စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာပါ ကွဲလွဲဲချက်များကို ပြန်လည်ရှင်းလင်းမည်

javascript

၂၀၁၇ -၁၈ ခုနှစ် စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာတွင် ရန်ကုန်မြို့တော်စည်ပင်၏ ပုဂ္ဂလိက ကုမ္ပဏီများကို နှစ်အဆက်ဆက်ငှားရမ်းခဲ့သည့် မြေနေရာငှားရမ်းခများ နှင့် ငွေစာရင်းအသုံးပြုမှုများသည် ဘဏ္ဍာရေး စည်းမျဉ်းများနှင့်မညီကြောင်း  ဖော်ပြချက်များ ပါဝင်ခဲ့သည်။ 

မြို့တော်စည်ပင်၏ ဈေးကွက် မြေငှားရမ်းခနှုန်းထား များ၊ ဘဏ္ဍာရေးငွေကြေးသုံးစွဲမှုများအပေါ်တွင် စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာသည် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

ထို့ပြင် မြို့တော်စည်ပင်ဈေးများဌာန၏ စီမံခန့်ခွဲမှုအားနည်းချက်များကြောင့် ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေးတန်းရှိ ဆိုင်ခန်းများအတွက် ကုန်ကျစရိတ်များ၊ ဆိုင်ခန်းငှားရမ်းမှုများတွင် ရလဒ်ကောင်းမရကြောင်း စာရင်းစစ်ချုပ်ရုံး၏အစီရင်ခံစာတွင် အကြံပြုချက်များ လည်း ပါဝင်ခဲ့သည်။

ယင်းအစီရင်ခံစာအရ ရန်ကုန်မြို့အတွင်း တရားမဝင် ဈေးပုန်း ၁၃၈ ဈေးအထိရှိနေပြီး တစ်ဈေးလျှင် ဈေးသည် ၂၅ ဦးမှ အများဆုံး ၄၀ဝ ကျော် အထိရှိနေကာ ယင်းဈေးများကို အခွန်အခများ ကောက်ယူမှု မရှိခြင်းကြောင့် ယင်းတို့ကို စနစ်တကျ စီမံခန့်ခွဲသင့်ကြောင်းလည်း အကြံပြုဖော်ပြထားသည်။

ရန်ကုန်မြို့အတွင်း အထင်ကရ ပန်းခြံများ၊ ကစားကွင်းများ၊ ပွဲကျင်းပရာနေရာများဖြစ်သည့် ဃြဃ ခန်းမတို့၏  ငှားရမ်းခနှုန်းထားများသည် နည်းပါးနေပြီး ဆီလျော်မှုမရှိ ကြောင်း ထောက်ပြထားပြီး မြို့တော်စည်ပင်က ရသင့်ရထိုက်သည်ထက် လျော့ရနေကြောင်းကိုလည်း ဖော်ပြထားသည်။ 

၂၀၁၇•၁၈ ခုနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာသည် မြို့တော်စည်ပင်အချက်အလက်များနှင့် ပတ်သက်ပြီး ကွဲလွဲမှုများရှိနေသောကြောင့် ဖြေရှင်းရန် အသင့်ရှိနေပြီး ရှင်းလင်း ပွဲလည်း ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း မြို့တော်ဝန်ဦးမောင်မောင်စိုးက ဇန်နဝါရီ ၁၃ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

"ဥပမာ- မြေငှားရမ်းခဆိုတာက ဈေးကွက်ပေါက်ဈေးရှိပေမဲ့ သူလုပ်တဲ့လုပ်ငန်းနဲ့ ခံနိုင်ရည်ရှိမရှိကြည့်ရတယ်။ ဒါ့ပြင် မြေငှားတာက အလွတ်ငှားလိုက်တာမဟုတ်ဘူး။ ပိုင်ရှင်တွေက ငှားလိုက်ပေမဲ့ လုပ်ချင်တိုင်းလုပ်လို့ မရဘူး။ အပြည့်လုပ်ကိုင်ခွင့်ရတာမဟုတ်ဘူး။ သူတို့က မြို့ပြပြယုဒ်နဲ့အညီ သွားရတာဖြစ်လို့ ကွာဟမှုတွေရှိနေတာဖြစ်တယ်" ဟု ဦးမောင်မောင်စိုးက ပြောသည်။

