ေဘးချင်းယှဥ်ပေမယ့်စျေးချင်းမတူပါ

javascript
အိမ်ခြံမြေတွေရဲ့သဘောအရ အိမ်ခြံနှစ်ကွက် ေဘးချင်းယှဥ်နေပေမယ့် အကွက်အကျယ်တူနေပေမယ့် စျေးကွာခြားတတ်ပါတယ်။ ဧရိယာတူနေသော်ငြား အဓိကအားဖြင့် မျက်နှာစာ အကျယ်၊ အကွက်အချိုးကျမှု၊ မြေအနိမ့်အမြင့်၊ ဘေးပတ်ဝန်းကျင်တွင်တည်ရှိနေသော မြောင်း၊ အမှိုက်ပုံ၊ စိတ်အနှောက်အယှက်ဖြစ်စရာ လုပ်ငန်း/ ကျောင်း/ အခြေအနေ စသော အကြောင်းအရပ်တွေပေါ်မူတည်ပြီး စျေးကွာခြားမှုမ​​ျားရှိတတ်ပါတယ်။
အိမ်ခြံအတွင်းတည်ဆောက်ထားသော အဆောက်အဦးရဲ့ အနေအထား နှင့် ကုန်ကျမှု၊ လှပတင့်တယ် မျက်ချစ်ရှိစေမှုတို့အပေါ် မူတည်ပြီးလည်း စျေးကွာတတ်ပါတယ်။ 
ဧရိယာ၊ မျက်နှာစာ၊ အခြေအနေ အကုန်လုံး ထပ်တူနီးပါးကျနေသော်လည်း တခါတရံ အိမ်ရှင်နှစ်ဦး၏ မတူညီသော စိတ်အခြေအနေ၊ ရောင်းချလိုမှုအတိုင်းအတာတို့အပေါ်မူတည်၍လည်းစျေးကွာခြားတတ်ပါတယ်။
စျေးလာဆိုင်သော ဝယ်လိုသူ၏ အပြောအဆို ယဥ်ကျေးမှု ကောင်းလျှင်လည်း စျေးလျော့ပေးတတ်ကြသလို တချို့ ဝယ်လိုသူတွေရဲ့ အထက်စီးဆန်ဆန် ဘုကလန့် ဆက်ဆံမှုတွေကြောင့်လည်း အိမ်ရှင်ကမ​ရောင်းတော့ဘဲ ပွဲပျက်တတ်ပါတယ်။
စာရွက်စာတမ်းတောင်းကြည့်သည့်အခါတချို့သော အိမ်ရှင်များက အတွေ့အကြုံရှိ၍ နားလည်မှုရှိကြပေမယ့် တချို့သော အိမ်ရှင်များက ၎င်းတို့ကို မယုံ၍လားဟုဆိုကာ ရန်တွေ့မောင်းထုတ်တတ်တာမျိုးလည်းရှိတတ်ပါတယ်။
တခါတရံ မရောင်းချင်တော့သည်ကိုပွင့်ပွင့်လင်းလင်းမပြောဘဲ (သို့မဟုတ်) ဘေးပတ်ဝန်းကျင်က စျေးအများကြီးပို၍ရနိုင်သည်ဟုပြောကြသည်ကိုနားယောင်ကာ စျေးစကားတွေ့ဆုံပြောရင်း မူလခေါ်ထားသောစျေးထက် စျေးကိုတိုး၍တိုး၍ပြောကာ ဝယ်သူစိတ်ပျက်ထွက်ပြေးစေတဲ့ အိမ်ရှင်မျိုးလည်းရှိတတ်ပါတယ်။
ယခုအချိန် စျေးမတက်ပေမယ့် အရောင်းအဝယ်လေးများပြန်ဖြစ်လာကြသည်ကို တွေ့ရပါတယ်။
ယခုအချိန်မှာစျေးဆိုင်ကြတဲ့အခါ ငွေသား/ချက်/ဘဏ်အလွှဲ/အလဲအထပ်စသည်ဖြင့် ငွေပေးချေမှုကိစ္စတွေကိုပါ အသေအချာညှိနှိုင်းလာကြရပါတယ်။
အစစ အရာရာ အဆင်ပြေပြေဖြစ်ပြီး မဂ်လာရှိရှိ အရောင်းအဝယ်ဖြစ် အငှားဖြစ်သွားတာတွေလည်းမ​ျားစွာ ရှိတတ်ကြပါတယ်။
အိမ်ခြံမြေလောက အတွေ့အကြုံလေးတွေ လေးစားစွာ ဝေမျှပေးလိုက်ပါတယ်။
ရှေ့ဆက် စီးပွားရေးနလန်ထမှု အပြောင်းအလဲနှင့် ဘဏ်ငွေထုတ်ရလွယ်ကူမှု အပေါ်မူတည်၍ အိမ်ခြံမြေ စျေးကွက်အခြေအနေတို့ကိုလည်း ဆက်လက်လေ့လာတင်ပြပေးသွားပါမယ်။
(Property.com.mm ၊
Myanmar Property News နှင့် Estate Myanmar တို့အတွက်သာ သီးသန့်ရေးသားစုဆောင်းတင်ပြပါသည်။)

Facebook comments