အဝယ်လိုက်လာတဲ့ နေပြည်တော် အိမ်ခြံမြေ

javascript
အစိုးရသစ်တက်ပြီး အကူးအပြောင်းကာလအတွင်း နေပြည်တော်က အိမ်ခြံမြေတွေကို မြို့ကြီးတွေက လုပ်ငန်းရှင်တွေ စိတ်ဝင်စားမှုပိုအားကောင်းလာပြီး အများဆုံးဝယ်ယူလာကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။

‘သင်္ကြန်မတိုင်ခင်နဲ့ အခုသင်္ကြန်ပြီးကာလမှာ မြေကွက်စိတ်ဝင်စားပြီး လာမေးတဲ့သူတွေက လုပ်ငန်းရှင်တွေများတယ် ၊ ဝယ်တဲ့သူလဲဝယ်သွားကြတယ် ၊ ဝယ်တဲ့သူအများစုကိုမေးကြည့်တော့လဲ ရင်းနှီးမြှုပ်နှံဖို့အတွက် ဝယ်သွားကြတာများတယ်’ လို့ နေပြည်တော် ဇေယျာအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးနန္ဒကျော်ကပြောပါတယ်။

နေပြည်တော်ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လာမယ့်ငါးနှစ်အတွင်း အခုထက်ပိုပြီး အရောင်းအဝယ်ဖြစ်လာနိုင်တယ်လို့ နေပြည်တော်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။

‘အစိုးရသစ်တက်လာပြီဆိုတော့ အခြေစိုက်လုပ်ငန်းလုပ်ကိုင်မယ့်သူတွေလဲ အများကြီးစိတ်ဝင်စားလာတယ် ၊ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာပြီဆိုရင် ၊ ဝန်ကြီးဌာနတွေနဲ့ သမ္မတ ၊ ဒေါ်စုတို့ အခြေစိုက်နေထိုင်တဲ့ နေပြည်တော်ရွှေလက်ပံ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးဝင်းဇော်ဦးက ပြောပါတယ်။

ဧပြီလမတိုင်ခင်ကတည်းက သိန်းထောင်ချီတန်တဲ့ မြေကွက်တွေကို အောက်ဈေး ၃၀ ရာခိုင်နှုန်းလျော့ပြီး အရောင်းအဝယ်ဖြစ်ကြသလို အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတစ်ခုကို နှစ်လမှတစ်ကွက်ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ပေမဲ့ အစိုးရအကူးအပြောင်းကာလအတွင်းမှာတော့ သိန်းထောင်ချီတဲ့မြေကွက်တွေ တစ်လအတွင်း သုံးကွက်ထက်မနည်း အရောင်းအဝယ်ဖြစ်သွားတာမျိုးတွေ ရှိနေတယ်လို့ သိရပါတယ်။ 

နေပြည်တော်ရှစ်မြို့နယ်အနက် ရွှေကြာပင် ၊ သပြေကုန်းရပ်ကွက်နဲ့ ပျဉ်းမနားမြို့နယ်ရှိ ပန်းခင်းရပ်ကွက်နဲ့ ပေါင်းလောင်းရပ်ကွက်တို့မှာ ဈေးနှုန်းသိန်းထောင်ချီနီးပါး အကွက်တွေဖြစ်ပြီး ပုဗ္ဗသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မြေကွက်တွေကတော့ ဈေးနှုန်းသက်သာပါတယ်။ သိန်းဆယ်ဂဏန်းကနေ စရှိပြီး ဈေးနှုန်းတူညီမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေကြတာဖြစ်ပါတယ်။

နေပြည်တော် ရှစ်မြို့နယ်အတွင်းမှာ ဖြစ်နေတဲ့ အိမ်ခြံမြေဈေးနှုန်းမှာ တစ်နေရာနဲ့ တစ်နေရာ ဈေးနှုန်းကွာဟချက်ရှိနေပေမဲ့ ဈေးနှုန်းတစ်ဟုန်ထိုး တိုးမြင့်တက်မလာသလို တစ်ဟုန်ထိုး ကျဆင်းမသွားတာကြောင့် ပုံမှန်အနေအထားနဲ့ပဲ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။

Source: The Modern

Facebook comments