သဘာဝအလှတွေ မပျက်ယွင်းသေးတဲ့ ကမ်းခြေ၊ သို့မဟုတ်ကဗျာဝ

javascript

ကပ္ပလီပင်လယ်ပြင်ဆီကနေ ဆားငွေ့နံ့သင်းနေတဲ့ လေက ကမ်းရိုးတန်း တစ်ဖက်ခြမ်း အစွန်းပိုင်း ခပ်ကျဲကျဲ ပေါက်တဲ့ ထင်းရှူးပင်တန်းဆီကို တိုးဝှေ့ ဖြတ်သန်းရင်း ကုန်းမြေဆီကို ဦးတည် တိုက်ခတ်နေပါတယ်။

အနိမ့်အမြင့် မညီတဲ့ တောင်ကုန်းတောင်တန်းကမူတွေပေါ်မှာတော့ ခပ်စိပ်စိပ်စိုက်ပျိုးထားတဲ့ ကွမ်းသီး၊ ရော်ဘာစတဲ့ သီးပင်စားပင်တွေက ပင်လယ်ပြင်ဆီကို မျက်နှာမူနေကြပါတယ်။မေလဆန်းနေ့ အပူရှိန်က
မြင့်သထက်မြင့်လာလေ ပိုပြီး ပူလာလေဖြစ်ပါတယ်။မိုးတိမ်တောင်တွေကင်းစင်နေတဲ့ အပြာရင့်ရောင်ကောင်းကင်အောက်က ပင်လယ်ပြင်ဟာဒီရေကျချိန် လေအငြိမ်မို့ ခပ်လေးလေး ခပ်ဖြည်းဖြည်း
ကမ်းခြေဆီကို တွားသွားနေပါတယ်။ဒီနေရာနဲ့ဒီအမည်က အရင်က လူသိပ်မသိ နာမည်မကြီးတဲ့ သဘာဝအရိုင်း ကမ်းခြေတစ်ခုဖြစ်ပြီးအခုအချိန်မှာတော့ ပြည်တွင်းက လာရောက် လည်ပတ်သူတွေအပြင် ပြည်ပက ခရီးသွားတွေ တဖွဲဖွဲလာရောက် လည်ပတ်ရာ နယ်မြေတစ်ခုအဖြစ် စတင် အသက်ဝင်လာနေပြီဖြစ်ပါတယ်။ ကဗျာဝကမ်းခြေဟာ မွန်ပြည်နယ်၊ ရေးမြို့ကနေ ၁၇ မိုင်လောက်ဝေးပြီးတော့ သဘာဝအတိုင်းရှိနေဆဲ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ငွေဆောင်၊ ချောင်းသာစတဲ့ ကမ်းခြေတွေလို လှပတဲ့ သဲသောင်ပြင်၊ကျောက်ဆောင်တွေနဲ့ ပင်လယ်ပြင်ရှုခင်းတွေရှိတဲ့ ကမ်းခြေတစ်ခုဖြစ်ပါတယ်။ကမ်းခြေပိုင်း ကုန်းမြေကနေ ဒီရေကျချိန်

