မန္တလေးတွင် အိမ်ခြံမြေအရောင်းအဝယ်အတွက် ယခုဘဏ္ဍာနှစ် ရာဖြတ်စံနှုန်း သတ်မှတ်ချက်များမှာ ယခင်နှစ်ထက် များပြားနေခြင်းကြောင့် ပြန်လည်လျှော့ချပေးရန် တိုင်းဒေသကြီး အိမ်ခြံမြေကိုယ်စားလှယ်များအသင်းနှင့် မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးရေးအသင်းတို့က တိုင်းအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်၌ တိုင်းအစိုးရက အောက်တိုဘာ ၂၃ ရက်တွင် အတည်ပြုပေးလိုက် သည့် ရာဖြတ်နှုန်းထားများမှာ တချို့မြို့နယ်၊ ရပ်ကွက်များ၌ ယခင်ထက် ၂၅ ရာခိုင်နှုန်း အထက် မြင့်တက်သွားသည့်အတွက် ယခုကဲ့သို့လျှော့ချပေးရန် တင်ပြခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးဦးဝဏ္ဏစိုးက ပြောသည်။
"အစိုးရအဖွဲ့ကို တင်ပြထားပေမယ့် အကြောင်းပြန်တာတော့ မရှိသေးဘူး။ ဒီနှစ်မှာ အိမ်ခြံမြေအရောင်းအဝယ် အခွန်နှုန်းထားသုံးရာခိုင်နှုန်းအထိ လျှော့ပေးလိုက်ပေမယ့် မန္တလေးအိမ်ခြံမြေရာဖြတ်နှုန်းထားက မနှစ်ကထက်မြင့်တော့ အရောင်းအဝယ်အပေါ် သက်ရောက်မှု အားနည်းသွားသလို အိမ်ခြံမြေအခွန်စည်းကြပ်မှုအပေါ်မှာလည်း အကျိုး ခံစားခွင့်နည်းသွားမယ်" ဟု ၎င်းကပြောသည်။
မန္တလေးမြို့တွင်းရှိ ပြည်ကြီးမျက်ရှင်ရပ်ကွက်မှ လမ်းပိုင်းတချို့တွင် ယခင်နှစ်က တစ်ဧကစံနှုန်း ကျပ်သိန်း ၁၈၀ဝ၀ ရှိခဲ့ရာမှ ယခုစံနှုန်းတွင် ကျပ်သိန်း ၃၀,ဝ၀ဝ ကျော် ရှိနေကြောင်း၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စုအခွန်အကောက်ဥပဒေအရ ကျပ်သိန်း၁၀ဝ၀ အထိကို အခွန်သုံးရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့သော်လည်း ရာဖြတ်နှုန်းထားမှာ ယခင်ထက် ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းကြောင့် အရောင်းအဝယ် သွက်လက်ခြင်းမရှိကြောင်း သိရသည်။
"ဒီနှစ် အိမ်ခြံမြေစံနှုန်းက မြင့်လာတာမဟုတ်ဘဲ ၂၀၁၇-၂၀-၁၈ အတိုင်း အတည်ပြု ခဲ့တာပါ။ အဲဒီတုန်းက ပေးဆောင်ရမယ့်အနည်းဆုံးအခွန်က ၁၅ ရာခိုင်နှုန်းဖြစ်လို့ အများ ပြည်သူ ပေးဆောင်နိုင်အောင် ၂၀၁၈-၂၀၁၉ မှာ စံနှုန်း၂၀ ရာခိုင်နှုန်းလျှော့ချပေးခဲ့တာပါ။ စံနှုန်းတွေရေးဆွဲခဲ့တာက မြေပြင်ကွင်းဆင်းစုံစမ်းပြီး ဖြစ်နိုင်ခြေကို အစိုးရအဖွဲ့ထံ တင်ပြ အတည်ပြုချက် ရယူရပါတယ်" ဟု မန္တလေးတိုင်း ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးမှူးက ပြောသည်။
ယခင်က အခွန်နှုန်းထားများမှာ ကျပ်သိန်း ၃၀ဝ အထိ ၁၅ ရာခိုင်နှုန်း၊ ယင်းအထက် ကျပ်သိန်း ၁၀ဝ၀ အထိ ၂၀ ရာခိုင်နှုန်း သတ်မှတ်ပေးဆောင်စေခဲ့ရာမှ ယခုနှစ် ပြည် ထောင်စု အခွန်အကောက်ဥပဒေတွင် ကျပ်သိန်း ၁,ဝ၀ဝ အထိ သုံးရာခိုင်နှုန်း၊ ယင်း အထက် သိန်း ၃,ဝ၀ဝ အထိ ငါးရာခိုင်နှုန်း စသဖြင့်လျှော့ချသတ်မှတ်ခဲ့ကြောင်း၊ မန္တလေး အိမ်ခြံမြေဈေးကွက်တွင် မဖြစ်မနေရောင်းချဝယ်ယူမှုများဖြင့် ကျပ်သိန်းရာဂဏန်းနှင့် သိန်း ၁,ဝ၀ဝ အောက် အိမ်ခြံမြေများသာ အရောင်းအဝယ်ရှိကြောင်း သိရသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments