မြိတ် အိမ်ခြံမြေဈေးကွက် ရောင်းသူများနေပြီး ဝယ်လက်နည်းပါးနေ

javascript

မြိတ် အိမ်ခြံမြေဈေးကွက် ငါးနှစ်အတွင်း ဈေးနှုန်းမြင့်တက်လျက်ရှိသော်လည်း ဝယ်လက်နည်းပါးနေသေးကြောင်း မြိတ်အခြေစိုက် အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ကိုင်နေသူများထံမှ သိရသည်။

မြိတ်ဒေသတွင် လွန်ခဲ့သည့် ငါးနှစ်ကထက် မြိတ်အိမ်ခြံမြေဈေးကွက် မြင့်တက်ခဲ့သော်လည်း လက်ရှိအချိန် တွင် အခြေခံလူတန်းစားများ နေထိုင်သော ရပ်ကွက်များ၌ အိမ်ရာမြေတစ် ကွက်လျှင် ဈေးနှုန်း သုံးဆခန့်အထိ မြင့်တက်နေကြောင်း သိရသည်။ မြေယာနှင့် ပတ်သက်၍ ပေ ၄၀_၅၀ တစ်ကွက်လျှင် ကျပ်သိန်း ၅၀ မှ သိန်း ၅၀ဝ အထိ မြင့်တက်နေကာ ဝယ်ယူသူထက် ရောင်းချသူက ပိုများနေကြောင်း သိရသည်။

မြိတ်ခရိုင် အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုရုံးမှ တာဝန်ရှိသူ ဦးမျိုးအောင်က "မြေဈေးက မြိတ်မှာ ဆိပ်ငယ်ရပ်ကွက်နဲ့ နောက်လယ်ရပ်ကွက်တွေက ဈေးအမြင့် ဆုံးမှာ ရှိပါတယ်။ အမှန်တကယ် အရောင်းအဝယ်အဖြစ်များတာက အခြေခံလူတန်းစားတွေ နေထိုင်တဲ့ မြိတ်တောင်နယ်မြေ မြိတ်တောင်ကျေးရွာ နဲ့ ကလွင်နယ်မြေတွေက ပိုပြီးအရောင်းအဝယ်အဖြစ်များတယ်"ဟု ပြောသည်။

အဆိုပါ အိမ်ခြံမြေ ရောင်း၊ ဝယ်မှု မှာ မြိတ်မြို့တွင် မြို့အစွန်အဖျားမှ မြေကွက်က ရောင်းရတာများကြောင်း သိရသည်။

"မြိတ်အနေအထားအရက အခု လက်ရှိမှာ အိမ်ရာမြေ အကျိုးဆောင်ရုံးတွေပေါ်လာတော့ ရောင်းချချင်သူတွေက များနေတယ်။ ဝယ်လက်တွေက နည်းပါးနေသေးတယ်"လို့ ဝင်း အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ခံ ဦးဇော်ဝင်းသိန်းက ပြောသည်။

မြိတ် အိမ်ခြံမြေ ရောင်းဝယ်ရာတွင် အခြား နေရပ်ဒေသများမှ ပြောင်းရွှေ့ လာရောက်ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံ သူများ မရှိသလောက် နည်းပါးနေကြောင်း သိရကာ တနင်္သာရီတိုင်းအတွင်းရှိ ပင်လယ်ပိုင်းဒေသနှင့် ကျေးရွာများမှ ပြည်သူများသာ ပို၍ဝယ်ယူမှုရှိနေကြောင်း သိရသည်။

Facebook comments