မီးဘေးဒဏ်သင့်ခဲ့ သော ရန်ကုန်မြို့ရှိ မင်္ဂလာဈေးအ ဆောက်အအုံကို ဈေးသူ၊ ဈေး သားများ၏ ဆန္ဒသဘောထားအရ လက်ရှိဈေးကို ဖြိုချကာ အသစ် ဆောက်လုပ်မည်ဖြစ်ပြီး လုပ်ငန်း များ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာ ၀င်းမြတ်အေးက ပြောကြား သည်။
မေလ ၉ ရက်တွင် ပြုလုပ် သည့် ပြည်သူ့လွှတ်တော်အစည်း အဝေး၌ မင်္ဂလာတောင်ညွန့် မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက မင်္ဂလာဈေး အသစ်တည်ဆောက် ခြင်း (သို့မဟုတ်) မွမ်းမံတည် ဆောက်ခြင်းအနက် မည်သည့် နည်းလမ်းကို အသုံးပြုကာ မည် သည့်အချိန်တွင် စတင်ဆောင် ရွက်ရန် မေးခွန်းကို ဖြေကြားရာ၌ ပြည်ထောင်စုဝန်ကြီးက အထက် ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
မင်္ဂလာဈေးမှ ဈေးသူ၊ ဈေး သားများသည် အခြားသတ်မှတ် ထားသည့် နေရာများတွင် အခက် အခဲများ တွေ့ကြုံနေရခြင်း၊ လုံခြုံ မှုမရှိသဖြင့် ဖောက်ခွင်းခံရခြင်း စ သည့် ပြဿနာများနှင့် ရင်ဆိုင်နေ ရကြောင်း လွှတ်တော်ကိုယ်စား လှယ် ဒေါ်ဖြူဖြူသင်းက ပြော ကြားသည်။
၂၀၁၆ မေလ ၁၆ ရက်က ဈေးကို အသစ်ပြန်လည်တည် ဆောက်ရန် (သို့မဟုတ်) ဈေးအ ဟောင်း ပြန်လည် ပြုပြင်မွမ်းမံရန် ဈေးသူ၊ ဈေးသားများထံမှ ဆန္ဒ ရယူရာ ဆိုင်ခန်းပေါင်း ၄,၀၆၂ ခန်းရှိသည့်အနက် ဆိုင်ခန်း ၃,၀၉၃ ခန်းတွင် အသစ်ပြန်လည် တည်ဆောက်ရန် ထောက်ခံခဲ့ရာ ဈေးအသစ် ပြန်လည်တည် ဆောက်ရေး ဆန္ဒပြုသူ ၅၆ ဒသမ ၅ ရာခိုင်နှုန်းရှိသဖြင့် ဈေးအသစ် ပြန်လည်တည်ဆောက်ရေးကို ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်မှတစ်ဆင့် ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့သို့ တင်ပြဆုံး ဖြတ်ချက် ရယူကာ အမြန်ဆုံးအ ကောင်အထည်ဖော်ဆောင်ရွက် မည်ဖြစ်ကြောင်း ဒေါက်တာ ၀င်း မြတ်အေးက ပြောသည်။
အဆိုပါဈေးကြီးကို ၁၉၉၈ ဇူလိုင် ၅ ရက်တွင် စတင်ဖွင့်လှစ် ပြီး ၂၀၁၀ ၌ ပထမအကြိမ်၊၂၀၁၆ ဇန်န၀ါရီ ၉ ရက်တွင် ဒုတိယအ ကြိမ် မီးလောင်ခဲ့ရာ ဒုတိယအ ကြိမ်မှ မီးလောင်မှု၌ တတိယထပ် မှ ခေါင်မိုးထပ်အထိ ဆိုင်ခန်း ပေါင်း ၁,၆၃၆ ခန်း မီးလောင်ဆုံး ရှုံးခဲ့ကြောင်း လွှတ်တော်သို့ တင် ပြသည့်စာရင်း၌ ဖော်ပြထားသည်။
Source:7daydaily