ဆိုရင် သဲသောင်ပြင် အကျယ်ပေ ၃၀၀ လောက်အထိ ကျယ်ပြန့် ပြီးတော့ ကမ်းရိုးတန်း အရှည် ရှစ်မိုင် ၀န်းကျင်ရှိပါတယ်။အခုအချိန်မှာ ရာနဲ့ချီတဲ့ ပြည်တွင်းခရီးသွားတွေအပြင် တိုးရစ်တွေလည်း ဒီနှစ် အစောပိုင်းကစလို့လာရောက်လည်ပတ်နေကြပြီဖြစ်ပေမယ့်၊ ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေတွေ မရှိသေးပါဘူး။ လမ်းပန်းဆက်သွယ်ရေးကလည်း ကောင်းမွန်ခြင်း မရှိသေးပါဘူး။ကမ်းခြေအနီးက ရွာခံ အချို့ကတော့ ကမ်းခြေအ၀င်ဝမှာမြေကွက် အချို့ဝယ်ယူပြီးတော့ လွန်ခဲ့တဲ့နှစ်လကျော် သုံးလလောက်ကမှ ၀ါးတိုင်ထောင်၊ သက်ကယ်မိုးထားတဲ့ စားသောက်ဆိုင်အချို့ လာရောက်ဖွင့်လှစ်ထားကြပါတယ်။ကဗျာဝကမ်းခြေအနီးအနားက ကဗျာကြီး၊ ကဗျာဝ၊ ရွှေဟင်္သာ စတဲ့ ကျေးရွာခံတွေဟာ တံငါလုပ်ငန်း၊ ဥယျာဉ်ခြံလုပ်ငန်းတွေနဲ့ အသက်မွေးကြပြီးတော့ လူငယ်လူရွယ်အားလုံးနီးပါးထိုင်းနိုင်ငံကို တရားမ၀င် သွားရောက် အလုပ်လုပ်ကိုင်နေကြပါတယ်။လက်ရှိအချိန်ထိ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုက အရင်အတိုင်းမပြောင်းလဲသေးဘူးလို့ ဒေသခံတွေကပြောဆိုကြပါတယ်။ကဗျာဝကျေးရွာကတော့ အိမ်ခြေပေါင်း ၃၀၀ ကျော်ရှိတဲ့ ရွာကြီးတစ်ရွာ ဖြစ်ပါတယ်။ ကဗျာဝကမ်းခြေအ၀င်ဝ ကားလမ်း တစ်ဖက်တစ်ချက်မှာ ပေ ၄၀ ပေ ၆၀ ခြံကွက်ငယ်လေးတွေကို ခြံခတ်ထားပြီးတော့ ပိုက်ဆံရှိတဲ့ မြို့ကလူတွေက လာရောက်ဝယ်ယူထားကြတာဖြစ်ပါတယ်။ “အရင်တုန်းကတော့ ဒီနေရာကို ဘယ်သူမှ စိတ်မ၀င်စားကြဘူး၊ အခုတော့ အရင်လိုမဟုတ်တော့ဘူးလေ”လို့ ကဗျာဝကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်စန်းက ပြောပါတယ်။ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာအော်ရန်(မ်) (Aurum) ကုမ္ပဏီက အမေရိကန်ဒေါ်လာ၁၂ သန်းရင်းနှီး

 မြှုပ်နှံကာ ပင်လယ်ကမ်းခြေ အပမ်းဖြေ လုပ်ငန်းလုပ်ကိုင်ရန် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ မွန်ပြည်နယ် အစိုးရက တရားဝင်ခွင့်ပြုခဲ့ပြီးနောက်ပိုင်း အပြောင်းအလဲအချို့ ဖြစ်ပေါ်လာပါတယ်။ရန်ကုန်မြို့နဲ့ ရေးမြို့တွေမှာ အခြေစိုက်ထားတဲ့ ထိုကုမ္ပဏီဟာ ကဗျာဝကမ်းခြေမှာ အခန်းပေါင်း ၁၀၀ ပါဝင်မယ့် ဟိုတယ်ကိုဆောက်လုပ်မှာဖြစ်သလို ကမ်းခြေတစ်လျှောက်ရှိပိုင်ရှင်မဲ့ မြေဧက ၅၀ နီးပါး ပြည်နယ်အစိုးရဆီကနေ ရရှိထားပါတယ်။နောက်ထပ် ဧကပေါင်း ၁၅၀ ကျော်လောက်ကို လုပ်ပိုင်ခွင့်ရရှိဖို့ ဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။လုပ်ပိုင်ခွင့် ရရှိထားတဲ့ မြေရဲ့တန်ဖိုးနဲ့ ပတ်သက်လို့ကတော့ အစိုးရက ထုတ်ပြန်သတ်မှတ်ခြင်းမရှိသေးဘူးလို
့ မြန်မာအော်ရန်(မ်)ကနေ သိရပါတယ်။”ကျွန်တော်တို့က အဲဒီမှာ ကိုယ်ပိုင် ဟိုတယ်ဆောက်မယ်၊ ကျန်တဲ့ ရင်းနှီးမြှုပ်နှံမှု နိုင်ငံခြားကုမ္ပဏီ တွေနဲ့လည်း ဟိုတယ် ဇုန်သဘောမျိုးလုပ်မယ်”လို့ မြန်မာအော်ရန်(မ်) ကုမ္ပဏီ 

အုပ်ချုပ်မှု ဒါရိုက်တာဦးဌေးသွင်က ပြောပါတယ်။ မြန်မာအော်ရန်(မ်)ကုမ္ပဏီရဲ့ ကဗျာဝ ကမ်းခြေဟိုတယ်ဇုန်ရင်နှီးမြှုပ်နှံရေး စီမံကိန်းကြောင့်ရေးမြို့နယ်အတွင်း မြေဈေးတွေ အဆမတန် ထိုးတက်သွားခဲ့ပါတယ်။အရင်က ပေ ၄၀ ပေ ၆၀ မြေ တစ်ကွက်ကို ကျပ် နှစ်သိန်း၊ သုံးသိန်းနဲ့ ၀ယ်သူမရှိခဲ့တဲ့ မြေတွေဟာ ကျပ်သိန်း ၃၀ ကျော် ၄၀ အထိ ထိုးတက်သွားခဲ့ပါတယ်။မွန်ပြည်နယ်၊ ရေးမြို့နယ်အစွန် ခေါဇာမြို့နယ်ဟာ အရင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထိန်းချုပ်ရာ အမဲရောင်နယ်မြေလည်းဖြစ်ခဲ့ပါတယ်။အထူးသဖြင့် မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ဒေသတစ်ခုဖြစ်ခဲ့သလို အခြား ခွဲထွက် လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဓားပြဆန်ဆန် 

လုယက်ပြန်ပေးဆွဲမှုတွေစတဲ့ အခြေအနေတွေကြောင့် တစ်သီးတစ်သန့် ဒေသတစ်ခုဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။အစိုးရနဲ့ မွန်ပြည်သစ်ပါတီတို့ကြား အပစ်အခတ်ရပ်စဲရေးသဘော

တူညီချက်ကို ၂၀၁၂ ခုနှစ်အတွင်းသဘောတူလက်မှတ် ထိုးခဲ့ကြပြီးနောက် ဒေသတွင်းပိုပြီးပွင့်လင်းကာ တည်ငြိမ်လာကြောင်းကဗျာဝအုပ်ချုပ်ရေးမှူး ဦးစန်းအောင်က ပြောပါတယ်။”အခုလိုငြိမ်းချမ်းတဲ့ အချိန်ရောက်လာပြီဆိုတော့ ကျွန်တော်တို့ဒေသဖွံ့ဖြိုးဖို့အတွက် ကုမ္ပဏီတွေဝင်လာတာကိုတော့ ကြိုဆိုပါတယ်”လို့ သူကပြောပါတယ်။ ကဗျာဝကမ်းခြေစီမံကိန်းနဲ့ ပတ်သက်လို့ ကုမ္ပဏီစီမံကိန်းတွေအကြောင်း သတင်းတွေထွက်ပေါ်လာချိန်မှာပဲ ကမ်းခြေဖွံ့ဖြိုးရေးစီမံကိန်းတွေက ဒေသတွင်း ဖွံ့ဖြိုးရေးကိုဘယ်လောက်အထိ ပံ့ပိုးပေးနိုင်မလဲဆိုတဲ့အပေါ် မေးခွန်းတွေ ထွက်ပေါ်လာခဲ့သလို အရင်ရှိနှင့်ပြီးသား ငွေဆောင်၊ ချောင်းသာ စတဲ့ နာမည်ကြီးကမ်းခြေတွေလို လူအနည်းစုတစ်စုလောက်ကိုပဲ စီးပွားရေးအကျိုးအမြတ် ရရှိစေမှု၊ ငွေကြေးချမ်းသာသူတွေသာ အပမ်းဖြေနိုင်တဲ့ဟိုတယ်ဇုန်တစ်ခုလောက်ပဲ မဖြစ်စေဖို့ဆိုတဲ့ ဝေဖန်ရေးသားမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။စီမံကိန်း

