ရတနာပုံတံတားစီမံကိန်း ပိုလျှံမြေကိစ္စ ပြန်တင်ပြရန် သမ္မတရုံးက ညွှန်ကြားထား

javascript

မန္တလေးမြို့နှင့် စစ်ကိုင်းမြို့ကို ဆက်သွယ်ထားသော ဧရာဝတီတံတား (ရတနာပုံ) အောက်ရှိ စီမံကိန်းပိုလျှံမြေများကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေနေရာအဖြစ် လ/န (၃၉) မြေနေရာ 
ရယူထားခြင်းအား ပယ်ဖျက်ပေးရန်နှင့် ၎င်းပိုလျှံမြေများကို မူလပိုင်ရှင်များအား ပြန်ချပေးရန်
တောင်သူများက တောင်းဆိုထားသော ကိစ္စကို စိစစ် တင်ပြသွားရန် နိုင်ငံတော်သမ္မတရုံးက
ညွှန်ကြားထားသည်။

အထက်ပါကိစ္စအား အမရပူရမြို့နယ်ရှိ ခ၀ါတော်၊ သက္ကယ်တော်ကျေးရွာများမှ တောင်သူသုံးဦးက
ယခုနှစ် ဧပြီ ၅ ရက်တွင် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ထံသို့ စာဖြင့် ပေးပို့တင်ပြခဲ့ရာ 
သမ္မတရုံးက အဆိုပါစာကို လက်ခံရရှိကြောင်းနှင့် ယင်း ကိစ္စနှင့် စပ်လျဉ်းပြီး ဆောက်လုပ်ရေး 
ဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ စိစစ်ပြီး အခြေအနေအား ပြန်လည်တင်ပြရန် 
အကြောင်းကြားသွား မည်ဟု ပြန်စာရရှိထားကြောင်း မြေများ ပြန်ရရန်တောင်းဆိုထားသော တောင်သူ
တစ်ဦးဖြစ်သည့် ဦးမိုးနောင်က ပြောသည်။

"နိုင်ငံတော်သမ္မတရုံးကနေ ညွှန်ကြားရေးမှူး ဦးဟန်မင်းအောင်ရဲ့ လက်မှတ်ထိုးနဲ့ အကြောင်းပြန်ကြား
စာကို ကျွန်တော်တို့ ဒီလ ၁၂ ရက်က ရထားပါတယ်။ တံတားဆောက် ပြီးတော့ ပိုတဲ့မြေ
ခြောက်ဧကကျော် ရှိတာ မှာ ဆောက်လုပ်ရေးဝန်ကြီးဌာန အထူးစီမံ ကိန်းအဖွဲ့က တာဝန်ရှိ
သူတွေက ၄ ဒသမ ၁၈ ဧကကို လန/၃၉ ဖောက်ယူပြီး အခု အဲဒီ မြေပေါ်မှာ နေ့စား အလုပ်
သမားတွေကို အဆောက်အအုံတွေ ဆောက်ပြီး ထားထားတယ်။ ဆောက်လုပ်ရေး အထူးအဖွဲ့ကလည်း
(၁)၊ (၂)၊ (၄) ဆိုပြီး အမျိုးမျိုး ပြောင်းခဲ့ပြီ၊ အခု ရတနာပုံတံတား အခြေစိုက်အဖွဲ့ဆိုပြီး
ဆိုင်းဘုတ်ပြောင်းသွားပြန်တယ်။ ကျွန် တော်တို့ မူလတောင်သူတွေက မြေမဲ့ယာမဲ့ ဘ၀မှာ
အခု တအားဒုက္ခရောက်နေကြရပါ တယ်"ဟု ဦးမိုးနောင်က ပြောသည်။

အဆိုပါမြေများ ပြန်ရရေးအတွက် တောင်သူများ ကြိုးပမ်းနေသည်မှာ လေးနှစ် တာကာလသို့
ရောက်ရှိခဲ့ပြီဖြစ်ကာ တရား ၀င် ဆန္ဒဖော်ထုတ်ခဲ့သည်မှာလည်း နှစ်ကြိမ် ရှိခဲ့သည်။ ရတနာပုံ
တံတား စီမံကိန်းကို ၂၀၁၁ ခုနှစ်၌ စတင်ခဲ့ပြီး စီမံကိန်းနှင့် မလွတ် ကင်းသော နေရာမှ နေအိမ်
များကို အမရပူရ မြို့နယ်၊ ရွှေလေးကျေးရွာအလွန်ရှိ ရေမရှိ၊ မီး မရှိ မြေရိုင်းဖြစ်သော ရေနက်
ကွင်းနေရာများ သို့ ရွေ့ပြောင်းခဲ့ပြီး ရွှေ့ပြောင်းခံခဲ့ရသူများ မှာ စီးပွားရေး၊ လူမှုရေး ဒုက္ခအ၀၀ကို
ခံစား ခဲ့ရကာ ယခုအထိ နာလန်မထူနိုင်တော့ ကြောင်း တောင်သူမမြင့်ကြူက ပြောသည်။

"တောင်သူတွေလည်း ယာပိုင်ရှင်ဘ၀ ကနေ အ၀တ်လျှော်အငှားလိုက်၊ ပန်းရန်လိုက်တွေ
ဖြစ်ကုန်ကြပါပြီ။ အခုတက်လာတဲ့ အစိုးရအဖွဲ့ကို မှန်မှန်ကန်ကန် တိတိကျကျ၊ ရိုးရှင်းစွာနဲ့ 
ဆုံးဖြတ်ပေးလိမ့်မယ်လို့ ယုံ ကြည်ပါတယ်"ဟု မမြင့်ကြူက ပြောသည်။

ယခင်က တံတားစီမံကိန်းကြောင့် ရွှေ့ ပြောင်းခဲ့ရသူများမှာ ယခုအခါ တံတားချဉ်း ကပ်လမ်း၊ 
ပတ်လမ်းများအတွင်း နေရာလွတ် များတွင် နေအိမ်များ ပြန်လည်ဆောက်လုပ် နေထိုင်လာကြရာ
အဆိုပါ အဆောက်အအုံ၊ ဈေးဆိုင်များကို ယခုလ ၁၂ ရက်တွင် အပြီး ဖယ်ရှားကြရန်နှင့် မဖယ်ပါက
လမ်းမကြီး များ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အမရပူရမြို့နယ် လမ်းဦးစီးဌာနမှ သက်ဆိုင်
သူများကို စာများ ပေးပို့ထားကြောင်း မမြင့်ကြူက ပြောသည်။

"အခုအထိတော့ အဲဒီစာနဲ့ ပတ်သက်ပြီး တစ်ခုခုလာလုပ်တာမျိုး ထူးခြားမှု မရှိသေးဘူး။ ဒီနေရာတွေက
ကျွန်မတို့ ဘိုးဘွားတွေ လက်ထက်ကတည်းက နေလာတဲ့ နေရာ တွေပါ။ မပြေလည်ကြတော့ 
လွတ်နေတဲ့ အရင်က ကိုယ့်နေရာတွေမှာ ပြန်နေကြတယ်။ အေးအေးချမ်းချမ်းနဲ့ အတည်တကျ
ပြန်နေချင်ပါတယ်"ဟု မမြင့်ကြူက ပြော သည်။

Source: Myanmar Times

Facebook comments