တောင်သမန်ကျေးလက်အပန်းဖြေစခန်းစီမံကိန်းဧရိယာ ၅၀ ရာခိုင်နှုန်းလုပ်ငန်းရပ်ဆိုင်းရန် ညွှန်ကြားထားဟုဆို

javascript
အမရပူရမြို့နယ်ရှိ တောင်သမန်အင်းနှင့် ဦးပိန်တံ တားအနီး မြန်မာ့ရိုးရာယဉ်ကျေးမှု နှင့် တောင်သမန်ကျေးလက်အ ပန်းဖြေစခန်းစီမံကိန်းဧရိယာ ၅၀ ရာခိုင်နှုန်းခန့်ကို ရပ်ဆိုင်းရန် ညွှန်ကြားထားကြောင်းမန္တလေးမြို့ တော်ဝန်
ဒေါက်တာ ရဲလွင်က ပြောကြားသည်။

‘‘တံတားနဲ့ ပေ ၂၀၀ ပဲကွာ တယ်။ ၄ဒသမ၉၄ ဧကကို ဆိုင်းငံ့ ထားပါတယ်။ ဘာကြောင့်လဲဆို တော့ တံတားနဲ့ အရမ်းနီးကပ်နေ တယ်။ တံတားက ရှေးဟောင်း သမိုင်းဝင်နေရာဖြစ်နေတယ်။ နိုင်ငံခြားသားတွေ ဆွဲဆောင်မှု အရှိဆုံးနေရာဖြစ်တယ်။ ဒီလိုနေ ရာအနီးမှာ သူတို့ပြောတဲ့ ပြတိုက်၊ စာကြည့်တိုက် ဘာမှမဆောက် လုပ်ခိုင်းထားသေးပါဘူး။ ပြီးတော့ စီမံကိန်းထဲမှာပါတဲ့ ၅၈ဒသမ၈၃ ဧကဘက်ကို မြေမဖို့ဖို့ ရပ်ဆိုင်း ထားခိုင်းတယ်။ ဒါကတော့ ဘာ ကြောင့်လဲဆိုတော့ သူ့ရဲ့ လမ်းက အမြန်လမ်းဘက်ကို မတက်ဖို့ပါ။ ကျန်တဲ့ ဧက ၄၀ ကျော်ကတော့ ဆက်ဆောက်ချင်ဆောက်ပါ’’ဟု မန္တလေးမြို့တော်စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာ ရဲလွင်က ပြောသည်။

အပန်းဖြေဟိုတယ်စီမံကိန်း တည်ဆောက်မှုကို မန္တလေးမြို့ တော်ဝန် ဒေါက်တာ ရဲလွင်က မေလ ၂၈ ရက်တွင် သွားရောက် စစ်ဆေးရာ အများပိုင်မြေနေရာ ၄ဒသမ၉၄ ဧကသည် တောင်သ မန်နှင့် ဦးပိန်တံတားနှင့် ပေ ၂၀၀ နီးကပ်နေပြီး ရှေးဟောင်း
အမွေ အနှစ်များ ထိခိုက်မည်ကို စိုးရိမ် သဖြင့် ဆောက်လုပ်မှု ခေတ္တဆိုင်းငံ့ထားရန် ပြောကြားခြင်း
ဖြစ်သည်။

‘‘၀န်ကြီးချုပ်နဲ့ မြို့တော်ဝန် ကြီးတို့ ပြောကြားချက်အတိုင်း ၄ဒသမ၉၄ဧကလုပ်ငန်းကိုသာ ခေတ္တဆိုင်းငံ့ပေးဖို့ ညွှန်ကြားပါ တယ်။ ကျန်တဲ့ ၄၀ဒသမ၂၇ ဧက လုပ်ငန်းနဲ့ ကျန်တဲ့လုပ်ငန်းတွေ ကို ဆက်ပြီး ဆောင်ရွက်ပါလို့ ညွှန် ကြားလာပါတယ်။ သဘာဝပတ် ၀န်းကျင်၊ ရှေးဟောင်းအမွေအနှစ်တွေ မထိခိုက်ရေးနဲ့ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေးတို့အတွက် လုပ်ဆောင်ဖို့ မှာ ကြားသွားပါတယ်’’ဟု တောင်သ မန်သစ္စာကုမ္ပဏီ စီမံကိန်းဆိုင် ရာပြန်ကြားရေးတာဝန်ခံ ဦးခင် မောင်ထွန်းက ပြောသည်။

အပန်းဖြေဟိုတယ်တည် ဆောက်မှုတွင် ပထမအကြိမ်ခွင့် ပြုမိန့်ကျပြီးသော
မြေ ၄၀ဒသမ၂၇ဧကတွင် အဆောက်အအုံ ၁၉၉ လုံး၊ ဒုတိယအကြိမ်ခွင့်ပြုမိန့်ကျပြီးသော မြေ ၅၈ဒသမ၈၃ ဧကတွင် အဆောက်အအုံ ၃၂၇ လုံးဆောက်လုပ်မည်ဖြစ်ပြီး ယခုခေတ္တရပ်ဆိုင်းထားရသည့် မြေနေရာသည် ဒုတိယစီမံကိန်းတွင်ပါရှိကြောင်း တောင်သမန်သစ္စာကုမ္ပဏီမှ သိရသည်။

စီမံကိန်းကို ၂၀၁၅ မေလကစတင်ဆောက်လုပ်ပြီး
မြေဖို့ခြင်း ၈၀ ရာခိုင်နှုန်းပြီးစီးနေပြီး အ ဆောက်အအုံ ခြောက်လုံးဆောက်လုပ်ပြီးစီးထားကာ သုံးနှစ်အတွင်း အပြီးတည်ဆောက်နိုင်ရန် 
ရည်ရွယ်ထားကြောင်း သိရသည်။

Source: 7Daydaily

Facebook comments