တစ်ခု ဆောင်ရွက်ရာမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်မှုတွေကို ကြိုတင်ပြီးဆောင်ရွက်ရမှာဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းUN Habitat မှ ဒေါက်တာကျော်သူက အကြံပြုပြောဆိုပါတယ်။ “လူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးအမြတ်နဲ့ ထိခိုက်မှုကို သေသေချာချာလေ့လာဆန်းစစ်ဖို့လိုမယ်၊ နောက်ပြီး အင်န်ဂျီအိုတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ကျယ်ကျယ်ပြန့်ပြန့်

 ဆွေးနွေးဖို့လိုမယ်”လို့ သူက ဆိုပါတယ်။စီးပွားရေးပညာရှင် ဦးလှမောင်ကတော့ အစိုးရဆီကနေ ကြီးမားတဲ့ စီးပွားရေးလုပ်ပိုင်ခွင့်တွေရရှိထားတဲ့ ကုမ္ပဏီတွေဟာ ၎င်းတို့ ရရှိထားတဲ့ မြေယာတွေကို အစိုးရဆီကို
ဘယ်လောက်အထိအခွန်သွင်းရတယ်၊ ဘယ်လောက်အတိုင်းအတာ လုပ်ပိုင်ခွင့်ရထားတယ်ဆိုတာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုရှိရမှာ ဖြစ်တယ် လို့ဆိုပါတယ်။ဒါ့ပြင် စီးပွားရေးလုပ်ငန်း ကြီးတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ဒေသခံတွေကို ကာလပေါက်ဈေးနဲ့အညီ ဦးစားပေးခန့်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။”ပွင့်လင်းမြင်သာမှုမရှိဘဲ အစိုးရနဲ့ ပေါင်းစား၊ ပြီးတော့ အခြားသူတွေကို ဈေးနှုန်းအဆမတန်သတ်မှတ်ပြီး ပြန်ငှားရင် ဒါက ခရိုနီပဲ၊ ဒီလိုစီးပွားရေးအကျိုး မြတ်ရှာမှုက မကောင်းဘူး၊ မဖြစ်သင့်ဘူး”လို့ ဦးလှမောင်က ပြောပါတယ်။လက်ရှိ မြန်မာအော်ရန်(မ်) ကုမ္ပဏီရဲ့ ရှယ်ယာတွေထဲမှာ မွန်ပြည်နယ် အစိုးရ ၀န်ကြီးချုပ်
ဦးအုန်းမြင့်၊ စစ်တပ်ထိပ်တန်းအရာရှိဟောင်း အချို့ပါဝင်နေကြောင်း ရေးမြို့နယ် နိုင်ငံရေးနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားနေသူတစ်ဦးက ပြောဆိုပါတယ်။”မွန်ပြည်နယ်အစိုးရနဲ့ မရင်နှီးရင် ဒီလောက်ကြီးမားတဲ့ စီမံကိန်း အလွယ်တကူ လုပ်ပိုင်ခွင့် ရရှိဖို့ဆိုတာ မဖြစ်နိုင်ဘူး”လို့ သူက ဆိုပါတယ်။ဒါပေမဲ့ မြန်မာအော်ရန်(မ်)ကုမ္ပဏီ ပိုင်ရှင် ဦးဌေးသွင်ကတော့ သူ့အနေနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ရင်းနှီးတဲ့ ဆက်ဆံရေး မရှိဘူးလို့

 ငြင်းဆိုထားပေမယ့် ကုမ္ပဏီရဲ့ ရှယ်ယာတွေထဲမှာ ဘယ်သူတွေ ပါတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပါဘူး။”ကျွန်တော်က ရေးမြို့နယ်သားပါ၊ ဒီစီမံကိန်းကို ပြီးခဲ့တဲ့ ခုနစ်နှစ်လောက်ကတည်းက

