ရန်ကုန်မြို့တွင် အဆောက်အအုံဆောက် လုပ်ခွင့်ပါမစ်အား အွန်လိုင်းမှလျှောက်ထား နိုင်မည့်စနစ်သို့ ပြောင်းလဲမည်ဖြစ်ပြီး ယခင် လိုညှိနှိုင်း၍မရတော့ဘဲ ဥပဒေအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြော ဆိုသည်။
သြဂုတ် ၉ ရက်က ရန်ကုန်မြို့တော်ခန်းမ၌ ပြုလုပ်သည့် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း( IFC) တို့ပူးပေါင်း ဆောင်ရွက်သည့် Automation System ဖြစ်ပြီး စနစ်ပြောင်းလဲဆောင်ရွက်ရန် မိတ်ဆက် သည့်အခမ်းအနားတွင် ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ညှိနှိုင်းလို့မရတော့
"ကျွန်တော်တို့ ဝယ်ယူထားတဲ့မြေနေရာ တွေမှာ အဆောက်အအုံတွေဆောက်လုပ်တဲ့ နေရာတိုင်းမှာ ကိုယ်ဖြစ်ချင်တဲ့ပုံသဏ္ဌာန်ဖြစ် နိုင်ဖို့အတွက် မြို့တော်စည်ပင်သာယာရေး ဥပဒေတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြင်လွယ် ပြောင်းလွယ်ဖြစ်အောင် ညှိနှိုင်းဆောင်ရွက်နေ ရတာ အဆိုးဆုံးဖြစ်ပါတယ်။ အခုတော့ ပြုပြင် ပြောင်းလဲမှုတစ်ရပ်ကိုဖန်တီးဖို့ ကမ္ဘာ့ဘဏ် နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့အကူအညီနဲ့ အွန်လိုင်းကနေ ဆောက်လုပ်ခွင့်ဆောင်ရွက် နိုင်ပြီဆိုတာ ဒါဝမ်းသာစရာကောင်းတဲ့အခြေ အနေပဲ။ ဒါကြောင့် လူပုဂ္ဂိုလ်ချင်းတွေ့စရာမလိုတော့ပါဘူး။ ညှိနှိုင်းလို့လည်းမရပါဘူး။ ဥပဒေအတိုင်း ဆောင်ရွက်ကြဖို့ပဲဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော ဆိုသည်။
စိစစ်
ထို့အပြင် အဆောက်အအုံဆောက်လုပ်ခွင့် ပါမစ်ကျပြီးနောက်ပိုင်းတွင်လည်း အဆောက် အအုံများ ဆောက်လုပ်နေမှုကို စိစစ်ခြင်း၊ ပြီးစီးမှုအခြေအနေနှင့် လူနေထိုင်ခွင့်ရနိုင် သည့်အခြေအနေအထိ ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
အခြားမြို့များအတွက်ပါရည်ရွယ်
အဆိုပါစနစ်သည် ရန်ကုန်တိုင်းဒေသကြီး တွင် ပထမဆုံးပြုလုပ်မည်ဖြစ်သော်လည်း အခြားမြို့များ၌ပါ အသုံးပြုနိုင်ရန်ရည်ရွယ်ပြီး ဆောင်ရွက်နေသည့် အစီအမံဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောဆို သည်။
"ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်မတို့ တွေ စာရွက်စာတမ်းတွေကို သုံးစွဲစရာမလိုဘဲ နဲ့ လူတွေနဲ့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ဒီဆောင်ရွက်မှုဟာ ရန်ကုန်အတွက်ပါမက မြန်မာနိုင်ငံအတွက်ပါ ပထမဦးဆုံး ကြေးနန်း တစ်ခုအနေနဲ့ အခြားမြို့တွေမှာပါဆောင်ရွက် သွားဖို့ အစီအမံပဲဖြစ်ပါတယ်။ ကိုယ်တည် ဆောက်မယ့်အဆောက်အအုံကို ဘယ်လိုအခြေ အနေမျိုးနဲ့ တည်ဆောက်လို့ရမလဲ။ ကိုယ်တည် ဆောက်မယ့်နေရာမှာ ဘယ်လိုအဆောက်အအုံ မျိုး၊ ဘယ်လိုစက်မျိုးဆောင်ရွက်လို့ရမလဲဆို တာ သိရှိရမှာဖြစ်ပါတယ်။ လျှောက်လွှာတင် တဲ့အပိုင်းတွေ၊ စိစစ်မှုယူတဲ့အပိုင်းတွေ နောက် ဆုံး လူနေထိုင်ခွင့်ပါမစ် (BCC) ထွက်တဲ့ အထိ အကုန်လုံးအွန်လိုင်းဆောင်ရွက်တဲ့ အစီအစဉ်ဖြစ်ပါတယ်"ဟု ၎င်းက ပြောဆို သည်။
မိုဘိုင်းလ်ဘဏ်စနစ်ဖြင့်
အဆိုပါစနစ်တွင် ငွေပေးသွင်းမှုအပိုင်းကို Online Payment System အဖြစ် မိုဘိုင်းလ် ဘဏ်စနစ်ဖြင့်ချိတ်ဆက်ပြီး ဖုန်းမှတစ်ဆင့် ပေးသွင်းနိုင်ရေးစီစဉ်လျက်ရှိကာ လုပ်ဆောင်မှု အဆင့်အဆင့်ကို ပြည်သူထံချပြမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
Source : Myanmar Time
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments