မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ပြန်လည်လွှဲအပ်ထားသည့် ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားကွင်းကို ရန်ကုန်တိုင်းအစိုးရက ပြန်လည်အဆင့်မြှင့်တင်ရန် ညှိနှိုင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
၎င်းက ဇွန် ၂၂ ရက်နေ့က ရန်ကုန်မြို့၊ အထက်ပန်းဆိုးတန်းလမ်းနှင့် မြန်မာ့ဂုဏ်ရည်လမ်းထောင့်ရှိ (Gonyi Shophouses) စီမံကိန်းပိုင်တိုင် စိုက်ထူခြင်းအခမ်းအနားတွင် ပြောကြားခဲ့ဖြစ်သည်။
“အောင်ဆန်းကွင်းဟာ တစ်ချိန်တုန်းက ဘောလုံးအဖွဲ့ချုပ်ကနေ ရယူထားတာဖြစ်ပါတယ်၊ ဒါပေမယ့် ဒီအဆောက်အဦးကို ပြုပြင်ထိန်းသိမ်းနိုင်မှု သိပ်မရှိခဲ့ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဆောက်အဦးရဲ့ ဆိုင်ခန်းတွေကို ဌားရမ်းထားတဲ့နှုန်းထားဟာ အလွန်အင်မတန်ကို နည်းပြီးတော့ အဆောက်အဦးကနေ ရတဲ့ငွေကြေးနဲ့ ဒီဘောလုံးကွင်းကြီးကို မထိန်းသိမ်း မစောင့်ရှောက်နိုင်ပါဘူး။ အောင်ဆန်းကွင်းကြီးကို ပြန်လည်အဆင့်မြှင့်တင်ဖို့ လုပ်ထုံးလုပ်နည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အောင်ဆန်းကွင်းဘောလုံးကွင်းကြီးကို မကြာခင် ပြန်အဆင့်မြှင့်တင်ရန် တိုင်းအစိုးရအဖွဲ့နှင့် ဆွေးနွေးလျက်ရှိပြီး မကြာခင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။
အောင်ဆန်းကွင်းမြေနေရာတစ်ဝိုက်မှာ မကြာခင် ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် နေရာတစ်ခုဖြစ်ကြောင်းနှင့် ယင်းမြေကွက်ရှေ့ရှိ မြေဧက ၆၄ ဧကမှာလည်း ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးပရောဂျက်ဖြစ်ကာ တင်ဒါခေါ်ယူပြီးဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ သိရသည်။
Source : The Voice
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments