ကိုကိုးကျွန်းမှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံ တည်ဆောက်မည်

javascript
သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ်သန်း ၁၀၀၀ အသုံးပြုပြီး ကိုကိုးကျွန်းမြို့နယ်မှာ မုန်တိုင်းဒဏ်ခံအဆောက်အအုံ တည်ဆောက်ပေးမယ်လို့ ရန်ကုန်တိုင်းလျှပ်စစ် စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်ကပြောပါတယ်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)က လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဝင်းက ၂၀၀၈ ခုနှစ်က တိုက်ခက်ခဲ့တဲ့ နာဂစ်မုန်တိုင်းအပြီးမှာ ပင်လယ်ကမ်းခြေရှိတဲ့ ဧရာဝတီတိုင်း၊ရန်ကုန်တိုင်းပင်လယ်ကမ်းခြေတစ်လျှောက်မှာ မုန်တိုင်းဒဏ်ခံ အဆောက်အအုံတွေ တော်တော်များများတည်ဆောက်ပေးခဲ့ပါတယ်။ကိုကိုးကျွန်းမြို့နယ်မှာလည်း မုန်တိုင်းဒဏ်ခံအဆောက်အအုံတည်ဆောက်ပေးဖို့ အစီအစဉ်ရှိမရှိ သည်လ ၂ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ မေးမြန်းပါတယ်။

ဝန်ကြီးဒေါ်နီလာကျော်က သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်းလူဦးရေ ၃၀၀ နားခိုနိုင်မယ့် မုန်တိုင်းဒဏ်ခံအဆောက်အအုံ နှစ်လုံးကို တည်ဆောက်ပေးမယ်လို့ ဖြေကြားပါတယ်။
ကိုကိုးကျွန်းမြို့နယ်မှာ တည်ဆောက်မယ့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အထူးင်္စမံချက်ဖြစ်တဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးပြင်ပရှိ မြို့နယ်တွေနဲ့ ကျေးရွာတွေဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အတည်ဖော်တဲ့ အစီအစဉ်မှာ ထည့်သွင်းတည်ဆောက်မှာဖြစ်ပါတယ်။

ကိုကိုးကျွန်းမြို့နယ်မှာ မုန်တိုင်းဒဏ်ခံအဆောက်အအုံတည်ဆောက်ဖို့ မေလ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့က ကွင်းဆင်းပါတယ်။ကွင်းဆင့်လေ့လာချက်အရ ကိုကိုးကျွန်းမြို့နယ်မှာ ကျပ်သန်း ၅၀၀ကုန်ကျမယ့် မုန်တိုင်းဒဏ်ခံအဆောက်အအုံနှစ်လုံး တည်ဆောက်ဖို့ ဆုံးဖြက်ခဲ့တယ်လို့ သိရပါတယ်။
ကိုကိုးကျွန်းမြို့နယ်က ရန်ကုန်မြို့ကနေ ရေမိုင် ၂၆၀ ကွာဝေးပြီး ကပ္ပလီပင်လယ်ထဲမှာ ပါဝင်တဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။မြို့ပေါ်နေရပ်ကွက် နှစ်ကွက်ရှိပြီး လူဦးရေ ၁၀၀၀ ခန့် နေထိုင်ပါတယ်။ကျွန်းပေါ်မှာ အမှတ် (၂၇) ရေတပ်စခန်း တည်ရှိပါတယ်။

ကိုကိုးကျွန်းမြို့နယ်က ကျွန်းဝန်းကျင်မှာ ကျောက်ဆောင်ကျောက်ကမ်းတွေရှိလို့ သဘာဝဘေးအန္တရယ်ကျရောက်ရင် ကျွန်းဝန်းကျင် သင်္ဘောကပ်ရောက်ဖို့ ခက်ခဲတာ ၊လေယာဉ်လည်းဆင်းသက်ဖို့ အဆင်မပြေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကိုကိုးကျွန်းလွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းကပြောပါတယ်။
ပြီးခဲ့တဲ့မေလ ၆ ရက်နေ့က ကိုကိုးကျွန်းမြို့နယ်မှာ ရွာသွန်းခဲ့တဲ့ မိုးရေချိန်က ၈.၈၆ လက်မအထိစံချိန်တင် မြင့်တက်ခဲ့ပြီး အချိန်မရွေးသဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

Source : The Kumudra

Facebook comments