စဝ်စံထွန်းဆေးရုံအနီး အိမ်ခန်းအငှါးသွက်

javascript
တောင်ကြီးမြို့၊ စဝ်စံထွန်းရပ်ကွက်၊ စဝ်စံထွန်းဆေးရုံအနီးက အိမ်တွေရပ်ဝေးကလာတဲ့ ကင်ဆာဓာတ်ကင်လူနာတွေကြောင့် အငှါးဈေးကွက်အလုပ်ဖြစ်နေတယ်လို့အိမ်ခြံမြေ အကျိုးဆောင်တွေဆီက သိရပါတယ်။

ကင်ဆာရောဂါသည်တွေကို ကုသပေးတဲ့ ဓာတ်ရောင်ခြည် စက်တွေက ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေနဲ့ ပြည့်သူဆေးရုံးတွေမှာသာရှိတာကြောင့် တချို့ငွေကြေးတက်နိုင်သူတွေက ရာသီဥတုအေးတဲ့ တောင်ကြီးမြို့မှာ အိမ်ငှါးနေပြီး လာရောက်ကုသကြတာဖြစ်ပါတယ်။ အိမ်ခြံမြေ အကျိုးဆောင်လုပ်နေတဲ့ မဝါဝါစိုးကပြောပါတယ်။

သူက ' အိမ်ခန်းငှါးရမ်းဈေးက သိပ်မရဘူးလေ ၊ တစ်လကျပ် ၆၀,၀၀၀ ဆိုရင်တောင် ခြောက်လစာမပေးချင်ကြဘူး။ ဒီလိုဓာတ်လာကင်တဲ့ သူတွေကိုငှါးရင် နှစ်လလောက်နေရင်တောင်
နှစ်သိန်းတောင်းရင်ပေးတယ် ' လို့ပြောပါတယ်။

အိမ်ဝိုင်းထဲမှာရှိတဲ့ နေရာလွတ်တွေမှာ သီးသန့်အခန်းတွေဆောက်ပြီး ငှါးရမ်းကြသလို။ အိမ်ရှင်တွေနဲ့ အတူအပေါ်ထပ်အောက်ထပ်နေထိုင်တဲ့ ပုံစံတွေနဲပါ ငှါးရမ်းနေကြပါတယ်။ 

တချို့က တစ်ခြံလုံး တစ်ယောက်တည်းငှါးတဲ့ ပုံစံမျိုးတွေနဲ့ပါ ငှါးရမ်းကြရတယ်။ အကျယ်အဝန်းလိုက် တစ်လကို ဈေးနှုန်း ကျပ် ၆၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဈေးနှုန်း ရှိနေတယ်လို့ဆိုပါတယ်။

Source: The Kumudra

Facebook comments