ရန်ကုန်မြို့ အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက် ကာလအတန်ကြာတည်ငြိမ်အေးစက်နေသည့် အလျောက်
ဝယ်ရောင်းဈေးကွက် တဖြည်းဖြည်းနည်းပါးလာကာ အငှားဈေးကွက်ကိုသာ အားပြုနေရပြီး အိမ်ခြံမြေဘက်သို့
ရင်းနှီးမြှုပ်နှံသူများအနေဖြင့်လည်း ပိုမိုနည်းပါးလာနေကြောင်း Property.com.mm သတင်းမီဒီယာမှ လေ့လာ
စုံစမ်းသိရှိရပါသည်။
ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်အနေဖြင့်
လတ်တလောအခြေအနေတွင် အရောင်းခေါ်ဆိုမှုများ ပိုမိုတွေ့လာရပြီး
မြို့နယ်အများစုတွင် အိမ်ရောင်းမည် ငှားမည်ကဲ့သို့ ဆိုင်းဘုတ်များလည်း အတွေ့ရများလာကာ အငှားဈေးကွက်
ကို ပိုမိုအားပြုလာနေရသည့် အခြေအနေဖြစ်နေသည်။
အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် ပြန်လည်ရောင်းချရန် ခက်ခဲသည့် အခြေအနေဖြစ်နေသည့် ရန်ကုန်မြို့
အိမ်ရာတိုက်ခန်းများအစား နယ်မြို့ကြီးများနှင့် နီးစပ်ရာ အိမ်ရာများ၊ ခြံမြေကွက်များကို လေ့လာစုံစမ်းမှု ပိုမို များ
လာကြောင်းကိုလည်း တွေ့ရှိရသည်။
နယ်ဘက်ဒေသများရှိ
အိမ်ခြံမြေများအား စိတ်ဝင်စားလေ့လာသူများတွင် အဓိကအားဖြင့် ၂ ပိုင်းတွေ့ရပြီး
ရင်းနှီးမြှုပ်နှံမှုကဏ္ဍအတွက် လေ့လာစုံစမ်းသူများ၊ အချို့မှာလည်း နယ်ဘက်ဒေသများတွင် ပြောင်းရွေှ့ နေထိုင်
လိုမှုအတွက်နှင့်
အချို့မှာလည်း ရင်းနှီးမြှုပ်နှံမှု၊ ပြောင်းရွှေ့နေထိုင်လိုမှု အနေဖြင့်လည်း မဟုတ်ပဲ
ဒေသရေမြေ ပထ၀ီအနေအထားတို့အား နှစ်သက်၍လည်းကောင်း၊ မိဘဘိုးဘွား ဆွေမျိုးများနှင့် နီးစပ်ရာ
ပတ်ဝန်းကျင်ဖြစ်၍
ခြံမြေတိုက်ခန်း ၀ယ်ယူပိုင်ဆိုင်ထားလိုသူများလည်း ရှိကြသည်။
အများစု စိတ်ပါဝင်စားမှုရှိကြသည့် ဒေသများမှာ တောင်ကြီးမြို့အနီး ပတ်ဝန်းကျင် အိမ်ရာတိုက်ခန်း မြေကွက်များ၊
ပြင်ဦးလွင်အနီးဝန်းကျင် မြေကွက်များအား လေ့လာစုံစမ်းမှု ပိုမိုများပြားကြကာ ကမ်းခြေဒေသများအနီး အိမ်ရာ
တိုက်ခန်းများကိုလည်း စိတ်ဝင်စား လေ့လာသူများ ရှိလာကြသည်ကို
တွေ့ရသည်။
နယ်မြို့များရှိ အိမ်ရာတိုက်ခန်းမြေကွက်များအနေဖြင့်မူ ရန်ကုန်မြို့ကဲ့သို့ ၀ယ်ရောင်းဈေးကွက်ကျယ်ပြန့်စွာ မရှိ
သော်လည်း အိမ်ရာတိုက်ခန်းရှားပါးခြင်း အရောင်းဈေးကွက် ကျဉ်းမြောင်းခြင်း၊ နေရာကောင်းရရှိရန် ခက်ခဲခြင်း၊
နေရာဒေသအပေါ်မူတည်၍ အခြေချနေထိုင်လို၍ ၀ယ်ယူသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုအရ ၀ယ်ယူသည်ဖြစ်စေ
ဝယ်လက်များအနေဖြင့်လည်း အချိန်မရွေးရှိနေကြခြင်းများက ဈေးကွက်အားသာချက်တစ်ခု
ဖြစ်သည်။
Property.com.mm
Media Team
www.Property.com.mm
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments