ကုန်းတလပေါင်
စံပြကျေးရွာဘက်တွင် မြေကွက်အရောင်းအ၀ယ်များ ကြိုကြားဖြစ်လျက်ရှိပြီးသိန်း ၇၀ နှင့်
၁၂၀ ပတ်ဝန်းကျင်အကွက်များ စိတ်ဝင်စားလေ့လာသူများပြားကြောင်း ကျွန်တော်တို့
Property.com.mm သတင်းမီဒီယာ အဖွဲ့၏ သွားရောက်လေ့လာစုံစမ်းချက်များအရသိရှိရပါသည်။
ကုန်းတလပေါင်ကျေးရွာနှင့်
ပတ်ဝန်းကျင်တွင်လည်း နေရာပတ်ဝန်းကျင်ကောင်းမွန်ခြင်း၊အမှတ် ( ၃ ) လမ်းမကြီးနှင့် မနီးမဝေးတွင်တည်ရှိသည့်အတွက်လမ်းပန်းဆက်သွယ်ရေးအသင့်အတင့်ကောင်းမွန်ခြင်းများကြောင့်
အိမ်ခြံမြေဈေးကွက်အတွင်း လတ်တလောစိတ်ဝင်တစား လေ့လာကြည့်ရှုမှု များသော နေရာတစ်ခု ဖြစ်ကြောင်း
ဒေသခံတစ်ဦးဖြစ်သူ ဦးသိန်းထိုက်မှ ပြောကြားသည်။ကုန်းတလပေါင် ပတ်ဝန်းကျင် ဈေးကွက် အခြေအနေများအား
ဒေသခံ အကျိုးဆောင်တစ်ဦးဖြစ်သူ ကိုဝင်းဇော်ဦးအား မေးမြန်းရာတွင်
“ခုအနေအထားမှာနေ့စဉ်တော့
လာကြည့်တဲ့ ပွဲစားတွေရောကိုယ်တိုင်လာကြည့်တဲ့ လူတွေပါ ရှိပါတယ်သိန်း ၇၀ နဲ့ သိန်း ၁၀၀၊
၁၂၀ ပတ်ဝန်းကျင်လေးတွေ မေးမြန်းကြတာများတယ် ခေါ်ဈေးတွေကတော့ 10’x40’ ဆိုရင် နေရာနဲ့လမ်းပေါ်မူတည်ပြီးသိန်း
၇၀ ကနေ ၁၂၀ ကြားရှိတယ် အဖြစ်များတာတော့ သိန်း ၈၀/ ၉၀ လောက်နဲ့ရောင်းထွက်တာတွေ့ရပါတယ်
ဒီလိုပဲ 15’x40’ ဆိုရင်လည်းသိန်း ၉၀ လောက်ကနေ ၁၂၀ အထက် ၀န်းကျင်ပေါ့ လမ်းသာတဲ့ဘက်တွေ
ပေ 40’x60’ အကွက်တွေဆိုရင် သိန်း ၂၀၀ ကနေ ၃၀၀ ၀န်းကျင်ထိ ဈေးအခေါ်ရှိပါတယ် တချို့လည်းအိမ်လေးတွေ
အခိုင်အခံ့ သပ်သပ်ရပ်ရပ် ဆောက်နေထားကြတာဆိုတော့ အိမ် အပါအ၀င် နေရာသန့်တဲ့ အကွက်တွေဆိုဈေးပိုခေါ်တာပေါ့
တချို့လည်း ၀ယ်ထားကြပြီး ပျဉ်ထောင်လေးဆောက် ငှားစားကြတာတွေများကြပါတယ် အရပ်စာချုပ်နဲ့ပဲသွားကြပါတယ်
အ၀ယ်အတွက် သတိထားရမှာက မူလအကွက်ပိုင်ရှင်မဟုတ်ပဲအငှားနေတဲ့သူတွေနဲ့ တချို့ကြားပွဲစားတွေ
ပေါင်းပြီး မဟုတ်တာ မဖြစ်အောင်ပဲ သတိထားရမယ်စီမံကိန်းဧရိယာတွေ အစိုးရမြေ၊ ပုဂ္ဂလိကကုမ္ပဏီပိုင်မြေတွေနဲ့
အရှုပ်အရှင်းသိပ်မရှိပါဘူး ကျွန်တော်တို့ အရောင်းအ၀ယ် အကျိုးဆောင်ပေးနေတာတော့ သုံးနှစ်လောက်
ရှိပါပြီ တချို့လည်း အိမ်ကောင်းတွေ အခိုင်အခံဆောက်နေကြတာပဲအစိုးရသစ် အပြောင်းအလဲနောက်ပိုင်းမှာဆိုရင်
ပိုပြီး စိတ်ချရတဲ့ အခြေအနေ ဖြစ်လာရင် ဈေးကွက်ပိုကောင်းမွန်လာမယ်လို့ ထင်ပါတယ်” ဟု
အကျိုးဆောင် ကိုဝင်းဇော်ဦး မှ Property.com.mm သို့ပြောကြားသည်။
ဇန်န၀ါရီလအတွင်းက
မင်္ဂလာဒုံပျဉ်းမပင်စက်မှုဇုန်အနီး ကျူးကျော်အိမ်များအဖျက်ခံမှုများကြောင့် နောက်ပိုင်းမှ
ပြောင်းရွှေ့အခြေချနေထိုင်လာသူဒေသခံအချို့၏စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ကြောင်းသိရသည်။
ကုန်းတလပေါင် ပတ်ဝန်းကျင် ယခုလတ်တလောအခြေအနေများအရဈေးကွက်အနေအထား လူစိတ်ဝင်စားမှု သင့်တင့်
ကောင်းမွန် ပြီးငွေကြေးအတန်အသင့် စုဆောင်းထားသူများအနေဖြင့် မြို့တွင်း၌ အိမ်ခန်းအငှားအတွက်
စရိတ်စက ကြီးမြင့်မှု ကြောင့် ဖြစ်စေ၊ ငွေပိုရှိသူများကလည်းမြေအရင်းအနှီးဖြင့် ငွေမြုပ်
နှံထားလိုသည့်မြေကွက် ရှာဖွေသူများမှ ရန်ကုန်မြို့စွန် မြို့နယ်များအတွင်းဈေးနှုန်းသင့်တင့်သည့်
မြေကွက်များကိုယခုနောက်ပိုင်းတွင် စုံစမ်းလေ့လာမှုများ ရှိလာခဲ့ရာကုန်းတလပေါင် ပတ်ဝန်းကျင်၌ပါ
စုံစမ်းရှာဖွေ ၀ယ်ယူမှုများ ရှိနေပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။
Property
Media Team
www.Property.com.mm