မကွေးတိုင်းဒေသကြီး မင်းလှမြို့ နှင့် ဆိပ်ဖြူမြို့တို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ရှစ်ခန်းတွဲငါးထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံနှစ်လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသူရိမ်ထံမှ သိရသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မင်းဘူး၊ သရက်၊ ပခုက္ကူမြို့တို့တွင် ရှစ်ခန်းတွဲ၊ ခြောက်ထပ်ဝန်ထမ်းအိမ် ရာသုံးလုံးတည်ဆောက်ခဲ့ပြီး မကွေး၊ ဂန့်ဂေါမြို့တို့တွင် ရှစ်ခန်းတွဲ၊ ခြောက် ထပ်ဝန်ထမ်းအိမ်ရာနှစ်လုံးမှာ တည် ဆောက်နေဆဲဖြစ်ကြောင်း သိရသည်။
"နိုင်ငံ့ဝန်ထမ်းတွေ မိမိတို့တာဝန် ကျရာဒေသတွေမှာ ဌာနမှ ဝန်ထမ်း အိမ်ရာနှင့်ဝန်ထမ်းလိုင်းခန်းများ မရရှိ ကြသဖြင့် ပြင်ပတွင် နေအိမ်၊ အိမ် ခန်းများ ငှားရမ်းနေထိုင်ကြရတဲ့ဝန် ထမ်းတွေအတွက် အဆင်ပြေအောင် ဝန်ထမ်းအိမ်ရာတွေဆောက်လုပ်ပေး တာဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင်လည်း မကွေးတိုင်းအတွင်း ခရိုင်မြို့ငါးမြို့နှင့် အခြားလိုအပ်သည့် မြို့နယ်များ၌လည်း ဆက်လက်တည် ဆောက်ပေးသွားမှာဖြစ်ပါတယ်"ဟု ညွှန်ကြားရေးမှူးဦးသူရိမ်က ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်(မီနီ ဘတ်ဂျက်)ကာလတွင် မင်းဘူး၊သရက်၊ ပခုက္ကူသုံးမြို့တွင် ရှစ်ခန်းတွဲ ခြောက် ထပ် အခန်းပေါင်း ၄၇ ခန်းပါ ဝန်ထမ်း အိမ်ရာသုံးလုံးတည်ဆောက်ပြီး အဆို ပါမြို့နယ်များရှိ ဝန်ထမ်းများအား မဲစနစ်ဖြင့်ချထားပေးကာ နေထိုင်ခွင့်ပြု ခဲ့ကြောင်း မကွေးမြို့နှင့်ဂန့်ဂေါမြို့တို့ တွင်ဆောက်လုပ်နေသည့် ရှစ်ခန်းတွဲ ခြောက်ထပ်အခန်းပေါင်း ၄၈ ခန်းပါ အဆောက်အအုံများပြီးစီးပါက ဝန်ထမ်း များကို အငှားစနစ်ဖြင့် ချထားပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းများ ငှားရမ်းခဈေးနှုန်း သက်သာစွာ နေထိုင်နိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာအလုံး ၆၀၊ အခန်း ပေါင်း ၁၀၄၉ ခန်းတည်ဆောက်ပေးနိုင် ခဲ့ပြီး အဆိုပါအဆောက်အအုံများတွင် ဝန်ထမ်းများကို အခန်းများချထားပေး ကာ ငှားရမ်းခအနေဖြင့် အရာထမ်း ဖြစ်ပါက လစာ၏ငါးရာခိုင်နှုန်း၊ အမှု ထမ်းဖြစ်ပါက လစာ၏သုံးရာခိုင်နှုန်း တို့ဖြင့် လစဉ်အခန်းခပေးဆောင်ရမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments