နေပြည်တော်မှာ သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာ စမ်းသပ်တည်ဆောက်မည်

javascript
ဆောက်လုပ်ရေးဝန်ကြီးဌာန ရက် ၁၀၀ စီမံကိန်းအတွင်း ကျပ်သိန်း ၁၀၀ အောက် တန်ဖိုးနည်းအိမ်ရာတွေကို နေပြည်တော်မှာ စတင်စမ်းသပ်တည်ဆောက်မယ်လို့ သိရပါတယ်။

နေပြည်တော် ကောင်စီနယ်မြေ ၊ ဥတ္တရသီရိမြို့နယ် ၊ ရွှေနံ့သာရပ်ကွက်အတွင်းရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာပေါ်မှာ စတင်တည်ဆောက်မှာဖြစ်တယ် ။ 
စမ်းသပ်တည်ဆောက်မှုအောင်မြင်ရင် တစ်နိုင်ငံလုံးမှာ ဆက်လက်တည်ဆောက်ဖို့ စီမံချက်အနေနဲ့ လျထားပြီးဖြစ်တယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရပါတယ်။

‘တန်ဖိုးနည်းအိမ်ရာဆောက်တာ ကောင်းပါတယ် ၊ စီးပွားရေးကို အခြေချပြီးလာလုပ်နေကြတဲ့ မြို့မဈေးထဲက ဈေးသည်တွေအတွက် အဆင်ပြေနိုင်သလို ဝန်ထမ်းအနည်းငယ်ပိုင်း အချို့ဆိုရင်မဝယ်နိုင်ကြဘူး ၊ အခုဆောက်မယ့်နေရာက သူတို့တွေနဲ့လဲ နီးတော့ အဆင်ပြေတာပေါ့’ လို့နေပြည်တော် ဇေယျအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးနန္ဒကျော်က ပြောပါတယ်။

တန်ဖိုးနည်းအိမ်ရာတစ်လုံးမှာ အခန်းပေါင်း ၄၀ ၊ အထပ်ငါးထပ်ပါဝင်မှာဖြစ်တယ် ။ တန်ဖိုးနည်းအိမ်ရာတည်ဆောက်တာကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အစိုးရနဲ့အကျိုးတူပူးပေါင်းတည်ဆောက်ချင်ရင် ပါဝင်နိုင်ပြီး ပြန်လည်ရောင်းချတဲ့အခါမှာ ကျပ်သိန်း ၁၀၀ အောက်နှုန်းထားနဲ့သာ ရောင်းချရမှာဖြစ်တယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ရက် ၁၀၀ စီမံကိန်းမှာ မေလ ၁ ရက်နေ့က စတင်အကောင်အထည်ဖော်မယ်လို့ သိရပါတယ်။

နေပြည်တော်ဟာ ဝန်ထမ်းမြို့တော်ဖြစ်တာကြောင့် ရာထူးကြီးသူအများစု မြေကွက် ၊ အိမ်တွေရရှိထားပေမဲ့ ရာထူးနည်းပြီး လုပ်သက်ငယ်တဲ့ဝန်ထမ်းအများစုဟာ မြေယာပိုင်ဆိုင်မှုမရှိကြပါဘူး ။

Source: The Modern

Facebook comments