အစိုးရသစ် တက်သည့်ကာလမှစပြီး ရန်ကုန်မြို့တွင်း ဥယျာဉ်၊ ပန်းခြံများကို အသုံးပြုရန် ငှားရမ်းထားသည့် ကုမ္ပဏီများအတွက် ဆိုင်ခန်းငှားရမ်းခနှုန်းများကို ကာလပေါက်ဈေးနှင့်ယှဉ်သည့် နှုန်းထားများအတိုင်း နှစ်စဉ်ဆတိုးပြောင်းလဲ၍ စီမံငှားရမ်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနမှု ဦးကိုကိုလင်းက ဆိုသည်။

"ဥပမာပေးရရင် အရင်တုန်းက ပြည်သူ့ရင်ပြင်ရဲ့ ငှားရမ်းခနှုန်းထားက တစ်နှစ်ကို ကျပ်သိန်း ၂၂၀ ကနေ ၂၅၀ နှုန်းလောက်နဲ့ ငှားရမ်းခဲ့တယ်။ အခုအစိုးရလက်ထက်မှာ မြို့နယ်စည်ပင်သာယာဥက္ကဋ္ဌတွေရဲ့ ဦးစီးမှုနဲ့ နှုန်းထားတွေကို ပြန်လည်ပြင်ဆင်ရတာရှိတယ်။ အခု ၂၀၁၈•၁၉ ခုနှစ်မှာ ပြည်သူရင်ပြင်ရဲ့ ငှားရမ်းခနှုန်းထားဟာ တစ်နှစ်ကို  ကျပ်သိန်း ၁ ဒသမ ၄၆၉ ဘီလျံထိ ရှိလာတယ်။ ဒါကြောင့် ယခင်နှုန်းနဲ့ အခုနှုန်း ဘယ်လောက်ကွာလဲ မြင်နိုင်တယ်"ဟု ၎င်းကပြောသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်ရှိ ဇေကမ္ဘာဝင်းကိုအသုံးပြုရန် ငှားရမ်းနှုန်းထားသည် ယခင်က တစ်နှစ်လျှင် ကျပ်သိန်း၂၅၀ ဖြစ်ပြီး လက်ရှိတွင် တစ်နှစ် ငှားရမ်းခနှုန်းထားသည် ကျပ်သိန်း ၃ç၄၀ဝ ကျော်အထိ ဈေးကွက်ပေါက်ဈေးများအတိုင်း ညှိနှိုင်းငှားရမ်းထားကြောင်း ဦးကိုကိုလင်းက ဆိုသည်။

ရန်ကုန်မြို့အတွင်း ပန်းခြံများရှိဆိုင်ခန်းများကို ငှားရမ်းရာတွင် လက်ရှိတွင် အုပ်စုသုံးခုခွဲထားပြီး အုပ်စု(၁)တွင် ပါဝင်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ အစရှိ သည့် မြို့နယ်များရှိ ဆိုင်ခန်းငှားရမ်းခ တစ်ပေပတ်လည် အတွက် တစ်နှစ်နှုန်းထားသည် ကျပ် ၁ç၃၀ဝ ကျော် သတ်မှတ်ထားသည်။

အုပ်စု(၂)တွင်ရှိသော၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ သာကေတ၊ ဒေါပုံ၊ ကြည့်မြင်တိုင်၊ သင်္ဃန်းကျွန်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့အတွက် ဆိုင်ခန်းငှားရမ်းခနှုန်းထားများသည် တစ်နှစ်လျှင် ကျပ် ၂ç၆၀ဝ ကျော် သတ်မှတ်ထားသည်။

အုပ်စု(၃)တွင် ကမာရွတ်၊ တာမွေ၊ စမ်းချောင်း၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ လှိုင်၊ မရမ်းကုန်း၊ ရန်ကင်း၊ လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဆိပ်ကမ်း၊ ဒဂုံနှင့် ဗဟန်းမြို့နယ်တို့ရှိ ပန်းဥယျာဉ်များရှိ ဆိုင်ခန်းငှားရမ်းခနှုန်းထားသည် ကျပ် ၃ç၇၀ဝ ကျော်ဖြစ်သည်။

၂၀၁၇•၁၈ ခုနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာတွင်ဖော်ပြထားသည့် ရန်ကုန်မြို့တော်စည်ပင်၏ ဆောင်ငွေ (အသင့်ဆောင်ထားငွေ) ကျပ်သန်း ၁၀ဝ အပေါ်တွင်လည်းဘဏ္ဍာရေးစည်းမျဉ်းနှင့် မညီကြောင်း ဖော်ပြချက်အပေါ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမ·း ဦးချိုထွန်းအောင်က ပြောသည်။ 

"ဒါက ကြိုတင်ငွေနဲ့ ဆောင်ငွေဆိုပြီး အသုံးအနှုန်းမှားပြီး သုံးတာလို့ စာရင်းစစ်ရုံးကို စာပို့ထားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ဌာနရဲ့ မော်တော်ယာဉ်တွေကို အရေးပေါ် ပြင်ဆင်စရိတ်အဖြစ်သုံးဖို့အတွက် ဆောင်ငွေအဖြစ်နဲ့ ခေါင်းစဉ်တင်ပြီး သုံးထားတာပါ။ အဲဒီအတွက်လည်း သူတို့ညွှန်ထားတဲ့အတိုင်း အမည်ပြောင်းသုံးပြီးတင်ထားပါတယ်"ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့အတွင်း နေ့စဉ် စွန့်ပစ်အမှိုက်တန်ချိန် ၂ç၅၀ဝ ကျော်ထွက်ရှိပြီး ယင်းတို့ကို သိမ်းဆည်းရန် မော်တော်ယာဉ်အသုံးပြုသည့်အစီးရေ ၄၀ဝ ကျော်ရှိကြောင်း၊ နေ့စဉ် ပြင်ဆင်ထိန်းသိမ်းရသည့် ယာဉ်အစီးရေ၅၀ ကျော်ရှိနေသည့်အတွက် ယင်းကုန်ကျစရိတ်ကို ဆောင်ငွေအဖြစ် အသုံးပြုရန် ပြန်လည်တင်ပြထားခြင်းဖြစ်ကြောင်း ဦးချိုထွန်းအောင်က ဆက်လက်ရှင်းပြသည်။

ယင်းသို့ လုပ်ငန်းဆောင်ရွက်ရန် ဆောင်ငွေအဖြစ် အသုံးမပြုပါက နေ့စဉ်ထွက်ရှိသော အမှိုက်များကို အချိန်မီသိမ်းဆည်းနိုင်မည်မဟုတ်ကြောင်းနှင့် ယင်းသို့ ကြိုတင်ငွေအဖြစ် စာရင်းတင်သွင်းခြင်းသည် ယခင်အစိုးရလက်ထက် ကတည်းက တင်ပြခဲ့ခြင်းဖြစ်ကြောင်း မြို့တော်စည်ပင်ထံမှ သိရသည်။ 

စာရင်းစစ်ချုပ်ရုံးအစီရင်ခံစာအရ ဒဂုံမြို့နယ်အတွင်း ရှိ ပြည်သူ့ဥယျာဉ်မြေနေရာ ၇၆ ဒဿမ ၅၃ ဧကကို ကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းရာတွင် မြေငှားရမ်းခရငွေ ကျပ် ၁၀ ဘီလျံကျော် လျော့နည်းကြောင်း ဖော်ပြထားပြီး ယင်းနေရာသည် ၂၀ဝ၉ ခုနှစ် ဧပြီလမှ ၂၀၃၄ ခုနှစ် မတ်လကုန်ထိNature world ကုမ္ပဏီသို့ ငှားရမ်းခဲ့ခြင်းဖြစ်သည်။

"ဈေးကွက်ပေါက်ဈေးတွေနဲ့ယှဉ်ရင် လက်ရှိငှားရမ်းခနှုန်းထားတွေက လျှော့ပြီးငှားရမ်းရတယ်။ စီမံခန့်ခွဲမှုအပိုင်းအရ ပန်းခြံတွေမှာ ဆိုင်ခန်းငှားရမ်းသူတွေက အပြည့်အဝဈေးကွက်ချဲ့လို့မရတာတွေ၊ လုပ်ပိုင်ခွင့်မရှိတာတွေ ရှိတယ်။ အဲဒီတော့ ပုံမှန်ဈေးကွက်ပေါက်ဈေးထက်တော့ နည်းနည်းလျော့တယ်။ ဒါပေမဲ့ နှစ်စဉ် ဆိုင်ခန်းငှားရမ်းခနှုန်းထားတွေကို ပြင်ဆင်သုံးသပ်တာတွေ ရှိတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမ·း ဒေါ်လှိုင်မော်ဦးက မှတ်ချက်ပြုသည်။

လက်ရှိဖော်ပြထားသော စာရင်းစစ်ချုပ်အစီရင်ခံစာသည် ၂၀၁၇•၁၈ အစီရင်ခံစာဖြစ်ပြီး အချို့ဖော်ပြချက်များသည် ယခင်ကတည်းက ဖြေရှင်းထားပြီး ပန်းခြံများငှားရမ်းရာတွင် ပိုင်ရှင်များအနေဖြင့် စီမံခန့်ခွဲရမှုလည်း ကွဲပြားသဖြင့် လက်ရှိပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ ကွဟနေမည်ဖြစ်ကြောင်း  မြို့တော်ဝန်က ထောက်ပြသည်။

"ကျွန်တော် မြို့တော်ဝန်လက်ထက်မှာ အကုန်လုံးကို တင်ပြရတယ်။ ကော်မတီအလိုက် ဘယ်တုန်းကတည်းကငှားထားတာ၊ ဘယ်လိုငှားရတာအစ အသေးစိတ်တင်ပြပြီးမှ ငှားရမ်းတာပါ။ ငွေစာရင်းစစ်ချုပ်အစီရင်ခံစာထဲမှာခြုံကြည့်ပြီး မြေဘယ်နှဧကရှိတယ်။ မြေဧက ဒီလောက်ရှိလို့ ဘယ်လောက်နစ်နာမှုရှိတယ်ဆိုပြီး တင်ပြထားတာရှိတယ်။ ကျွန်တော်တို့က အဲဒီလိုမတွက်ဘူး။ မြေဘယ်နှဧကမှာ အဆောက်အအုံကအစ ဘယ်လောက်၊ ကားပါကင် အတွက် နေရာချန်တာက ဘယ်လောက်၊ နေရာတကာ စီးပွားရေး မလုပ်ရဘူး၊ စသဖြင့် အသေးစိတ်တွက်ပြီး တင်ပြတာဖြစ်လို့ ကွဲပြားတာတွေရှိတယ်"ဟု မြို့တော်ဝန် ဦးမောင်မောင်စိုးက ဆိုသည်။

လက်ရှိတွင် မြို့တော်စည်ပင်မှ ဆိုင်ခန်းငှားရမ်းခနှုန်းထားများ ပြန်လည်ပြောင်းလဲ သတ်မှတ်ချက်များ ရှိသည့်အတွက် နှုန်းထားများကို မပေးနိုင်၍ ငှားရမ်းထားသည့် ကုမ္ပဏီက ပြန်လည်ညှိနှိုင်းပေးရန် အသနားခံစာတင်ပြမှုများလည်း ရှိနေကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

"စာရင်းစစ်ချုပ်အစီရင်ခံစာသည် စေတနာနဲ့ ရေးထားတာလို့ပဲ ယုံတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါက ရန်ကုန်ရဲ့ စည်ပင်သာယာရေးလုပ်ငန်းတွေအတွက် ဦးတည်ချက်နဲ့သွားတာဖြစ်လို့ ကျွန်တော်တို့မှာလည်း ရှင်းပြစရာအချက်တွေရှိပါတယ်။ တတချို့အချက်တွေကလည်း ဖြေရှင်းပြီးသားအချက်တွေပါပဲ"ဟု ဦးမောင်မောင်စိုးက ဆိုသည်။

Facebook comments