ချင်းပြည်နယ် တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စက်မှုဇုန် ကဏ္ဍ၌ လာ ရောက်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်လျက်ရှိပြီး အကြိုဆန်းစစ်လေ့လာ မှုများလုပ်ဆောင်နိုင်ရန် မြေပြင်ကွင်း ဆင်းလေ့လာရေးအဖွဲ့များဖွဲ့စည်း ထားရှိပြီးဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
စက်မှုဇုန် အားဦးစွာ ပလက်ဝ မြို့နယ်၌ စတင်ဖော်ဆောင်မည် ဖြစ်ပြီး ယင်းသို့ဖော်ဆောင်နိုင်ရန် ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးအား မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ဖွဲ့စည်း၍ Feasibility Study များ ပြုလုပ် လျက်ရှိနေကြောင်း အကြိုလေ့လာ ဆန်းစစ်မှုများ စတင်ဆောင်ရွက်နေ ပြီး မြေပြင်ကွင်းဆင်းလေ့လာရေးအဖွဲ့၏အစီရင်ခံစာအပေါ် ချင်းပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မေ ၃ဝ ရက်နေ့တွင်ကျင်းပသည့် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက် နေ့၌ ချင်းပြည်နယ်မဲဆန္ဒနယ် (၁၁) မှ ဦးဝှေ့တင်း မေးမြန်းသည့် ပလက်ဝ မြို့နယ်၌ အသေးစား SME လုပ်ငန်းစုများပါဝင်သည့် စက်မှုဇုန်တစ်ခုအကောင်အထည်ဖော်ထူထောင် ပေးရန် အစီအစဉ် ရှိ၊ မရှိမေးမြန်းမှု ကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးခင်မောင်ချို၏ဖြေကြားမှုအရ သိရသည်။
'' လက်ရှိမှာဆိုရင် ဟားခါး၊ ဖလမ်း၊ ခိုင်ကမ်း၊ ပလက်ဝမြို့ပြ စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံလိုသူနဲ့ Developer တွေကိုဖိတ်ခေါ်ပြီး တော့ လူနေအိမ်ရာဆောက်လုပ် ခြင်း၊ ဟိုတယ်ဆောက်လုပ်သူတွေအတွက် မြေနေရာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ မြေနေရာချထား ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒါကြောင့် စက်မှုဇုန်မှာရင်းနှီးမြှုပ်နှံကြဖို့ဖိတ်ခေါ်ပါတယ် '' ဟု ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုး ထက်ကပြောသည်။
ချင်းပြည်နယ် တွင် ထင်ရှားသည့် ခေါ်နူးစုမ်(ခ) ဝိတိုရိယ တောင်၊ ကနေဒီတောင်၊ ကီမို(ခ) ကျောက်ပန်းတောင်၊ ကျီးရန်း တောင်စသည့် တောတောင်များ၊ချောင်းမြောင်းများပေါများသည့်အတွက် သဘာဝဘေးမဲ့ ဥယျာဉ်များနှင့် လှပသည့်တောတောင်များ ကြောင့် ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်လည်းကောင်း၊ ယင်းအပြင် ချင်းပြည်နယ်ထွက် ဝဥကို တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ အဓိကဝယ်ယူနေပြီး အခြားနိုင်ငံများမှလည်း ဝယ်ယူရန် စိတ်ဝင်စားလျက်ရှိကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းတို့တွင် ရင်းနှီး မြှုပ်နှံရန်လည်း ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
Source : Yangon Media Group
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments