နေပြည်တော်အိမ်ခြံမြေ စိတ်ဝင်စားသူများပြားလာ

javascript
အစိုးရအသစ်တက်လာပြီးနောက်ပိုင်းမှာနေပြည်တော်အိမ်ခံမြေဈေးကွက်စိတ်ဝင်စားမှုများလာတဲ့အပြင်အငှါးဈေးကွက်ပါထိုးဖောက်လာပြီးလုပ်ငန်းရှင်အချို့ခြေဆန့်ဝင်ထားတဲ့အနေအထားဖြစ်တယ်လို့ အိမ်ခြံမြေအကျိုးဆောင်အချို့ကဆိုတယ် ။

“အစိုရသစ်တက်လာပြီးသင်္ကြန်ကာလာပြီးကတည်းကပွဲစားတိုင်းလိုလို အရောင်းအဝယ်ဖြစ်နေက်ြတယ် ၊အခုနောက်ပိုင်းကျတော့ အငှါးတွေပါ ပိုပြီးစိတ်ဝင်စားလာကြတယ်၊နေပြည်တော်ရဲ့အိမ်ခြံမြေဈေးကွက်ဟာအခြားမြို့တွေလိုအတက်မြန်အကျမြန်တော့မဟုတ်ဘူး၊တဖြည်းဖြည်းချင်းသွားတဲ့ပုံစံနဲ့အရောင်းအဝယ်ဖြစ်တာပါလို့” နေပြည်တော်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကအတွင်းရေးမှုးဦးကျော်စွာမြင့်ကပြောပါတယ် ။

သင်္ကြန်မတိုင်ခင်ကာလမှာ ရိုးရိုးအကွက်တွေ အရောင်းအဝယ်ဖြစ်တယ် ။သင်္ကြန်ပြီးကာလမှာ ကျပ်သိန်းထောင်ချီတန်အကွက်တွေရောင်းအဝယ်ဖြစ်ပြီးမေလဆန်းပိုင်းမှာအငှါးဈေးကွက်ပိုသွက်လာတယ်လို့သိရပါတယ် ။

နေပြည်တော်မှာအိမ်ငှါးတဲ့သူအများစုဟာ လုပ်ငန်းလည်ပတ်ဖို့လာရောက်ငှါးရမ်းကြတယ် ။လုံးချင်းအိမ်အများဆုံးငှါးပြီးတစ်နှစ်စာချုပ် ချုပ်ဆိုပြီးငှါးတဲ့သူများတယ်လို့သိရပါတယ် ။

ပုဗ္ဗသီရိမြို့နယ် ၊တံခွန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးသိန်းထိုက်ဦးက ‘အငှါးတွေ စိတ်ဝင်စားလာတယ် ၊ဘာလို့လဲဆိုတော့ နေပြည်တော်ကအိမ်ခြံတွေကို ဝယ်ထားကြတယ် ၊ပြီးတော့လူမနေကြဘူးလေ ၊အခုအဝယ်ကလိုက်လာတော့ အငှါးတွေပါအလုပ်ဖြစ်လာကြတာပေါ့ ‘လို့ပြောပါတယ် ။

အခုနောက်ပိုင်း နေပြည်တော်အိမ်ခြံမြေကို ဝယ်သူရော ၊ငှါးသူတွေဟာ နေပြည်တော်ရဲ့ဈေးကွက်စီးပွားရေးကိုထိုးဖောက်နိုင်ဖို့လုပ်ငန်းရှင်အချို့ဟာခြေဆန့်ဝင်လာက်ြတဲ့ အနေအထားဖြစ်တယ်လို့အိမ်ခြံမြေပွဲစားအချို့က
သုံးသပ်ပြောကြားပါတယ် ။

‘အရင်လတွေက တစ်လကို တစ်ကွက်နှစ်ကွက် လောက်ပဲဖြစ်တာ ၊အခုဟာလဆန်းဆန်းချင်းရှိသေးတယ် ၊အငှါးဈေးကွက်ပိုစိတ်ဝင်စားလာကြပီး အငှါးဘက်ပို ပိုလိုက်လာကြတယ် ၊နိုင်ငံခြားသားပါ စိတ်ဝင်စားလာတယ် ၊အခြားစီးပွားရေးဘာမှမရှိသေးပေမဲ့ နေပြည်တော်ကိုအထိုင်တစ်ခုအနေနဲ့သူတို့ကြိုပြီးပြင်ဆင်မှုတွေလုပ်လာတာတွေ့ရပါတယ်‘လို့နေပြည်တော်ရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးကျော်စွာမြင့်ကပြောပါတယ် ။

Source: The Morden

Facebook comments