ရန်ကုန်တိုင်းဒေသကြီး
မှော်ဘီမြို့နယ် ပတ်ဝန်းကျင်များတွင် မြေဧကကျယ်များအား ထပ်မံပိုင်းဖြတ် ၀ယ်ယူ ရောင်းချမှုများရှိနေကြောင်း
စုံစမ်း သိရှိရပါသည်။
အချို့မှာ ဥယျာဉ်ခြံမြေ အမျိုးအစားများအား ခွဲခြမ်းရောင်းချမှုများဖြစ်ပြီး အချို့မှာ မြေကွက်သီးသန့် ဧကကျယ်များတွင် အကွက်ရိုက်၍ ၀ယ်ယူရောင်းချမှုများဖြစ်ကြောင်း သိရသည်။ အဆိုပါ ဧကကျယ်ခြံမြေများအား ခွဲခြမ်းစိတ်ပိုင်း အရောင်းအ၀ယ်ပြုလုပ်ကြသည့် ဈေးကွက် အခြေအနေများနှင့် ပတ်သက်၍ မြန်မာ့အဖိုးတန်မြေ အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီမှနယ်ဝေးအိမ်ခြံမြေဈေးကွက် တာဝန်ခံတစ်ဦးဖြစ်သူ ကိုမျိုးထိုက်အား မေးမြန်းရာတွင်
“မှော်ဘီဘက်မှာ
အဲဒီလို ပိုင်းဖြတ်ရောင်းဝယ်မှုတွေ ရှိနေတာ ဟုတ်ပါတယ် ဈေးခေါ်ကြတာတော့ ပေ ၄၀x၆၀ တစ်ကွက်ကို
နေရာအပေါ်မူတည်ပြီး ၁၀ သိန်းကနေ ၂၅ သိန်းကြား အရောင်းအ၀ယ်ဖြစ်ကြတယ် အများစုက မြေခွန်ဆောင်တဲ့ ပြေစာစာရွက်လေးတွေနဲ့ အရောင်းအ၀ယ်ဖြစ်နေကြတာလည်း
တွေ့မိတယ် ၀ယ်ထားကြတာတွေ တော်တော်လေးတောင်များနေပါပြီ တစ်ချို့ကဆို ၀ယ်ထားကြတဲ့အကွက်တွေမှာ
ခြံဝင်းလေးတွေ ခတ်၊ လမ်းလေးတွေဖောက်ပြီး အပင်တွေဘာတွေစိုက်နဲ့ ရွာပုံစံ၊ ရပ်ကွက်ပုံစံပေါ့
လုပ်နေကြတာတွေ တွေ့ရတယ် ရပ်ကွက်အနေအထားဖွဲ့ဖို့ လုပ်ကြ တာတွေက ဒါတွေက တရားဝင်လား တရားမ၀င်လားဆိုတာတော့
မပြောတတ်ဘူး အရောင်းအ၀ယ် ဖြစ်နေကြတာတော့အမှန်ပါပဲ အဆင့်ဆင့်လက်လွှဲရောင်းချပြီး နောက်ဆုံး
တရားမ၀င်ဖြစ်နေရင်တော့ ဘယ်သူ့ကို တာဝန်ယူခိုင်းရမှန်းမသိ ဖြစ်နေတာမျိုးတွေ ကြုံရတတ်လို့
သတိပြုဖို့လိုပါတယ် အထူးသဖြင့် နယ်ဘက် တွေကနေ လာပြီး မသိနားမလည်တဲ့သူတွေ စုဆောင်းထားတဲ့
ငွေလေးတွေနဲ့ ပေါချောင်ကောင်းရတယ်ဆိုပြီး ” အရမ်း မ၀ယ်ပဲ တတ်ကျွမ်းနားလည်တဲ့သူတွေနဲ့
တိုင်ပင်ဆွေးနွေးပြီးမှ ၀ယ်သင့်မ၀ယ်သင့် စဉ်းစားဖို့ လိုပါတယ်" ဟု ကိုမျိုးထိုက်က
Property.com.mm သတင်းမီဒီယာသို့ ပြောကြားသည်။
မှော်ဘီမြို့အနီးပတ်ဝန်းကျင်ဈေးကွက်အနေအထားမှာ
မြို့သစ်စီမံကိန်း အကောင်အထည်ပေါ်လာမည့် အခြေအနေ များနှင့် ဆက်စပ်၍ လတ်တလောကာလအားဖြင့်
အိမ်ခြံမြေဈေးကွက် အနေအထား အကျဘက် မရှိသေးသည့် အခြေအနေတွင် မြေရာရင်းနှီးမြှုပ်နှံမှုအပိုင်း၌ စိတ်ဝင်စားသူများ
များပြားနေသည့် ဈေးကွက်အနေအထားအား အခွင့်ကောင်းယူ၍ ပိုင်ဆိုင်မှု စာရွက်စာတမ်း မခိုင်မာ၊
မသေချာသော မြေကွက်များ၊ ပါမစ်အတု၊ စလစ် အတုများ နှင့် အရောင်းအ၀ယ်များအား သတိထား ရောင်းဝယ်သင့်ကြောင်း
ကိုမျိုးထိုက်က ဆက်လက် ပြောကြားသည်။
Property
Media Team
www.Property.com.mm