ရန်ကုန်မြို့ရဲ့ အသက်သွေးကြောလို အရေးပါတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်ကို ယခုနှစ် ဇွန် ၂၈ ရက် တိုင်းဒေသ ဝန်ကြီးချုပ် ကိုယ်တိုင် လက်မှတ်ရေးထိုး အတည်ပြု ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။
ဒီဥပဒေကို ၂၀၁၃ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ထွက်ရှိပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ်မှာ စင်ကာပူနိုင်ငံ ဥပဒေနဲ့ ယခင် ၁၉၂၂ စည်ပင်ဥပဒေကို အခြေခံကာ ခြောက်လကြာ အချိန်ယူပြီး အသစ်ပြန်လည်ရေးဆွဲခဲ့တာဖြစ်ပါသည်။ ဥပဒေကြမ်းကိုတော့ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက တိုင်းဒေသကြီး လွှတ်တော်ကို တင်သွင်းခဲ့ပါသည်။
လက်ရှိမှာတော့ ဥပဒေအတည်ပြုပြီးတာ ရက်ပေါင်း ၉၀ ကြာမြင့်ပြီးချိန် အောက်တိုဘာ ၁ ရက်ကစပြီး ဥပဒေပါ အချက်အလက်တွေကို စတင်ကျင့်သုံးနေပေမဲ့ ကော်မတီဝင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ နည်းဥပဒေကိုတော့ သီးခြားမထုတ်ပြန်နိုင်သေးပါဘူး။
ဥပဒေမပြဌာန်းမှီ ဥပဒေကြမ်းအဆင့်ကတည်းက စည်ပင်လုပ်ငန်းတွေနဲ့ သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးက ကျွမ်းကျင်သူတွေ ကန့်ကွတ်ခဲ့ကျတဲ့ အချက်များစွာရှိပါသည်။
အသစ်ရေးဆွဲတင်ပြတဲ့ ဥပဒေလို့ ဆိုပေမဲ့ ဒီဥပဒေ အသစ်မှာ ပြဌာန်းချက်အသစ်ရယ်လို့ ဥပဒေ အခန်း၆ မှာ ပြဌာန်းထားတဲ့ အာဏာပိုင်အဖွဲ့ခုနစ်ဖွဲ့ ဖွဲ့စည်းခြင်းဖြင့် စီးပွားရေးလုပ်ပိုင်ခွင့်တွေအတွက် အဖွဲ့တွေဖွဲ့ပြီး ဆောင်ရွက်ထားတဲ့ အချက်ဖြစ်ပါသည်။
ကျန်တဲ့ ဥပဒေ ပုဒ်မတွေနဲ့ အချက်အလက်အများစုဟာ အရင်က ပြဌာန်းခဲ့ပြီးသား ဥပဒေ အဟောင်းတွေနဲ့ နည်းဥပဒေအဟောင်းတွေက အချက်တွေကိုပဲ ပြန်လည်ထည့်သွင်း ဖော်ပြထားတာ တွေ့ရတယ်လို့ ဥပဒေ ပညာရှင်အချို့က ထောက်ပြကျပါသည်။
အခုရေးဆွဲတင်ပြတဲ့ စည်ပင်ဥပဒေဟာ သိပ်ကောင်းနေခဲ့ရင် နောင်အစိုးရအဆက်ဆက်လည်း ဆက်လက်ကျင့်သုံးခဲ့သော ပြည်သူလူထုအတွက်လည်းေ ကာင်းမွန်တဲ့ ဥပဒေတစ်ခု ဖြစ်လာနိုင်ကြောင်း ဥပဒေမကောင်းခဲ့ရင် ပြင်ဆင်ရေးဆွဲနေရင်းကနေ ပြည်သူလူထုအတွက်လည်း ကောင်းမွန်တဲ့ ဥပဒေ တစ်ခုဖြစ်လာနိုင်ကြောင်း သပဒေကမကောင်းခဲ့ရင် ပြင်ဆင်ရေးဆွဲနေရင်းကဘဲ ပြည်သူတွက် အကျိုးစီးပွားထိခိုက်မှုတွေရှိလာမယ်လို လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုကြပါတယ်။
ဥပဒေ အသစ်ရဲ့ ပိုကောင်းလာတဲ့ အချက်တွေကတော့ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ရှိတဲ့ အချက်ပဲဖြစ်ပါတယ်။ကော်မတီဝင်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူတွေဟာ အရင်ဥပဒေတုန်းက အသက်ကန့်သတ်ချက် မြင့်ပေမဲ့ အလုတင်သွင်းတဲ့ ဥပဒေသစ်မှာတော့ အသက် ၂၅ ပြည့်သူတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပေးထားတဲ့အတွက် ပိုကောင်းလာမည့် ဥပဒေ ပညာရှင် တစ်ချို့က သုံးသပ်ကြပါတယ်။
အားနည်းချက်တစ်ခုကတော့ အသက်ကန့်သတ်ချက်ကို လျော့ချပေးလိုက်ပေမဲ့ တစ်ဖက်မှာ ပညာအရည်အချင်းကိုပါ ကန့်သတ်မထားလို့ တကယ်စီမံ ခန့်ခွဲရေးတွေမှာ ပညာအရေအချင်းတွေက အထိုက်အလျောက်လိုအပ်လာတဲ့အတွက် ဒါကိုစံနှုန်းတစ်ခုအနေနှင့် ထောက်ပြသင့်တယ်လို့လည်း ထောက်ပြသူတွေရှိပါတယ်။
ရန်ကုန်စည်ပင်သာယာရေး ဥပဒေကို အတည်ပြုလိုက်ပြီးတဲ့နောက် စည်ပင်သာယာရေးကော်မတီရွေးကောက်ပွဲတွေကို အခု ဒီဇင်ဘာလအတွင်းမှာ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် သာယာရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။
စည်ပင်သာယာရေး ဥပဒေအရ ရွေးကောက်ခံမဲ့ ကိုယ်စားလှတွေက သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ သုံးနှစ်ဆက်တိုက် အခြေချနေထိုင်ခဲ့သူဖြစ်ဖို့ လိုအပ်ပြီး မြန်မာနိုင်ငံက မိဘနှစ်ပါးက မွေးဖွားပြီး အသက် ၂၅ နှစ်ပြည့်ပြီးဖြစ်တဲ့ နိုင်ငံသားတိုင်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
About Property.com.mm |
---|
About Us |
Contact Us |
Terms and Conditions |
Privacy Policy |
Facebook comments