မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံ့ဝန်ထမ်းများသက်သာစွာနေထိုင်နိုင်ရေး ဝန်ထမ်းအိမ်ရာ ၆၀ တည်ဆောက်ပေး

javascript

မကွေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ ဝန်ထမ်းများ တာဝန်ကျရာဒေသတွင် အိမ်နှင့် တိုက်ခန်းများ ငှားရမ်းနေထိုင်ရသည့် အခက် အခဲများ အဆင်ပြေစေရေးအတွက် ၂၀၁၉ ခုနှစ်အထိ ဝန်ထမ်းအိမ်ရာအလုံး ၆၀ တည် ဆောက်ကာ ဝန်ထမ်းအိမ်ရာအခန်း ပေါင်း ၁၀၄၉ ခန်းအား အငှားချထားပေးကြောင်း မကွေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသူရိမ်ထံမှ သိရသည်။

"နိုင်ငံတာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ ဝန်ထမ်းများ မိမိတို့ တာဝန်ကျရာ ဒေသများမှာ ဌာနမှ ဝန်ထမ်းအိမ်ရာ ဝန်ထမ်းလိုင်းခန်း မရ ရှိသဖြင့် အပြင်မှာ နေအိမ်၊ အိမ်ခန်းငှားရမ်းနေ ထိုင်ကြရပြီး အခက်အခဲဖြစ်နေတဲ့ ဝန်ထမ်းတွေ အတွက် ယခုလို ဝန်ထမ်းအိမ်ရာတွေဆောက် လုပ်ပေးနေတာ ဖြစ်ပါတယ်။ မကွေးတိုင်းဒေသ ကြီးအတွင်း ၁၉၅၆-၁၉၅၇ ဘဏ္ဍာနှစ်မှစတင်ပြီး ၂၀၁၉ ခုနှစ်အထိ ဝန်ထမ်းအိမ်ရာ အလုံး ၆၀၊ အခန်းပေါင်း ၁၀၄၉ ခန်း တည်ဆောက် ပေးခဲ့တယ်" ဟု ညွှန်ကြားရေးမှူး ဦးသူရိမ်က ပြောသည်။

ဝန်ထမ်းအိမ်ရာများကို မကွေးမြို့တွင် ၅၃ လုံး အခန်းပေါင်း ၇၂၂ ခန်း၊ ရေနံချောင်း မြို့တွင် ဝန်ထမ်းအိမ်ရာတစ်လုံး အခန်း ၄၆ ခန်း၊ ချောက်မြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၆ ခန်း၊ တောင်တွင်းကြီးမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၆ ခန်း၊ မင်းဘူးမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၇ ခန်း၊ သရက်မြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၇ ခန်း၊ ပခုက္ကူမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ပေါင်း ၄၇ ခန်း၊ ဂန့်ဂေါမြို့တွင် ဝန်ထမ်းအိမ်ရာ တစ်လုံး အခန်း ၄၈ ခန်းတည်ဆောက်ပေးခဲ့ကြောင်း ၎င်း က ရှင်းလင်းပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောက်လုပ်နေသည့် မကွေးမြို့နှင့် ဂန့်ဂေါမြို့တို့တွင် ဆောက်လုပ်ဆဲ ဝန်ထမ်းအိမ်ရာနှစ်လုံးသည် အခန်းပေါင်း ၄၈ ခန်းပါဝင်ကာ အခန်းတစ်ခန်းလျှင် ၆၅၈ စတုရန်းပေ ကျယ်ဝန်းကြောင်း သိရသည်။

ဝန်ထမ်းအိမ်ရာတိုက်ခန်းများကို နိုင်ငံ ဝန်ထမ်းများ သက်သာချောင်ချိစွာ နေထိုင်နိုင် ရေးအတွက် တည်ဆောက်ပေးထားပြီး အဆိုပါ အဆောက်အအုံများတွင် ဝန်ထမ်းများကို ငှားရမ်းနေထိုင်စေကာ အရာထမ်းဖြစ်ပါက လစာ၏ ငါးရာခိုင်နှုန်း၊ အမှုထမ်းဖြစ်ပါက လစာ၏ သုံးရာခိုင်နှုန်းတို့ဖြင့် လစဉ်အခန်းခ ပေးဆောင်ရမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

Source : Myanmar Time
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။

Facebook comments