လှိုင်မြို့နယ်အတွင်း လုံးချင်းတိုက်ခန်းအရောင်းအငှား
အိမ်ခြံမြေဈေးကွက် အေးနေသေးသည့်အချိန်အခါတွင် ရန်ကုန်တိုင်းမြို့နယ်များ
အတွင်းအငှားဈေးကွက်ကို ပိုမိုအားပြုနေရသည့် အခြေအနေရှိသည့် အလျောက်
လုံးချင်းအငှားများ၊ တိုက်ခန်းအငှားခေါ်ဆိုမှုများမှာ
လေ့လာစုံစမ်း သိရှိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်း၌လည်း တိုက်ခန်းအငှားခေါ်ဆိုမှုများ
များပြားပြီး လုံးချင်းနှင့်တိုက်ခန်းအရောင်း
မြို့နယ်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆောင်များမှ ပြောကြားချက်များအရ သိရသည်။
လှိုင်မြို့နယ် ပါရမီလမ်းမနှင့် အနီးပတ်ဝန်းကျင်ရှိ အိမ်ခြံမြေဈေးကွက် အရောင်းအငှား
ခေါ်ဆိုမှု အခြေအနေများအားအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းတစ်ခုသို့ သွားရောက်
မေးမြန်းရာတွင်
"လက်ရှိအခြေအနေမှာ အရောင်းအငှားအပ်နှံမှုများပြားေ
နည်းနည်းအေးသွားတတ်တယ် အငှားဖြစ်တဲ့ အခန်းတွေရှိပါတယ် ဈေးသက်သာတဲ့
တိုက်ခန်းအငှားတွေဆိုရင် မာလာမြိုင်ပတ်ဝန်းကျင်လမ်းသွယ်ေ
အငှားတွေ ဈေးသက်သာတဲ့ အနေအထားရှိပါတယ် ၁ သိန်းအောက်၊ ၁ သိန်းကျော်
ပတ်ဝန်းကျင် အခန်းတွေ အငှားအပ်ထားတာတွေရှိတယ် 12'x60' အခန်းတွေပေါ့
ပါရမီလမ်းနဲ့ အနီးနားဆိုရင်တော့ မြေညီအခန်းတွေဆို ၄ သိန်း အပေါ်ထပ်၂ လွှာ
၃ လွှာတွေဆို ၂ သိန်း ပတ်ဝန်းကျင် အငှားဈေးရှိတယ် ဈေးပိုမြင့်တဲ့ အခန်းတွေဆိုရင်
ကွန်ဒိုအခန်းတွေ ပါရမီအိမ်ရာထဲမှာ အငှားတွေရှိတယ် ဈေးကတော့ ၈ သိန်းကနေ
၁၃ သိန်း ပတ်ဝန်းကျင်အငှားဈေးခေါ်တာ များတယ် လှိုင် ပါရမီလမ်းပတ်ဝန်းကျင်က
မရမ်းကုန်း ဘုရင့်နောင်ဘက်က အခန်းတွေထက်စာရင် အငှားရော အရောင်းပါ ဈေး
နည်းနည်းပိုမြင့်ပါတယ် ဘုရင့်နောင်ဘက်မှာ အပေါ်ထပ်တွေ၁၃၀ ၀န်းကျင်လောက်နဲ့
ရနိုင်တဲ့အခန်းမျိုးကို ပါရမီဘက်ဆိုရင် သိန်း ၂၀၀ ကနေ ၄၀၀ ၀န်းကျင်အထိဈေးနှုန်း
ကွာတာတွေ ရှိတတ်တယ်" ဟု
လှိုင်မြို့နယ် ပါရမီလမ်းမပေါ်ရှိ "မင်းမဟာ" အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ
တာဝန်ရှိသူ တစ်ဦးက Property.com.mm သတင်းမီဒီယာသို့ ပြောကြားသည်။
Property Media Team
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments