တိုက်ကြီးမြို့ အရှေ့ဘက် ၇ မိုင်အကွာ ရှိ မလေးရှားဝိုင်ကျေးရွာတွင် နိုင်ငံရေး အကျဉ်းသားများ နားခိုနိုင်သည့်အဆောက် အအုံများကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း နိုင်/ကျဉ်းတို့ နားခိုရာအဆောက် အအုံဖြစ်မြောက်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးသက်ဦးက ပြောကြားသည်။
နိုဝင်ဘာလ ၁၅ ရက်က အိမ်ရာစီမံကိန်းအတွက် မြေ ၃ ဧကတွင် ပန္နက်ရိုက်အခမ်းအနားပြုလုပ်ခဲ့ပြီး ပထမဦးဆုံး အဖြစ် အလျားပေ ၇၀၊ အနံ ၂၅ ပေရှိ ရှင်းလင်းဆောင်ကို စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊ ယင်းနောက် ၆ ခန်းတွဲ ၂ထပ် နားခိုဆောင်အလုံး ၇၀ ကို ဆောက် လုပ်ရန်စီစဉ်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နိုင်/ကျဉ်းတို့ နားခိုရာဆိုသည့်ခေါင်း စဉ်နှင့်အညီ နိုင်/ကျဉ်းထဲက မည်သူမဆို မွန်းကျပ်မှုကြောင့်ဖြစ်စေ၊ ခေတ္တခဏ တည်းခိုရန် ဖြစ်စေ၊ ထာဝရနေရန်အတွက် ဖြစ်စေ လက်ခံသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးကာလပြီးလျှင် နိုင်/ကျဉ်း မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင်ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်/ကျဉ်းတို့ နားခိုရာ အဆောက်အအုံဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နိုဝင်ဘာလ ၁၅ ရက်ကကျင်းပသည့် အိမ်ရာစီမံကိန်းပန္နက်ရိုက်အခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့ တက်ရောက်ခဲ့သည်။
အဆိုပါ ဝန်ကြီးချုပ်သုံးဦးနှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်တို့က ယင်းနေရာအတွက် ဝန်ကြီးချုပ် တစ်ဦးလျှင် ကျပ် ၁၀ သိန်းစီလှူဒါန်းခဲ့သည်။
၎င်းတို့သည် နိုင်/ကျဉ်းတို့ နားခိုရာ အိမ်ရာဖြစ်မြောက်ရေး နာယကအဖြစ်လည်း တာဝန်ယူထားသည်။
Source : The Voice
Property.com.mm သည် မြန်မာနိုင်ငံ၏ အကောင်းဆုံးသော အိမ်ခြံမြေ ဝဘ်ဆိုက်တစ်ခုဖြစ်၍ နေ့စဉ် update ဖြစ်သော သတင်းများကို ဖော်ပြပေးလျှက်ရှိပါသည်။လူကြီးမင်းတို့အနေဖြင့် နေ့စဉ်သတင်းများကို Mobile Phone လွယ်ကူစွာ ဖတ်ရှုနိုင်ရန် Play Store မှ www.property.com.mm application အား Download ရယူနိုင်ပါသည်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments