Home Loan အရစ်ကျ မပါသောအိမ်ခြံမြေစျေးကွက်

javascript
လွန်ခဲ့ပြီးသော နှစ်အပိုင်းခြားကာလတွေမှာ အိမ်ခြံမြေကို Home Loan နဲ့အရစ်ကျဝယ်တာတွေ အတော်များမ​​ျားရှိခဲ့ကြပါတယ်။ Home Loan နဲ့ အိမ်ဝယ်တဲ့အခါ Deposit ပေးရတဲ့ငွေနည်းပြီး လစဉ် အရစ်ကျပြန်ဆပ်တာကိုနှစ်ရှည်ပြန်ဆပ်နိုင်တာကြောင့် မြန်မာပြည်ရဲ့အတိုးနှုန်းကသူများနိုင်ငံထက်အတော်များသော်လည်း လူတွေ Home Loan ကိုအတော်လေးအသုံးပြုဝယ်ယူခဲ့ကြပါတယ်။
အရေးအကြီးဆုံးအချက်ကတော့
ရောင်းမယ့်အိမ်ပိုင်ရှင်က Home Loan ကျဖို့ အချိန်ကို စောင့်ပေးဖို့ လက်ခံသူဖြစ်ဖို့လိုတာပါပဲ။ (ပုံမှန်ချေးငွေကျဖို့က အနည်းဆုံးတစ်လ​​လောက်ကြာတတ်ပါတယ်။
အခု ယခင်လို Home Loan မရှိတော့တဲ့အချိန်မှာတော့ ငွေသား Cash နဲ့ပေးချေတာ နှင့် Bank Transfer ပေးချေဝယ်ယူတာမျိုးတွေပဲတွေ့နေရပါတယ်။ ဒါကြောင့် Home Loan နဲ့ဝယ်မယ့် ဝယ်လိုအား စျေးကွက်မှာ ပျောက်ဆုံးသွားပြီး ဝယ်လိုအားကို ပိုလျော့ကျစေပါတယ်။
အိမ်ခြံမြေ စျေးကတော့ မတက်ပဲ အကျဘက်မှာပဲဆက်လက်တည်ရှိနေပါတယ်။ တချို့ငွေမလိုတဲ့ ပိုင်ဆိုင်မှုပစ္စည်းကိုင်ထားချင်တဲ့ အိမ်ရှင်တချို့ကတော့ စျေးမလျော့တာ၊ ဒေါ်လာစျေးတက်လို့ဆိုပြီး စျေးတိုးခေါ်တာမျိုးလည်းတွေ့ရပါတယ်။ အဲဒီအခါ အဝယ်တွေလာတောင်မကြည့်တော့ပဲ အော်ကျန် အဖြစ်ပဲ မရောင်းရတဲ့အနေအထားမျိုးဖြစ်နေတာတွေလည်း တွေ့ရပါတယ်။ 
နောင်အချိန် Home Loan ပြန်ရတဲ့အခါ လျှောက်ထားချင်သူတွေအတွက်လည်း လိုအပ်ချက်တွေကို အောက်မှာ ဝေမျှပေးထားပါတယ်။
ကွန်ဒိုတို့၊ တိုက်ခန်းတို့ ဝယ်ရင် 100% ဆောက်ပြီးသား BCCကျ၊ မီတာကျပြီး အခန်းသစ်တွေကို ဝယ်လိုက်တာကပိုကောင်းပါတယ်။ မပြီးမစီးတချို့ဟာတွေက ကြန့်ကြာမှုတွေနဲ့ ခေါင်းရှုပ်စေပါတယ်။ ရောင်းတုန်းကတမျိုး တကယ်ဆောက်တော့ Quality က လျော့ပြီးတမျိုးလုပ်တတ်တဲ့ ဆောက်လုပ်ရေးတချို့ကြောင့်လည်း ခေါင်းခဲတတ်ပါတယ်။
Home Loan အတွက် ဘဏ်ရွေးတဲ့အခါ မိမိဝယ်မယ့် ကွန်ဒိုတိုက်ခန်း အဆောက်အဦးမှာ (အခြားသူ​တွေ Home Loan နဲ့ ဝယ်ထားတယ်ဆိုရင်) သူတို့ လျှောက်တဲ့ ဘဏ်မှာပဲလျှောက်တာက ဘဏ်ကလက်စရှိပြီးတိုက်မို့ ချေးငွေ Home Loan ကျတာ ပိုမြန်ဆန်ပါတယ်။
Home Loan လျှောက်ထားသူတွေတင်ပြဖို့ လိုအပ်တဲ့စာရွက်စာတမ်းများ
ချေးငွေလျှောက်သူ
၁။ မှတ်ပုံတင်မိတ္တူ
၂။ သန်ခေါင်းစာရင်းမိတ္တူ
၄။ #ဝန်ထမ်း - လက်ရှိအလုပ်က အလုပ်ခန့်ထားသော အထောက်အထား (လစာပါအပါအဝင်အချက်အလက်ပြည့်စုံရပါမယ်) Job Contract 
#ကိုယ်ပိုင်လုပ်ငန်း - ကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့သူဆို ပုံမှန်ဝင်ငွေရတဲ့လမ်းကြောင်းအထောက်အထား (Audit Report စာရင်း)
၅။ ရဲစခန်းထောက်ခံစာ
၆။ ရပ်ကွက်ထောက်ခံစာ
Home Loan အတွက်က ဘယ်ဘဏ်မဆို ထောက်ခံသူတစ်ယောက်လိုအပ်ပါတယ်။ ကိုယ့်မိသားစုမောင်နှမသူငယ်ချင်း (အလုပ်ရှိတဲ့ အလုပ်လုပ်နေသော) မည်သူမဆို လက်ခံပါတယ်။ 
ထောက်ခံသူလိုအပ်တဲ့စာရွက်စာတမ်းများ
၁။ မှတ်ပုံတင်မိတ္တူ
၂။ ရပ်ကွက်ထောက်ခံစာ
၃။ သန်းခေါင်စာရင်းမိတ္တူ
၄။ လက်ရှိအလုပ်က အလုပ်ခန့်ထားသော အထောက်အထားစာရွက် (HR စီကတောင်းလို့ရပါတယ်)  
အိမ်ရှင်ဘက်က စာရွက်စာတမ်းအပြည့်အစုံလည်း လိုပါမယ်။
ဘဏ်က သတ်မှတ်မယ့် ရာဖြတ်စျေးနှုန်းအကြမ်းဖျင်းရဲ့ ၃၀ ရာခိုင်နှုန်း (တချို့ဘဏ်ကပိုလျော့ပေးပါတယ်) အပြင် အနည်းဆုံး ၅ ရာခိုင်နှုန်းလောက်အပိုဆောင်ထားတာကောင်းပါတယ်။
ထုံးစံအတိုင်း Home Loan မလျှောက်ခင် စျေးဆိုင်ပြီး အိမ်ရှင်ကို
စရံ အနည်းငယ်ချပေးထားဖို့လိုပါတယ်။
ပုံမှန် တစ်လလောက်စောင့်တတ်ရပြီး ချေးငွေကျခါနီးဆိုရင် ဘဏ်ကဖုန်းဆက်ပြီး တိုက်ခန်းကို မီးအာမခံထားရမယ်ဆိုတဲ့အကြောင်း အသိပေးလာပါလိမ့်မယ်။ အိမ်ပေါ်မူတည်ပြီး မီးအားမခံက အကြမ်းဖျင်း တစ်နှစ်စာ အနည်းဆုံး တစ်သိန်းဝန်းကျင် လောက်ရှိပါတယ်။
ဘဏ်မှာ Loan Account ဖွင့်ပြီး လစဉ် အဲ့အကောင့်ထဲ ငွေသွင်းရုံပါပဲ။ တချို့က ဘဏ် ရှေ့နေ ဝန်ဆောင်ခဆိုပြီးတောင်းတတ်ပေမယ့် တချို့ဘဏ်တွေက မတောင်းပါဘူး။
အဲဒီအခါ အိမ်ရှင်ဆီအကြောင်းကြား သူ့စီကစရံငွေကို ပြန်ယူပြီး ဘဏ်ကသတ်မှတ်ထားတဲ့ (ပုံမှန် 25-30%) Deposit ပမာဏကို ဘဏ်ကိုသွင်းလိုက်တာနဲ့ ဘဏ်က အိမ်ရှင်ကို အဲ့သည်နေ့ သို့ နောက်တနေ့မှာပဲ ငွေအ​ကြေ ပေးချေပေးပါလိမ့်မယ်။ 
ဒါဆိုပြီးသွားပါပြီ ဘဏ်ကို လစဉ်ပုံမှန်အရစ်ကျသွင်းသွားရုံပါပဲ။
ဝယ်သူရမှာက အိမ်/ကွန်ဒို/တိုက်ခန်းနဲ့ပတ်သက်တဲ့စာရွက်စာတမ်းအချို့၊ ဘဏ်ကပေးတဲ့ စာရွက်စာတမ်း၊ ပြီးစရင် အရောင်းအဝယ်စာချုပ်မိတ္တူပါ။ မူရင်းကဘဏ်ကသိမ်းထားပါတယ်။
ချေးငွေက ၁ဝနှစ်ကနေ ၁၅နှစ်ထိယူလို့ရတယ်။ ကိုယ်အဆင်ပြေနိုင်သလောက် အချိန်ကိုတွက်ပြီး နှစ်အနည်းအများကိုယူပါ။ နှစ်များရင်တော့ အတိုးပေးရတာပိုများပါတယ်။
အိမ်ခြံမြေ စျေးကွက်အခြေအနေတွေနဲ့ ဗဟုသုတရစရာ တို့ကိုလည်း ဆက်လက်လေ့လာတင်ပြပေးသွားပါမယ်။
မှတ်ချက်။ Property.com.mm နှင့် Myanmar Property News (MPN) နှင့် Estate Myanmar တို့အတွက်သာ သီးသန့်ရေးသားစုဆောင်းတင်ပြပါသည်။ ကူးယူဖော်ပြရန်မဟုတ်ပါ။
#homeloan #myanmarpropertynews
#MPN
#propertydotcomdotmm

Facebook comments