သူ ဒေါ်သင်းသင်းက ပြောကြား သည်။

ပြီးခဲ့သည့် မေလတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရတနာအောင်ကျေး ရွာသစ်စီမံကိန်း၌ နေထိုင်သူများသည် ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းဖြစ်သည်ဟု အမျိုးသား လွှတ်တော်တွင် ပြောကြားခဲ့ခြင်းအပေါ် မြေသိမ်းဆည်းခံ ပြည်သူများက သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ယင်းမြေနေရာ ပြန်လည်ရရှိရေး တောင်းဆိုခဲ့ကြသည်။

Source: 7daydaily

Facebook comments