 မျှော်လင့်ပြီးလေ့လာထားခဲ့တာ၊ ပြည်နယ်အစိုးရဆီကို စီမံကိန်းအသေးစိတ်စာရေးပြီးတင်တော့ သူတို့ကအင်တာဗျူးလုပ်သေးတယ် ပြီးမှဝန်ကြီးချုပ်က လက်ခံတာပါ။ အရင်က ၀န်ကြီးချုပ်နဲ့ မသိပါဘူး၊

လုပ်ငန်းစလုပ်မှပဲ တွေ့ဖူးတာဖြစ်ပါတယ်”လို့ ဦးဌေးသွင်က ပြောပါတယ်။ဦးဌေးသွင်က လက်ရှိရရှိထားတဲ့ မြေဧက ၅၀ ပေါ်က ဒေါ်လာ ၁၂ သန်း တန် စီမံကိန်းအတွက်ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်ဖြစ်တဲ့ 

လမ်းဖောက်ခြင်း၊ စာသင်ကျောင်း၊ ကျန်းမာရေးဆေးပေးခန်း၊ဈေး၊ မီးသတ်ကား၊ မီးသင်္ဂြိုဟ်စက်အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဌာနစတဲ့ အစီအစဉ်တွေအတွက် ကျပ်သန်းပေါင်း တစ်သောင်း သုံးစွဲသွားမယ်လို့ ဒေသခံတွေကိုကတိပေးပြီးသား ဖြစ်တယ်လို့လည်း မြန်မာတိုင်း(မ်)ကို ပြောပါတယ်။ဒေသခံတွေ အများစုကတော့ သူတို့ ဒေသ မြေဈေးတွေတက်လာတာ၊ လူတွေ စိတ်ဝင်တစားနဲ့ အပန်းဖြေလာရောက်တဲ့အတွက် 

စီးပွားရေးပြေလည်တာကြောင့်မို့ စီမံကိန်းမဖြစ်မှာစိုးရိမ်နေကြပါတယ်။ “ဒီဒေသတိုးတက်အောင် ကျွန်မတို့ မလုပ်နိုင်ဘူး၊ ကုမ္ပဏီတွေ လာလုပ်မှရမှာ”လို့ ကမ်းခြေမှာစားသောက်ဆိုင် အသေးကလေး ဖွင့်ထားတဲ့ မမြတ်စန္ဒာဝင်းမော်က ပြောပါတယ်။ကုမ္ပဏီစီမံကိန်းအသံကြားပြီး နောက်ပိုင်း ဧည့်သည်လာရောက်မှုများတာကြောင့် သူ့ရဲ့ ဆိုင်လည်းရောင်းအား တက်လာတဲ့အကြောင်း ဆက်ပြောပါတယ်။အသက် ၅၅ နှစ်အရွယ် တံငါသည် ဦးသောင်းဝင်းကတော့ လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းကဈေးပေါပေါနဲ့ သူဝယ်ထားပြီး လက်ရှိသူနေနေတဲ့ မြေဟာ အတော်လည်းတန်ဖိုးတက်လာခဲ့ကြောင်း ပြောဆိုပါတယ်။ဒါပေမဲ့ သူ့မှာ အဲဒီ မြေယာပိုင်ဆိုင်ကြောင်း အထောက်အထား မရှိတာမို့ မူလပိုင်ရှင်ဆီကိုသွားရောက်တောင်းခံရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။”ဈေးတက်လာပြီဆိုတော့ ရောင်းချင်ရင် ဂရန်ရှိဖို့လိုတယ်”လို့သူကပြောပါတယ်။ကဗျာဝကို သွားတဲ့ လမ်းတစ်လျှောက် အလုပ်သမားတွေ ချွေးတစ်လုံးလုံးနဲ့ လမ်းကိုပြုပြင်နေကြပါတယ်။ဒေသခံတွေကတော့ မကြာခင် ရောက်လာတော့မယ့် ကုမ္ပဏီ စီမံကိန်းတွေကိုမျှော်လင့်နေကြဆဲဖြစ်ပါတယ်။

source: The Myanmar Time

Facebook comments