ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ အများဆုံးလာရောက်သည့်နေရာ ဖြစ်သဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ ဝန်ဆောင်မှုများကို ပြောင်း လဲဆောင်ရွက်လာရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ အချို့ဝန်ဆောင်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများရှိနေပြီး အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် ကိစ္စများ တွင် လျင်မြန်လွယ်ကူလာစေရန် ဝန်ဆောင်မှု ဆိုင်ရာ အပြောင်းအလဲများကို စတင်ဆောင် ရွက်လာခြင်းဖြစ်သည်။
"YCDC ရဲ့စနစ်တွေ ပြောင်းလဲလာမှုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရာ မှာ အလွန်ကို အထောက်အကူဖြစ်စေပါတယ်၊YCDC ရဲ့စနစ်တွေကို ပြည်သူတွေ သုံးစွဲလို့အဆင်ပြေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူ တွေကလည်း လုပ်ငန်းလုပ်ကိုင်ရာမှာ အဆင်ပြေစေမှာ ဖြစ်ပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ YCDC မှ ကောက်ခံနေသော အခွန်အခများကို YCB Payment Gateway အသုံးပြု၍ AYA Bank, KBZ Pay, CB Pay တို့ဖြင့် ပေးဆောင်နိုင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် အဆိုပါဘဏ်များကြား ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ အောက်တိုဘာ ၁ ရက်မှစတင်ပြီး အခွန်များကိုMobile Payment စနစ်ဖြင့် စတင်ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်း ရေးမ·း ဒေါ်လှိုင်မော်ဦးက ပြောသည်။
"အခွန်ဆောင်ချင်ပေမဲ့ အလုပ်မအားတဲ့ အခါ၊ ပေးဆောင်ရမယ့် အခွန်ပမာဏထက် ဘဏ်ကိုသွားရတဲ့ အချိန်၊ ငွေကုန်ကျတာတွေက ပိုများနေတဲ့အခါ အခွန်ဆောင်ချင်ပေမဲ့ မဆောင်ဖြစ်ကြတာတွေ ရှိလာပါတယ်။ဒါကြောင့် အခွန်အခ၊ ဝန်ဆောင်ခတွေကို online ကနေတစ်ဆင့် ပြည်သူတွေ အလွယ်တကူ ပေးသွင်းနိုင်ဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။
မကြာသေးခင်က ဆောက်လုပ်ခွင့်ပါမစ်တင်ရာတွင် အွန်လိုင်းစနစ်ဖြင့် လျှောက်လွှာတင်နိုင်သည့် စနစ်တစ်ခုကို စတင်မိတ်ဆက်ခဲ့ပြီး နောက်ပိုင်းတွင်လည်း စည်ပင်မှဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်သည့် စနစ်များဖြင့် ပြောင်းလဲဝန်ဆောင်မှုပေးရန် ကြိုးစားသွားမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဆိုသည်။
ပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုများပေးဆောင်နိုင်မည့်Single window စနစ်ကို ယခုနှစ်ကုန်တွင် ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဦးဖြိုးမင်းသိန်းက ပြောသည်။
လက်ရှိတွင်YCDC မှ အခွန်အခများကောက်ခံရာတွင် ဝန်ထမ်းများက အိမ်တိုင်ရာရောက် ကောက်ခံသည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။
"အရင်က ပြေစာတွေကို ရုံးချိန်အတွင်းပဲလိုက်ပေးပြီး ငွေကိုလည်း ရုံးချိန်ပဲ လိုက်ကောက်ရတော့ အလုပ်သွားနေတဲ့သူတွေ အတွက် အဆင်မပြေဖြစ်ရတယ်။ ဌာနမှာလည်း အခွန်တွေ ရသင့်သလောက်မရဘူး၊ အခုတော့ ပေးရမယ့်အခွန်ငွေကို လွယ်လွယ်ကူကူနဲ့ ပေးဆောင်နိုင်တော့မှာဖြစ်ပါတယ်"ဟု ဦးမောင်မောင်စိုးက ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ပြည်သူများ ပေးဆောင်နေရသည့် မြေခွန်၊ ပစ္စည်းခွန်၊ အထွေထွေအခွန်၊ အမှိုက်ခွန်အပါအဝင် ကိုယ်ပိုင်စီးပွားရေးနှင့် ဆေးရုံများက ထွက်သည့် အမှိုက်နှင့် အညစ်အကြေးခွန်များကို စတင်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏Head of Agent Banking ဦးစိုးကိုကိုက ပြောသည်။
Mobile Payment စနစ်ဖြင့် အခွန်ပေးဆောင်သူများသည်Mobile Banking အက်ပလီကေးရှင်းများဖြင့် အခွန်ပြေစာတွင် ပါရှိသည့်QR Code မှတစ်ဆင့် ယခင်ပေးဆောင်ထားသည့် အခွန်များကို စစ်ဆေးနိုင်မည့်အပြင် လစဉ်ပေးဆောင်ရမည့် အခွန်များကိုလည်း ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည်။ ယခုအခါAYA, KBZ, CB စသည့် ဘဏ်သုံးခု၊နောင်တွင် အစိုးရဌာနဆိုင်ရာများ၊ အခြားဘဏ်များ၊ ဈေးများ၊ စတိုးဆိုင်များနှင့်လည်းချိတ်ဆက်ဆောင်ရွက်သွားနိုင်ရန် ဆောင်ရွက် နေကြောင်းလည်း မြို့တော်ဝန်က ဆိုသည်။
အခွန်အခများ ပြည့်ဝစွာရရှိလာခြင်းဖြင့် မြို့ပြဝန်ဆောင်မှုများကို ပိုမိုတိုးချဲ့ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကာ ဝန်ဆောင်မှုများအဖြစ် အမှိုက်သိမ်းယာဉ်များတွင်GPS များတပ်ဆင်ခြင်း၊ စွန့်ပစ်ပစ္စည်းမှ ထုတ်လုပ်သော စွမ်းအင်စက်ရုံများ တည်ဆောက်ခြင်း၊အမှိုက်ပုံးများ၊ အမှိုက်ကန်များ၊ အများသုံးသန့်စင်ခန်းများကို နေရာတိုင်းတွင် ထားရှိပေးခြင်း စသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးလာနိုင်မည်ဖြစ်ကြောင်း ဒေါ်လှိုင်မော်ဦးက ဆိုသည်။
Source : Myanmar Time
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments