အိမ်၊ ခြံ၊ မြေ ဝယ်၊ ငှား၊ လိုသူများ လမ်းပိတ်ဆို့မှုကြောင့် အချိန်ကုန်ခြင်းတွေကို ဘယ်လိုရုန်းထွက်ကြမလဲ

javascript
အိမ်၊ ခြံ၊ မြေ ဝယ်၊ ငှား၊ လိုသူများ လမ်းပိတ်ဆို့မှုကြောင့် အချိန်ကုန်ခြင်းတွေကို ဘယ်လိုရုန်းထွက်ကြမလဲ
****************************************************************
အိမ်၊ ခြံ၊ မြေ ဝယ်ရောင်းလောကမှ လူကြီးမင်းများခင်ဗျာ..နေ့စဉ်နှင့်အမျှ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကားအရေအတွက်တွေ များပြားလာသလို ရန်ကုန်မြို့တွင်းရှိ ကားလမ်းများဟာလည်း အချိန်နှင့် အမျှ ကျပ်တည်းခြင်းများဟာလည်း လမ်းသွားလမ်းလာများ၏ အချိန်ဝါးမျိုမှုကို မြှင့်တင်လျှက်ရှိနေပါတယ်။
နေ့စဉ် ကြုံတွေ့နေသော ယာဉ်လမ်းကြောင်း အကျပ်အတည်း အခက်အခဲများကြောင့် အိမ် - ခြံ - မြေ ဝယ်ချင် - ငှားချင်သော အေဂျင်စီများ၊ ပွဲစားများနှင့် အိမ်ကြည့်ရန် ချိန်းရခြင်း၊ သွားရောက်ကြည့်ရှုရခြင်း
ကြောင့် အချိန်ကုန်ခြင်းနှင့် လူပင်ပန်းခြင်းတွေဖြစ်ပေါ်လာပါတယ်။ ဒီလို အခက်အခဲတွေကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေကိုတော့ အချိန်တန်ဖိုးထားလိုသူတိုင်း ဖန်းတီးဆောင်ရွက်ရမှာဖြစ်ပါတယ်။
ကျွန်တော်ကတော့ ကျွန်တော့်ပတ်ဝန်းကျင်မှာ တွေ့ရှိရသော နည်းလမ်းလေး တစ်ခုနဲ့
အကြံပြုလိုပါတယ်။ အခုဆိုရင်တော့ Moblie အင်တာနက်လောက ကလည်း ကျယ်ပြန့်လာနေပါပြီ။
အိမ်၊ ခြံ၊ မြေ Web Portal Service ပေးသူများမှလည်း အကောင်းဆုံး ဆောင်ရွက်ပေးနေကြပါတယ်။
လိုချင် / သိချင်သော အချက်အလက်များကို မြန်ဆန်မှန်ကန်စွာ ရှာလို့လည်းရပါတယ်။ Property.com.mm လို အိမ်၊ ခြံ၊ မြေ Web Portal မျိုးမှာဆိုလျှင် မိမိစိတ်ဝင်စားသော အိမ်၊ ခြံ၊ မြေ
အချက်အလက်များ တင်ထားပါတယ်။ ဒါ့အပြင် သွားရောက်ကြည့်ရှုခြင်းကြောင့် အချိန်ကုန်ခြင်း၊
လူပင်ပန်းခြင်းစသော အခက်အခဲများကို ရင်ဆိုင်ရခြင်း မရှိစေဖို့ ဓါတ်ပုံများကိုပါ တစ်နေရာထဲ
တစ်ချိန်ထဲမှာ မြန်မြန်ဆန်ဆန်နဲ့ ဝင်ရောက်ကြည့်ရှု့နိုင်အောင် ဖန်တီးပေးထားတဲ့
ဝန်ဆောင်မှုတွေကိုပါ တွေ့လာရပါပြီ။
 “အချိန်သည် ငွေဖြစ်သည်” ဟူသော စကားက လူတိုင်းအတွက်ဖြစ်ပါတယ်။ အကောင်းဆုံးပေးနေကြတဲ့ ဝန်ဆောင်မှုတွေကို အသုံးချပြီး လူကြီးမင်းတို့အတွက် အဓိက အရေးအကြီးဆုံးဖြစ်တဲ့ အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း အခက်အခဲများကို ကူညီဖြေရှင်းပေးမယ့် အွန်လိုင်းမှ ဝယ် - ရောင်း - ငှား ခြင်းဖြင့် လူကြီးမင်းတို့၏ တန်ဖိုးရှိသော အချိန်များကို လမ်းပေါ်မှာ ကုန်ဆုံးရခြင်းနှင့် ပူပြင်းသော ရာသီဥတုကြောင့်
စိတ်ပင်ပန်း လူပင်ပန်းခြင်းများအတွက် အကောင်းဆုံးဖြေရှင်းပေးနိုင်မယ့်
နည်းလမ်းလေးတစ်ခုဖြစ်နိုင်လိမ့်မယ်လို့ ကျွန်တော့် အမြင်လေးကို အကြံပြု တင်ပြလိုက်ပါတယ်။
ကိုဟိန်းလတ်

မြန်မာ့အိမ်ခြံမြေသတင်းဌာန Myanmar Property News - MPN

မှတ်ချက်။ Property.com.mm အတွက်သာ သီးသန့်ရေးသားစုဆောင်းတင်ပြပါသည်။ ကူးယူဖော်ပြရန်မဟုတ်ပါ။
#myanmarpropertynews
#MPN
#propertydotcomdotmm

Facebook comments