လမ်းနယ်နိမိတ်ပေါ် ကျူးကျော်အဆောက်အအုံ ဆောက်လုပ်မှု အရေးယူမည်ဟုဆို

javascript

ပြင်ဦးလွင်မြို့နယ်ရှိ လမ်းနယ်နိမိတ်အတွင်း ကျူးကျော်အဆောက်အအုံဆောက်လုပ်မှုတွေကို ၂၀၁၅ လမ်းမကြီးများဥပဒေနဲ့ အရေးယူမှာဖြစ်တယ်လို့ ပြင်ဦးလွင်ခရိုင်လမ်းဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

မြို့နယ်အတွင်းရှိ လမ်းတွေတိုင်းမှာ လမ်းနယ်နိမိတ်သတ်မှတ်ချက်အသိပေးဆိုင်းဘုတ်တွေကို ယခုလကုန်မှာ စတင်စိုက်ထူဖို့ စီစဉ်နေပါတယ်။

‘ခြောက်ပေလေးပေပတ်လည်ဆိုင်းဘုတ်တွေနဲ့ လမ်းအမည်ကတော့ ဘာပါ ၊ လမ်းအဆင့်အတန်းကတော့ ဘယ်လိုသတ်မှတ်ထားပါတယ် ၊ လမ်းနယ်နိမိတ်ကတော့ ဘယ်လိုသတ်မှတ်ထားပါတယ်ဆိုတာတွေကို လမ်းညွန်ဆိုင်းဘုတ်တွေကို စိုက်ထူသတ်မှတ်ပေးပါမယ် ၊ အဲဒီလိုသတ်မှတ်တဲ့အချိန်မှာ ၂၀၁၄ ခုနှစ်ဇူလိုင် ၂၄ ရက်နောက်ပိုင်းကျူးကျော်လာတဲ့ အဆောက်အအုံတွေကိုတော့ လမ်းမကြီးများ ဥပဒေနဲ့ အရေးယူမယ်ဆိုတဲ့အကြောင်းကို ယခင်ကတည်းကထုတ်ပြန်ကြေညာထားပြီးဖြစ်ပါတယ်’လို့ ပြင်ဦးလွင်ခရိုင်လမ်းဦးစီးဌာနတာဝန်ရှိသူက ပြောပါတယ်။

လမ်းနယ်နယ်နိမိတ်အတွင်း ကျူးကျော်မှုတွေကြောင့် ယာဉ်မတော်တဆဖြစ်တဲ့အခါမှာ ဘရိတ်ကင်းဒစ်စတန့် ရပ်စရာနေရာမရှိဘူး ။ အဲသည်ချိတ်ကျရင် လမ်းဘေးကျူးတွေထဲကို ကားတွေရောက်သွားတာမျိုး လူတွေလည်း ထိခိုက်ဒဏ်ရာရရှိတာမျိုး ကြုံရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

‘လမ်းနယ်နိမိတ်သတ်မှတ်ချက်တွေကို ဒီလကုန်ရင် စတင်ဆောင်ရွက်မှာ ၊ လမ်းနယ်နိမိတ်သတ်မှတ်ချက်မှာ မည်သည့်ကျူးကျော်မှ မရှိမှသာလျှင် (ယာဉ်မတော်တစမှုဖြစ်တဲ့အခါမျိုး ၊ လမ်းကြောင့်ချဲ့ထွင်ဖို့လိုအပ်တဲ့အချိတ်မျိုး စသဖြင့်လမ်းနဲ့ပတ်သက်လို့ အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်’လို့ ခရိုင်လမ်းဦးစီးဌာနလက်ထောက်ညွန်ကြားရေးမှူးက ပြောပါတယ်။

Source:The Modern

Facebook comments