ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပေါ်ခဲ့သည့် ဆင်းရဲသား ပြည်သူများအပေါ် ကျူးကျော်သူများဟု စွပ်စွဲကာ တရားရုံးအမိန့်ဒီဂရီမပါဘဲ နေအိမ်များအား အကြမ်းဖက်ဖယ်ရှားခဲ့သည့် လုပ်ရပ်အပေါ် ပြည်သူ့ရဲတပ်ရင်း တပ်ဖွဲ့များက အဘယ်ကြောင့် တားဆီးအရေးယူခြင်း မပြုခဲ့သ နည်းဟု မေလ ၁၁ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးက မေးခွန်းထုတ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်ဆိပ်ကမ်း၊ မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်များအတွင်း ဖြစ်ပေါ်ခဲ့သည့် မြန်မာနိုင်ငံသား မရှိဆင်းရဲသား ပြည်သူများအပေါ်ကျူးကျော်သူများဟု စွပ်စွဲကာ တရားရုံးအမိန့် ဒီဂရီမပါရှိဘဲ နေအိမ်များကို အကြမ်းဖက်အင်အားသုံးပြီး ဖျက်ဆီးဖယ်ရှားခဲ့၍ ပြည်သူအများ အစုလိုက်အပြုံလိုက် အခြေပျက်၊ အနေပျက် ဘဝများ ပျက်စေသည့် လုပ်ရပ်များကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ ရဲတပ်ရင်းတပ်ဖွဲ့များက အဘယ်ကြောင့် တားဆီးအရေးယူခြင်း မပြုခဲ့သနည်းဟု ၎င်းက မေးခွန်း ထုတ်ခြင်းဖြစ်သည်။
အဆိုပါမေးခွန်းကို ပြည်ထဲ ရေးဝန်ကြီးဌာန ဒုဝန်ကြီးဗိုလ်ချုပ် အောင်စိုးက သက်ဆိုင်ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ အစည်း အဝေး ဆုံးဖြတ်ချက်များအရ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဖယ်ရှားဆောင်ရွက်မှုအပေါ် ရဲတပ်ဖွဲ့က တားဆီးအရေးယူရန်မရှိကြောင်း ပြန်လည်ဖြေ ကြားသည်။
ထို့အပြင် အဆိုပါ ဆောင်ရွက်မှုများအတွက် တရားရုံးအမိန့် ဒီဂရီပါရှိရန် မလိုကြောင်း ၎င်းကပြောသည်။
‘‘သက်ဆိုင်ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်များအရ တိုင်းဒေသ ကြီးနယ်မြေအတွင်းရှိ အစိုးရပိုင် မြေများအပေါ်မှာ ကျူးကျော်တဲ များ ဖယ်ရှားရှင်းလင်းမှုကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဖယ်ရှားဆောင်ရွက်မှုအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပတ်သက် ဆက်စပ်ဆောင်ရွက်ခွင့်နှင့် တား ဆီးအရေးယူရန် မရှိသည့်အတွက် ကျူးကျော်နေထိုင်သူများနှင့် တာဝန်အရ ဆောင်ရွက်သူများအ ကြား တစ်စုံတစ်ရာ ထိခိုက်နစ် နာမှုမရှိစေရေး မြန်မာနိုင်ငံရဲတပ် ဖွဲ့က လုံခြုံရေးအရ ဆောင်ရွက် ပေးခဲ့မှုသာဖြစ်ကြောင်း ရှင်းလင်း တင်ပြအပ်ပါတယ်’’ဟု ဒုဝန်ကြီး က ပြောသည်။ ထို့နောက် ဒုဝန်ကြီး၏ ဖြေကြားချက်ကို မေးခွန်းရှင်က ထပ်ဆင့်မေးခွန်းထုတ်ခဲ့ သည်။
‘‘ကုမ္ပဏီပိုင်၊ ပုဂ္ဂလိကပိုင် လုပ်ပိုင်ခွင့်ရထားတဲ့ မြေတွေပေါ် က နိုင်ငံသားတွေပိုင်တဲ့ အိမ်တွေ ကို အကြမ်းဖက် ဖယ်ရှားတဲ့ကိစ္စ သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိတဲ့အတွက် အခြေခံ ဥပဒေပုဒ်မ ၁၉၈ အရ ပျက်ပြယ် နေတဲ့ လုပ်ရပ်တွေသာ ဖြစ်ပါ တယ်။ ဥပဒေနဲ့မညီပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်မှုမရှိတဲ့ ဆောင်ရွက်မှုများကို နောက်နောင် ဆက်လက်လုပ်ဆောင်ဖို့ ရှိ၊ မရှိဆိုတာတွေလည်း မေးမြန်းလိုပါတယ်’’ဟု ဦးဌေးဦးက မေးမြန်းသည်။
‘‘ဒီမေးခွန်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာမြေများကို ကျူး ကျော်မြေအဖြစ် သတ်မှတ်ခြင်း၊ အစိုးရပိုင်မြေအဖြစ် သတ်မှတ် ခြင်း၊ ပုဂ္ဂလိကပိုင်မြေအဖြစ် သတ် မှတ်ခြင်းတွေကို သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက် တာ ဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့အပေါ်မှာ တာဝန် ပေးအပ်မှုအပေါ်မှာ အခြေခံပြီး ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရဲ့ လုံခြုံမှု၊ အကာအကွယ်ရရှိမှုကို အလေးထား ဆောင်ရွက်မှာဖြစ် ကြောင်း ပြန်လည်ဖြေကြားအပ် ပါတယ်’’ဟု ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က အမြန်လမ်းရှိ ကျူးကျော်များအား အင်အားသုံး ဖယ်ရှားခဲ့မှုသည် ဥပဒေနှင့် ညီ၊ မညီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ် ဦးက မေးခွန်းထုတ်ခဲ့ရာ လယ်ယာစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးဝန်ကြီး ဒေါက်တာအောင်သူက ဥပဒေနှင့်အညီ ဖယ်ရှားခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့၍ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
Source: 7daydaily