တာချီလိတ် အိမ်ခြံမြေဈေးကွက် အရောင်းသာရှိ အ၀ယ်ရပ်

javascript
ရှမ်းပြည်နယ် အရှေ့ပိုင်းတာချီလိတ်အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းသာရှိပြီး အ၀ယ်ရပ်ဆိုင်းနေတဲ့ အခြေအနေကြုံနေရတယ်လို့ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူတွေဆီက သိရပါတယ်။

အစိုးရသစ်တက်တက်ချင်းမှာ မန္တလေးတိုင်းဝန်ကြီးချုပ်က မန္တလေးအိမ်ခြံမြေ ဈေးကွက်ကို ထက်ဝက်ကျအောင် အစိုးရသက်တမ်းအတွင်းမှာ လုပ်မယ်လို့ပြောလိုက်တော့ တစ်နိုင်ငံလုံးဈေးကွက်တွေလှုပ်ခက်ကုန်တယ် ၀ယ့်မယ့်သူတွေလဲမ၀ယ်ရဲတော့ဘူး၊ရောင်းမယ့်ဈေးကွက်
ရှိပြီး အ၀ယ်ရပ်နေတာပေါ့ နဂိုကတည်းက ဧပြီ ၁ရက်နေ့မှာ အသက်ဝင်တဲ့ အခွန်စည်းကြပ်တဲ့ ဥပဒေကြောင့်ဈေးနှုန်း တွေကမြင့်လာလို့ ငြိမ်နေရာက ပိုဆိုးသွားတဲ့ သဘောဖြစ်သွားတာ လို့မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (တာချီလိတ်) ကကော်မတီဝင် ဦးဝင်းကျော်ကသူ့အမြင်ပြောပါတယ်။

ရန်ကုန်၊မန္တလေး အိမ်ခြံမြေ ဈေးကွက်လည်း ငြိမ်သက်နေတာကြောင့် တာချီလိတ်အိမ်ခြံမြေ ဈေးကွက် ရင်းနှီးမြုပ်နှံ သူတွေလည်း ဈေးကွက်အခြေအနေ စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။တည်ငြိမ်တဲ့ ဈေးကွက်ဖြစ်ဖို့ အခွန်နှုန်းထားတွေက တအားတက်လာတော့ ရင်နှီးမြုပ်နှံမယ့်သူတွေကစဉ်းစားလာပြီ၊သူဒီအိမ်တစ်လုံးရောင်းပြီး နောက်တစ်လုံးဝယ်မှာ ၊အဲဒီမှာနောက်ထပ်ဝယ်မဲ့ အိမ်အတွက် အခွန်ပေးဆာင်ရမှာများတော့ သူ့အနေနဲ့ ဒီဘက်အိမ်ကိုလည်း မရောင်းဘူး၊၀ယ်လည်းမ၀ယ်တော့ဘူး ရင်းနှီးမြုပ်နှံသူတွေ အခွန်ကြောက်နေတော့ ဧပြီလဆန်းပိုင်းကတည်းက ဆက်တိုက်အေးလာတာ အခုအထိပဲ၊အစိုးရအနေနဲ့ တည်ငြိမ်တဲ့ ဈေးကွက်ဖြစ်ဖို့ ပေါ်လစီရေးဆွဲသင့်ပြီလို့ အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

အိမ်ခြံမြေဈေးကွက်ကို ၂၀၁၄ ခုနှစ်မှာ အခွန်နှုန်းထားလျော့ချပေးရာမှာ အိမ်ခြံမြေတန်ဖိုး ကျပ်သိန်း ၅၀၀ အောက်ကိုသုံးရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ရပါတယ်။၂၀၁၆ ခုနှစ် အကောက်ခွန်ဥပဒေအရ အခွန်နှုန်းထားမှာ ကျပ်သိန်း ၃၀၀ အောက်ကို ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းနဲ့ ကုန်သွယ်ခွန် ၃ ရာခိုင်နှုန်းပေးဆောင်ဖို့ တိုးမြှင့်လိုက်ပါတယ်။

Source: The Kumudra

Facebook comments