အိမ်ခြံမြေ အရောင်းအ၀ယ်ဈေးကွက်မှာ ယေဘုယျအားဖြင့်
အရောင်းဈေးကွက်အားဖြင့် အေးနေသေးသော်လည်း
လုံးချင်းနှင့် အငှားဈေးကွက်များအနေဖြင့်မူ အိမ်ရှင်အိမ်ငှား
အဆင်ပြေ ကျေနပ်မှု အပေါ်မူတည်ပြီး အငှားဈေးကွက်
ဟန်ချက်မပြတ် ဖြစ်ထွန်းလျက် ရှိကြောင်း သိရှိရသည်။
တောင်ဥက္ကလာပမြို့နယ် မြသီတာအိမ်ရာဝင်းအတွင်းတွင် အငှားခေါ်ဆိုသော
လုံးချင်းများ ရှိနေပြီး ၃၅ သိန်းမှ သိန်း
၁၀၀ အထိ ရှိကြောင်း Property.com.mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်း
သိရှိရသည်။ ထို့အပြင် အိမ်ရာနှင့် အနီးဝန်းကျင်လမ်းမများဖြစ်သော မေတ္တာလမ်း၊
ရတနာလမ်းမနှင့် သုမင်္ဂလာလမ်းပေါ်တွင်လည်း အငှားခေါ်ဆိုမှုအချို့ ရှိကြောင်း အိမ်ခြံမြေ
အကျိုးဆောင် တစ်ဦးက ပြောကြားသည်။
"မြသီတာ အိမ်ရာထဲမှာ လုံးချင်းအငှားတစ်ချို့ အငှားဖြစ်တယ်
နောက်ထပ် အငှားခေါ်ဆိုမှုတွေ ရှိပါတယ် အငှား ဖြစ်တာလည်း များပါတယ် လမ်းပန်းဆက်သွယ်
သွားလာမှု အဆင်ပြေတဲ့နေရာလည်းဖြစ်တယ် နေရာကလည်း ဆိတ်ငြိမ် အေးချမ်းတဲ့ ပတ်ဝန်းကျင်
ဖြစ်တဲ့အတွက် ငှားရမ်းနေထိုင်သူတွေ အနေနဲ့ နှစ်သက်သဘောကျကြတယ် အနီးအနားက
လမ်းမတန်းတွေမှာလည်း အငှားလေးတွေ ရှိကြတယ် အိမ်ရာထဲမှာ ဆိုရင်တော့ 30'x45'
1RC ၃၅ သိန်း 60'x80' သိန်း ၄၀ 90'x120' 2RC 100'x80' သိန်း ၅၀ 110'x100'
သိန်း ၇၀ 100'x100' သိန်း ၁၀၀ စဖြင့် အငှား ခေါ်ဆိုဈေးတွေ ရှိတယ်
အငှားဖြစ်သွားရင်လည်း ခေါ်ဈေးနဲ့သိပ်မကွာပါဘူး အလျော့အတင်းနည်းနည်းလုပ်ပြီး
ဖြစ်သွားကြတာပဲ အိမ်ရာနံဘေးပတ်ဝန်းကျင်အနီး လမ်းမတန်းတွေမှာ ဆိုရင်တော့
မေတ္တာလမ်းပေါ် 18'x60' 2RC ၁၅ သိန်းအငှား၊ ရတနာလမ်းမပေဓ 19'x60' 3RC သိန်း ၃၀ နဲ့
နေရာကောင်းပြီး လုပ်ငန်းလုပ်ဖို့ အဆင်ပြေတဲ့ 70'x120' အကွက် တစ်ကွက်ရှိတယ်
အငှားခေါ်ဈေးကတော့ ၇၅ သိန်းနဲ့ ခေါ်ဆိုထားမှုတွေ ရှိကြပါတယ်"
"အရင်နှစ်တွေကဆိုရင် သင်္ကြန်ပြီးနောက်ပိုင်းကာလ အငှားဈေးကွက်
ပိုသွက်တဲ့ အခြေအနေမျိုးမှာ အိမ်တိုက်ခန်း အငှားဈေးနည်းနည်း တက်တာရှိတယ်
ဒီနှစ်တော့ သိသိသာသာ တတ်တာ သိပ်မရှိပါဘူး ဈေးကွက် အရောင်းအ၀ယ် နည်းနည်း အေးတာရယ်
တိုက်ခန်းတွေ ပုံမှန်ထက် ဈေးကျဆင်းလာတာရယ်ကြောင့်လည်းပါပါမယ်" ဟု
တောင်ဥက္ကလာပ မြသီတာအိမ်ရာအနီးရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက Property.com.mm သို့ ပြောကြားသည်။
Property Media Team
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments