ပလိပ်မြို့ အိမ်ခြံမြေ ဈေးကွက် ယခုနှစ်တွင် ထက်ဝက်ကျော် မြင့်တက်

javascript

မန္တလေးတိုင်း ဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်မြို့အိမ်ခြံမြေဈေးကွက်မှာ ယခု ၂ဝ၁၆ ခုနှစ်တွင် မြေဈေးနှုန်းများ ထက် ဝက်ကျော်မြင့်တက်ခဲ့ကြောင်းသိရသည်။ ''အရင်က မြောင်းဘောင်ဘေး ရပ်ကွက်က တစ်နေရာ ကို ကျပ်သိန်း ၅ဝ၊ ၆ဝ ဈေးရှိပေမယ့် အခုကျပ်သိန်း ၁ဝဝ နဲ့ ၂ဝဝ ကြား ဈေးရှိတယ်။ တခြားနေရာတွေလည်း ထက်ဝက် ကျော် ဈေးမြင့်တက်ခဲ့တယ်''ဟု ပ လိပ်မြို့မြောင်းဘောင်ရပ်ကွက်တွင် နေထိုင်သူ အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောသည်။ ပလိပ်မြို့တွင် ဝန်ထမ်းကွက် သစ်၊ ဟုန်းပန်းကွက်သစ်နှင့် ရန်ကုန်- မန္တလေးလမ်းဟောင်း ကားလမ်းဘေး ရှိ မြနန္ဒာကွက်သစ်တို့သည် ပုံမှန် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အ ခြား ရပ်ကွက်များမှာ အရောင်းအ ဝယ်အေးလျက်ရှိသည်။


''ဝန်ထမ်းကွက်သစ်နဲ့ ဟုန်းပန်း ကွက်သစ်က မြေတစ်နေရာကို ကျပ် သိန်း ၅ဝဝ ဝန်းကျင်ဈေးရှိတယ်။ မြနန္ဒာကွက်သစ်က ကားလမ်းဘေး ဆိုတော့ ကျပ်သိန်း ၅ဝဝဝ ဈေးရှိ တယ်။ အဲဒီရပ်ကွက်တွေက မြေ ဂရန်ရှိတဲ့ အတွက် ဈေးမြင့်သလို အရောင်းအဝယ်ပုံမှန် ရှိနေတာပါ''ဟု ပလိပ်မြို့ခံ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက ပြောသည်။ မြေဂရန်ပြုလုပ်ရန် ပေးသွင်းရ သည့် ငွေကြေးမတတ်နိုင်ခြင်းကြောင့် မြေဂရန်လျှောက်ထားသူ နည်းပါး ကြောင်း၊ ပလိပ်မြို့ရှိ အိမ်အများစု သည် အိမ်ခွန်တော်ဆောင်၍ နေ ထိုင်နေခြင်းဖြစ်ကြောင်း၊ မြေဂရန် မရှိသူများသည် အရပ်ကတိဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိ ကြောင်း ပလိပ်မြို့ခံတစ်ဦးက ပြော သည်။ ပလိပ်မြို့တွင် ရပ်ကွက် ၂၄ ရပ်ကွက်ရှိပြီး အိမ်ခြေ ၄ဝဝဝ မှ ၅ဝဝဝ ကြားရှိကာ မြေဂရန်ရှိသည့် အိမ်ခြေမှာ ၄ဝဝ မှ ၅ဝဝ ကြားသာ ရှိကြောင်း သိရသည်။

Source: Yangon Media Group

Facebook comments