09-261334475

တိုက်ခန်းဈေးနှုန်းများအတန်ငယ်ကျဆင်းလျက်ရှိသော်လည်း အ၀ယ်လျှော့နည်းနေဆဲ

ယခုဧပြီလအတွင်း၌ ရန်ကုန်တိုင်းမြို့နယ်များအတွင်း တိုက်ခန်း အရောင်းအ၀ယ်ဈေးကွက်တွင် ကာလပေါက်ဈေးထက်
အတန်ငယ် ကျဆင်းလာကြောင်း Property.com.mm သတင်းမီဒီယာအဖွဲ့မှ လေ့လာစုံစမ်း သိရှိရပါသည်။

 

“လတ်တလော ဈေးကွက်အခြေအနေက လွန်ခဲ့တဲ့ တစ်နှစ်၊နှစ်နှစ်ကဈေးကနေ သိန်း ၂၀ ကနေ ၃၀၀န်းကျင်လောက် ဈေးနှုန်း ကျဆင်းလာတာ တွေ့ရပါတယ် ၀ယ်လက်မရှိသေးတဲ့ ဆောက်လုပ်ဆဲ ဆောက်လုပ်ပြီး တိုက်ခန်းတွေက တော်တော်များများရှိနေသေးတယ် လူတွေကလည်း ဈေးကွက် အခြေအနေကြည့်ပြီး အ၀ယ်ဆိုင်း နေကြတာလည်း ပါပါတယ်  အရင်က ဈေးကြီးနဲ့ဝယ်ထားတဲ့သူတွေ၊ အခန်းပို ရှိနေတဲ့သူတွေ စသဖြင့် ရှိပြီးသားအခန်းကိုတောင် ရောင်း ချင်တဲ့ သူတွေ များလာသလိုရှိတယ် ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့တောင် ပိုမိုသက်သာအဆင်ပြေမယ့် အရစ်ကျ စနစ်တွေ စီစဉ်ပေးတာတို့၊ ဈေးနှုန်းချပေးတာတို့နဲ့ အရောင်း ပရိုမိုးရှင်းပွဲလေးတွေ လုပ်ပြီး ဈေးကွက် ခင်းကျင်းချပြပေး တာမျိုးတွေ ကြိုကြားလုပ်ပေး နေရပါတယ်” ဟု မရမ်းကုန်းမြို့နယ်ရှိ ကန်ထရိုက် တိုက်ခန်းများနှင့် ကွန်ဒို အဆောက် အအုံများ တည်ဆောက် ရောင်းဝယ်နေသော ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှ ပြောကြားသည်။

 

“ဈေးကျလာတယ်ဆိုပေမယ့် အ၀ယ်ပါးပါတယ် ကျတာကလည်း လပိုင်းလောက်ပဲရှိသေးတာဆိုတော့ ချက်ချင်း အနေနဲ့ ကတော့ အ၀ယ်တွေ တတ်မလာသေးဘူးပေါ့ ဘာပဲဖြစ်ဖြစ် ဈေးနှုန်းအပြောင်းအလဲဖြစ်လာတယ်ဆိုတော့

ဖြစ်လာတာကလည်း ဈေးနှုန်းကျဆင်းမှု ဆိုတာကတော့ ဈေးတွေတတ်တာထက်စာရင် အရောင်းအ၀ယ်ဈေးကွက် ပိုဖြစ်လာနိုင်တဲ့ အခြေအနေတစ်ခုလို့ ပြောရင်ရပါတယ်” ဟု အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးမှ ပြောကြားသည်။

 

ရန်ကုန်မြို့တွင် ကျူးကျော်ရပ်ကွက်များ၊ မီးရထားလမ်း၊ နောက်ဖေးလမ်းသွယ်များ အဆင်ပြေသလို ဆောက်လုပ် နေထိုင်လျက်ရှိကြသော ကျူးကျော်အိမ်စုများ စသဖြင့် စုစုပေါင်း ၇ သောင်းမှ ၈ သောင်းခန့်ထိ ရှိနိုင်ကြောင်း သိရပြီး အစိုးရသစ်အကူးအပြောင်းကာလ မတိုင်မီအထိ အလုံးစုံတာဝန်ယူဖြေရှင်းနိုင်ခြင်း မရှိခဲ့ပဲ အများပြည်သူ လက်လှမ်း မမီနိုင်သေးသော ဈေးနှုန်းများဖြင့် တန်ဖိုးနည်း တန်းဖိုးသင့်ဟူသည် အိမ်ရာအချို့သာ အကောင်အထည်ဖော်ဆောင်မှု

အချို့သာ ရှိခဲ့သည်။ အခြေခံလူတန်းစားတို့ အဖို့မူ လုပ်ခ လစာ၊ လူနေမှုစရိတ်စကများနှင့် အပိုအလျှံ စုဆောင်းငွေ တို့ဖြင့် ဟန်ချက်ညီစွာ လူတန်းစား မရွေး ၀ယ်ယူပိုင်ဆိုင် နိုင်မည့် ဈေးကွက်အနေအထားတစ်ခုကို မျှော်လင့်လျက် ရှိနေကြပြီး အိမ်ခြံလောက  အရောင်းအ၀ယ်သမားများ အိမ်ရာတိုက်ခန်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ အကျိုးဆောင် ကုမ္ပဏီများ ကိုယ်ပိုင် အိမ်ခြံမြေတိုက်ခန်း ရောင်းလိုသူ ငှားလိုသူများ အနေဖြင့်လည်း ဈေးကွက် အနေအထားကို ချိန်ဆပြောင်းလဲနေကြရပြီး လက်ရှိအစိုးရသစ်မှ အကောင်အထည်ဖော်ဆောင်ပေးမည့် ရက်ပေါင်း ၁၀၀ အတွင်း အစိုးရသစ်၏အိမ်ရာမူဝါဒများအပေါ်၌ လေ့လာစောင့်ကြည့်နေကြဆဲဖြစ်သည်။

 

Property Media Team

www.Property.com.mm

 

 

 

Facebook comments