ဒုဋ္ဌဝတီမြစ်ကို ဖြတ်၍ ဒုဋ္ဌဝတီ(ရွှေစာရံ) တံတားတည်ဆောက်

javascript

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း အမှတ်(၂)မှ တစ်ဆင့် ဒုဋ္ဌဝတီမြစ်ကိုဖြတ် ၍ ကျောက်ဆည်နှင့် ပြင်ဦး လွင်မြို့သို့ ဆက်သွယ်သွားလာနိုင်သည့် ဒုဋ္ဌဝတီ (ရွှေစာရံ)တံတား (ယာပုံ)ကို ဆောက် လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတား အထူးအဖွဲ့(၄)မှ တည်ဆောက် လျက်ရှိကြောင်း သိရသည်။

ယင်းတံတားကို ဇွန် ၆ ရက်က စတင် ၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂ဝ၁၆-၁၇ ခွင့်ပြုဘဏ္ဍာငွေကျပ် သန်း ပေါင်း ၂၁၁၂ သန်းခန့် အကုန်အကျခံ တည်ဆောက်နေခြင်းဖြစ်သည်။

''မန္တလေးကို ဝင်စရာမလိုတော့ဘဲ ပြင်ဦးလွင်ကို အချိန်တိုအတွင်း သွားနိုင်တဲ့အတွက် ဒေသတွင်း ကုန်စည်ကူးသန်း ရောင်းဝ ယ်ရေးတိုးတက်ပြီး သွားလာရေး အဆင်ပြေမယ်။ ဘာကြောင့်လဲဆိုတော့ ကျောက် ဆည်နဲ့ ပြင်ဦးလွင်သွားရင် ဒီတံတားကြောင့် မိုင် ၄ဝ လောက်ခရီး တိုသွားမယ်''ဟုတံတားအထူးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းတံတားအနီးရှိ ရွှေစာရံရွာမှ ဒေသခံဖြစ်သူ ဦးရဲဆင့်ကလည်း ''အရင်က ဆိုရင် ဒုဋ္ဌဝတီမြစ်ဖြတ်တဲ့ တံတားမရှိတော့ ညပိုင်းမှာ စက်လှေမရှိလို့ ဟိုဘက်ကမ်းကို ပြန်ဖို့အခက်အခဲဖြစ်တယ်။ ညဆိုရင် စက်လှေကိုဖုန်း ဆက်ခေါ်တာတောင် မရဘူး။တံတားပြီး သွားရင် နေ့ညအချိန်မရွေး သွားလို့ရသွားပြီ''ဟု ဆိုသည်။

အဆိုပါတံတားသည် အာစီကွန်ကရစ်အမျိုးအစားဖြစ်၍ အခန်း ခြောက်ခန်းနှင့် အရှည်ပေ ၆၆ဝ၊ ရေလယ်တိုင် ငါးတိုင်၊ ချဉ်းကပ်တိုင် နှစ်တိုင်ရှိ၍ ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်း တစ်ပေစီပါဝင်ကာ စုစုပေါင်းပေ ၃ဝ ကျယ်ပြီး၂ဝ၁၇ မတ်လ တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။


Source: MOI Webportal Myanmar

Facebook comments